စိမ်းမြရောင်မျက်လုံးများကြောင့် သက်ရှိအရုပ်လေးလို့ ချစ်စနိုးနာမည်နဲ့အခေါ်ခံရတဲ့ ကလေးငယ်

လတ်တလောမှာတော့ လူမှုကွန်ယက်ပေါ်မှာ အပြာရောင်မျက်လုံးနဲ့ အရုပ်ကလေးတစ်ရုပ်လို ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ဟာ ရေပန်းစားလာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ၊ ဒီကောင်လေးရဲ့ မျက်တောင်က ကော့ပြီး မျက်လုံးဝိုင်းဝိုင်းကြီးတွေ ရှိပါတယ်။ ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး လူတိုင်းက သဘောကျနေကြတာပါ။

နောက်ပိုင်းမှာ ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးမွေးဖို့အတွက် အမျိုးသမီးတော်တော်များများက ဆုတောင်းနေကြပါတယ်။ ဒီကလေးဟာဆိုရင် Ali လို့ အမည်ရပါတယ်။ သူမွေးတဲ့နေ့ကစပြီး Ali ရဲ့ ပုံရိပ်တွေဟာ အင်တာနက်အသုံးပြုသူတွေရဲ့ နှလုံးသားကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့ပါတယ်။ သားဖြစ်သူရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို တင်ဖို့ ရည်ရွယ်ထားတဲ့ TikTok ချန်နယ်ကိုလည်း ကောင်လေးရဲ့မိခင်က တည်ထောင်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဒီကောင်လေးရဲ့ TikTok ချန်နယ်ဟာ Follower 345,000 နဲ့ Like 5.9 သန်းရှိခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးရဲ့ပုံတွေ လူမှုကွန်ယက်မှာ ပြန့်နှံ့သွားပြီးနောက် ချက်ချင်းဆိုသလိုပဲ အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ ထိုကောင်လေးကို လူတိုင်းက “သက်ရှိအရုပ်” ဆိုပြီး ချစ်စဖွယ်အမည်ပြောင်များ ဆက်တိုက်ပေးခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories