Tiet Cuong လို့ခေါ်တဲ့ အမျိုးသားက ဗီယက်နမ်ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားရဲ့ ကျော်ကြားတဲ့ အမျိုးသားသရုပ်ဆောင်များထဲမှ တစ်ဦးဖြစ်ပါတယ်။ နာမည်ကြီးရုပ်ရှင်တွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့ ဒီမင်းသားဟာ အသက် ၅၀ အရွယ်မှာ ငယ်ရွယ်နုပျိုတဲ့ ဇနီးသည်နဲ့ လက်ထပ်ပြီးချိန်မှာတော့ လူအများရဲ့ အာရုံစိုက်မှုကို ရရှိစေခဲ့ပါတယ်။ သူ့ရဲ့ ဇနီးက ၂၃ နှစ် ဘဲရှိပါသေးတယ်။
Tiet Cuong နဲ့ အသက် ၂၃ နှစ်အရွယ် ဇနီး Ngoc Thuong တို့က သူတို့ရဲ့ ကိုယ်ရေးကိုယ်တာစာမျက်နှာမှာ နေ့စဉ်ဘဝလှုပ်ရှားမှုများကို ပုံမှန်တင်ပေးပါတယ်။ သရုပ်ဆောင်အလုပ်တွေ ဘယ်လောက်ပဲအလုပ်များနေပါစေ ဇနီးဖြစ်သူကို နေရာတိုင်းကို ခရီးထွက်ဖို့လည်း စီစဉ်ပေးထားပါသေးတယ်။
သူတို့နှစ်ဦးက အသက်အရွယ်ကြီးကြီးမားမား ကွာခြားသော်လည်း ဘဝရဲ့သဟဇာတဖြစ်မှုကို ထင်ရှားစွာပြသပြီး ၎င်းတို့ရဲ့စီးပွားရေးလုပ်ငန်းများကို အတူတကွ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြပါတယ်။ Tiet Cuong က သူအရမ်းကြိုက်တဲ့ သူရဲ့မုတ်ဆိတ်မွေးကိုတောင် ဇနီးအတွက် ရိတ်ပေးခဲ့တာကို သိလိုက်ရသဖြင့် ပရိသတ်များစွာ အံ့ဩခဲ့ကြပါတယ်။ Tiet Cuong က ချောမောလှပတဲ့ မယားငယ်ကိုယူထားတော့ အလိုလိုက်ပြီး စိတ်နှလုံးအကြွင်းမဲ့ ချစ်မြတ်နိုးခဲ့ရပါတယ်။
JRose(Tgidailynews)
Zawgyi
ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမလှပတဲ့ ဇနီးငယ်လေးကို ယူထားတော့ အလိုလိုက်ပြီး အရမ်းချစ်ခဲ့ရတဲ့ အသက် ၅၀ အရွယ်အမျိုးသား
JRose(Tgidailynews)