ထိုင်းလူမျိုးတွေအရမ်းကြိုက်တဲ့ ထိုင်းအစားအစာကို စားပြီး စပ်လွန်းလို့ မျက်ရည်တွေတောင် ထွက်ကျတဲ့ နိုင်ငံခြားသားမိန်းကလေး

ထိုင်းနိုင်ငံရဲ့ ကောင်းမွန်တဲ့ အရာတွေအကြောင်း မေးရင် လူတော်တော်များများ တွေးထင်တဲ့ ပထမဆုံးအရာကတော့ “ထိုင်းအစားအစာ” လို့ ဆိုရမှာ ဖြစ်သလို အအေး၊ စပ်စပ်တို့ကြောင့်လည်း နိုင်ငံခြားသားတော်တော်များများကို ဆွဲဆောင်နိုင်တာကြောင့် နာမည်ကြီးပါတယ်။ ဒီနိုင်ငံခြားသားမိန်းကလေး အပါအဝင် ထိုင်းအစားအစာကို မြည်းစမ်းကြည့်တဲ့ သူမရဲ့ တုံ့ပြန်မှုက ထိုင်းလူမျိုးတွေကို အရမ်းသဘောကျစေခဲ့ပါတယ်။

ထိုင်းအစားအစာကို review ပေးတဲ့ ခရီးသွားအမျိုးသမီး Anastasia ရဲ့ ဗီဒီယိုဖိုင်ဟာဆိုရင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ Anastasia က အစပ်ငံပြာရည်၊ ကြာဇံသုပ်၊ သင်္ဘောသီးသုပ်၊ ငရုတ်ဆီနဲ့ ငါးဆုပ်ပြုတ်၊ မျှင်ငါးပိတို့ပါရှိတဲ့ ဟင်းလျာမျိုးစုံကို Anastasia မှ မြည်းစမ်းခဲ့ပါတယ်။ ထိုင်းအစားအစာအများစုက အစပ်များပြီး နိုင်ငံခြားသားများက စပ်တဲ့အစားအစာကို စားသုံးနိုင်ခဲကြောင်း ကောင်းစွာသိပါတယ်။

ဒါပေမယ့် Anastasia ကတော့ ကောင်းကောင်းစားပါတယ်။ စပ်လွန်းလို့ မျက်ရည်တွေ စီးကျနေပေမယ့်လည်း သူမအဆက်မပျက်စားနေခဲ့ပါတယ်။ Anastasia ရဲ့ စားသောက်မှု ဗီဒီယိုဟာ ထိုင်းလူမျိုးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး သူမဟာ နိုင်ငံခြားသားနဲ့တူတဲ့ ထိုင်းလူမျိုး ဖြစ်နိုင်တယ်လို့ အင်တာနက်သုံးစွဲသူတွေက လှောင်ပြောင်ခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

ထိုင္းလူမ်ိဳးေတြအရမ္းႀကိဳက္တဲ့ ထိုင္းအစားအစာကို စားၿပီး စပ္လြန္းလို႔ မ်က္ရည္ေတြေတာင္ ထြက္က်တဲ့ ႏိုင္ငံျခားသားမိန္းကေလး

ထိုင္းႏိုင္ငံရဲ႕ ေကာင္းမြန္တဲ့ အရာေတြအေၾကာင္း ေမးရင္ လူေတာ္ေတာ္မ်ားမ်ား ေတြးထင္တဲ့ ပထမဆုံးအရာကေတာ့ “ထိုင္းအစားအစာ” လို႔ ဆိုရမွာ ျဖစ္သလို အေအး၊ စပ္စပ္တို႔ေၾကာင့္လည္း ႏိုင္ငံျခားသားေတာ္ေတာ္မ်ားမ်ားကို ဆြဲေဆာင္ႏိုင္တာေၾကာင့္ နာမည္ႀကီးပါတယ္။ ဒီႏိုင္ငံျခားသားမိန္းကေလး အပါအဝင္ ထိုင္းအစားအစာကို ျမည္းစမ္းၾကည့္တဲ့ သူမရဲ႕ တုံ႔ျပန္မႈက ထိုင္းလူမ်ိဳးေတြကို အရမ္းသေဘာက်ေစခဲ့ပါတယ္။

ထိုင္းအစားအစာကို review ေပးတဲ့ ခရီးသြားအမ်ိဳးသမီး Anastasia ရဲ႕ ဗီဒီယိုဖိုင္ဟာဆိုရင္ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ Anastasia က အစပ္ငံျပာရည္၊ ၾကာဇံသုပ္၊ သေဘၤာသီးသုပ္၊ င႐ုတ္ဆီနဲ႔ ငါးဆုပ္ျပဳတ္၊ မွ်င္ငါးပိတို႔ပါရွိတဲ့ ဟင္းလ်ာမ်ိဳးစုံကို Anastasia မွ ျမည္းစမ္းခဲ့ပါတယ္။ ထိုင္းအစားအစာအမ်ားစုက အစပ္မ်ားၿပီး ႏိုင္ငံျခားသားမ်ားက စပ္တဲ့အစားအစာကို စားသုံးႏိုင္ခဲေၾကာင္း ေကာင္းစြာသိပါတယ္။

ဒါေပမယ့္ Anastasia ကေတာ့ ေကာင္းေကာင္းစားပါတယ္။ စပ္လြန္းလို႔ မ်က္ရည္ေတြ စီးက်ေနေပမယ့္လည္း သူမအဆက္မပ်က္စားေနခဲ့ပါတယ္။ Anastasia ရဲ႕ စားေသာက္မႈ ဗီဒီယိုဟာ ထိုင္းလူမ်ိဳးေတြရဲ႕ ႏွလုံးသားကို ဖမ္းစားႏိုင္ခဲ့ၿပီး သူမဟာ ႏိုင္ငံျခားသားနဲ႔တူတဲ့ ထိုင္းလူမ်ိဳး ျဖစ္ႏိုင္တယ္လို႔ အင္တာနက္သုံးစြဲသူေတြက ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories