မိတ်ကပ်လိမ်းပြီးတဲ့နောက် အသက်နှစ်ဆယ်ကျော် မိန်းကလေးအဖြစ် အသွင်ပြောင်းသွားတဲ့ အသက် ၄၀ ကျော်သတို့သမီး

မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီးတိုင်းဟာ အလှပဆုံးနဲ့ အတောက်ပဆုံးဖြစ်ချင်ကြပါတယ်။ သူမဘဝရဲ့ ကြီးကျယ်ခမ်းနားတဲ့နေ့အတွက် ကြိုတင်ပြင်ဆင်ဖို့၊ မင်္ဂလာဝတ်စုံရွေးချယ်ခြင်းအပြင် မိတ်ကပ်လိမ်းခြင်းဟာ အလွန်အရေးကြီးတဲ့အဆင့်ဖြစ်ပြီး သတို့သမီးကို သူမရဲ့မျက်နှာပေါ်က ဆွဲဆောင်မှုရှိစေရန် ကူညီပေးပါတယ်။

မကြာသေးမီက အသက် ၄၀ အရွယ် သတို့သမီးလေးအတွက် မိတ်ကပ်ပြင်ပေးတဲ့ ကလစ်တိုတစ်ခုတင်ခဲ့ရာ လူတိုင်းကို အံ့ဩစေခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲက သတို့သမီးက အသက်ကြီးရင့်ပြီး အသားအရေတွေ တွန့်ရင့်နေပါပြီ။ မိတ်ကပ်အစွမ်းဖြင့် ပြင်လိုက်တဲ့အခါ သတို့သမီးဟာ အသက်နှစ်ဆထက်ပိုငယ်ပြီး မင်းသမီးလေးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။

သတို့သမီးရဲ့ မျက်နှာပေါ်က အပြစ်အနာအဆာတွေ ပျောက်ကွယ်သွားသလို အသားအရေလည်း တောက်ပြောင်ပြီး နှင်းဆီရောင် အင်္ကျီနဲ့ ပိုသစ်လွင်လာပါတယ်။ မိတ်ကပ်ပညာရှင်ရဲ့ ကျွမ်းကျင်ပြီး စေ့စပ်သေချာတဲ့ လက်စွမ်းဖြင့် အမျိုးသမီးဟာ သူမရဲ့အသွင်အပြင်နဲ့ ဆွဲဆောင်မှုရှိပြီး ယုံကြည်မှုအပြည့်ရှိလာပါတယ်။ အလှတရားနဲ့ မိတ်ကပ်လိမ်းခြယ်မှုဟာ ယနေ့ခေတ် အမျိုးသမီးအများစုရဲ့ အဆုံးမရှိ နှစ်သက်မှုတစ်ခုပါပဲ။ သတို့သမီးလေးတို့အတွက် လှပဖို့က မိတ်ကပ်လိမ်းခြင်းဟာ အရေးပါဆုံးဖြစ်ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories