ယာဉ်ကြောပိတ်ဆို့နေချိန်မှာ လူနာတင်ကားအတွက် ရှေ့ကနေ လမ်းညွှန်ပေးခဲ့တဲ့ အဘွားအိုနဲ့လူငယ်တစ်ဦး

မြို့ကြီးပြကြီးများမှာ ယာဉ်ကြောပိတ်ဆို့မှုက မဆန်းပါ။ မကြာသေးမီက လူမှုကွန်ရက်မှာ ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပြီး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးကို တင်ဆောင်လာတဲ့ ဆိုင်ကယ်တက္ကစီသမားဟာ လူနာတင်ယာဉ်ကို ကူညီရန် လမ်းညွှန်ပေးခဲ့ရာ လူများစွာကို လေးစားစေခဲ့ပါတယ်။ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကနေတစ်ဆင့် ထိုအချိန်ဟာ လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေကို မြင်တွေ့ရပါတယ်။ ထိုအခြေအနေမှာ လူနာတင်ယာဉ်က လူတိုင်းလမ်းလွှဲပေးရန် အချက်ပြရန် ဝီစီသံများပေးပါတယ်။

ထိုအခိုက်အတန့်မှာ အဘွားအိုကို တင်ဆောင်လာတဲ့ လူငယ်တစ်ဦးက လူနာတင်ယာဉ်ရှေ့မှ ယာဉ်ကြောထဲကို တိုးဝင်သွားပြီး အနောက်မှာ ထိုင်နေတဲ့ အဘွားကြီးက လမ်းညွှန်မှုများကို လက်ဟန်ခြေဟန်ပြကာ လူတိုင်းကို လမ်းဘေးသို့ သပ်သပ်ရပ်ရပ်သွားရန် သတိပေးနေပါတယ်။ ထိုပံ့ပိုးကူညီမှုကြောင့် လူနာတင်ယာဉ်က ပိုမိုလွယ်ကူစွာ သွားနိုင်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်တိုလေးကို မျှဝေပြီးနောက် ချက်ချင်းဆိုသလို ကြည့်ရှုသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး လူတိုင်းက သူတို့ကို လေးစားချီးကျူးခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

ယာဥ္ေၾကာပိတ္ဆို႔ေနခ်ိန္မွာ လူနာတင္ကားအတြက္ ေရွ႕ကေန လမ္းၫႊန္ေပးခဲ့တဲ့ အဘြားအိုနဲ႔လူငယ္တစ္ဦး

ၿမိဳ႕ႀကီးျပႀကီးမ်ားမွာ ယာဥ္ေၾကာပိတ္ဆို႔မႈက မဆန္းပါ။ မၾကာေသးမီက လူမႈကြန္ရက္မွာ ဗြီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာၿပီး သက္ႀကီး႐ြယ္အို အမ်ိဳးသမီးတစ္ဦးကို တင္ေဆာင္လာတဲ့ ဆိုင္ကယ္တကၠစီသမားဟာ လူနာတင္ယာဥ္ကို ကူညီရန္ လမ္းၫႊန္ေပးခဲ့ရာ လူမ်ားစြာကို ေလးစားေစခဲ့ပါတယ္။ မွတ္တမ္းတင္ထားတဲ့ ဓာတ္ပုံေတြကေနတစ္ဆင့္ ထိုအခ်ိန္ဟာ လမ္းေပၚမွာ ယာဥ္ေၾကာပိတ္ဆို႔မႈေတြကို ျမင္ေတြ႕ရပါတယ္။ ထိုအေျခအေနမွာ လူနာတင္ယာဥ္က လူတိုင္းလမ္းလႊဲေပးရန္ အခ်က္ျပရန္ ဝီစီသံမ်ားေပးပါတယ္။

ထိုအခိုက္အတန႔္မွာ အဘြားအိုကို တင္ေဆာင္လာတဲ့ လူငယ္တစ္ဦးက လူနာတင္ယာဥ္ေရွ႕မွ ယာဥ္ေၾကာထဲကို တိုးဝင္သြားၿပီး အေနာက္မွာ ထိုင္ေနတဲ့ အဘြားႀကီးက လမ္းၫႊန္မႈမ်ားကို လက္ဟန္ေျခဟန္ျပကာ လူတိုင္းကို လမ္းေဘးသို႔ သပ္သပ္ရပ္ရပ္သြားရန္ သတိေပးေနပါတယ္။ ထိုပံ့ပိုးကူညီမႈေၾကာင့္ လူနာတင္ယာဥ္က ပိုမိုလြယ္ကူစြာ သြားႏိုင္ခဲ့ပါတယ္။ အဆိုပါ ဗီဒီယိုဖိုင္တိုေလးကို မွ်ေဝၿပီးေနာက္ ခ်က္ခ်င္းဆိုသလို ၾကည့္ရႈသူအမ်ားအျပားကို ဆြဲေဆာင္ႏိုင္ခဲ့ၿပီး လူတိုင္းက သူတို႔ကို ေလးစားခ်ီးက်ဴးခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories