ဂျပန်ကို နှစ်အတော်ကြာသွားပြီးနောက် ပြန်လာတဲ့အခါ မိသားစုတစ်စုလုံးက နွေးနွေးထွေးထွေးကြိုဆိုနေတာကို မြင်တော့ ဝမ်းသာမျက်ရည်ကျခဲ့တဲ့ ကောင်မလေး

မိဘအိမ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ်ပြန်လာလို့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မကြာသေးမီက TikTok အကောင့်ပိုင်ရှင် TE ဟာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းမှုအခိုက်အတန့်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ်။ အထူးသဖြင့် ကောင်မလေးက အိမ်ပြန်ရန် အချိန်မရသေးမီ နှစ်အနည်းငယ်အတွင်း ဂျပန်မှာ နေနေပါတယ်။ ဗီဒီယိုထဲမှာ ကောင်မလေးက လုံခြုံရေး တံခါးကနေ ဆင်းတာနဲ့ သူမရဲ့ မိသားစုတွေ စောင့်နေကြတာကို တွေ့ရပါတယ်။

ကောင်မလေးရဲ့ မိခင်က သည်းမခံနိုင်ဘဲ သမီးဖြစ်သူရဲ့ နဖူးကို အနမ်းပေးပြီး အဲဒီနောက်မှာတော့ အမေနဲ့သမီးက ဝမ်းသာအားရ ပွေ့ဖက်ခဲ့ပါတယ်။ သမီးဖြစ်သူကို တောင့်တခြင်းကို မဖုံးကွယ်နိုင်ဘဲ မိခင်ရဲ့မျက်နှာပေါ်မှာ မျက်ရည်များ ရုတ်တရက် စီးကျလာခဲ့ပါတယ်။ မိခင်နဲ့သမီးတို့က လွမ်းဆွတ်ပြေပျောက်စေရန် လူစည်ကားတဲ့ လေဆိပ်အလယ်မှာ ငိုကြွေးနေကြပါတယ်။

ထို့နောက် ကောင်မလေးက သူ့အဖေရဲ့ ကြီးမားတဲ့ ရင်ခွင်ထဲကို လျင်မြန်စွာ ပြေးဝင်လာခဲ့ပါတယ်။ မိသားစုထဲက အသန်မာဆုံးဖြစ်တဲ့ အဖေက သမီးနဲ့တွေ့ချိန်မှာတော့ သူ့မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဒီနွေးထွေးတဲ့ ပြန်လည်ဆုံစည်းမှုအခိုက်အတန့်ကို ကြည့်လိုက်တော့ အိမ်းမပြန်ရတဲ့ကလေးတွေအတွက် ဝမ်းနည်းရပါတယ်။ အိမ်နဲ့ဝေးကွာနေတဲ့ ကလေးတွေကို မကြာခင်မှာ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ပါစေလို့ မျှော်လင့်ရင်း မိသားစုအားလုံး ဘေးကင်းကြပါစေ။

JRose(Tgidailynews)

Zawgyi

ဂ်ပန္ကို ႏွစ္အေတာ္ၾကာသြားၿပီးေနာက္ ျပန္လာတဲ့အခါ မိသားစုတစ္စုလုံးက ေႏြးေႏြးေထြးေထြးႀကိဳဆိုေနတာကို ျမင္ေတာ့ ဝမ္းသာမ်က္ရည္က်ခဲ့တဲ့ ေကာင္မေလး

မိဘအိမ္ဆိုတာ ဘယ္အခ်ိန္ျဖစ္ျဖစ္ျပန္လာလို႔ရတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ မၾကာေသးမီက TikTok အေကာင့္ပိုင္ရွင္ TE ဟာ မိသားစုနဲ႔ ျပန္လည္ဆုံဆည္းမႈအခိုက္အတန႔္ကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ကို တင္ခဲ့ပါတယ္။ အထူးသျဖင့္ ေကာင္မေလးက အိမ္ျပန္ရန္ အခ်ိန္မရေသးမီ ႏွစ္အနည္းငယ္အတြင္း ဂ်ပန္မွာ ေနေနပါတယ္။ ဗီဒီယိုထဲမွာ ေကာင္မေလးက လုံၿခဳံေရး တံခါးကေန ဆင္းတာနဲ႔ သူမရဲ႕ မိသားစုေတြ ေစာင့္ေနၾကတာကို ေတြ႕ရပါတယ္။

ေကာင္မေလးရဲ႕ မိခင္က သည္းမခံႏိုင္ဘဲ သမီးျဖစ္သူရဲ႕ နဖူးကို အနမ္းေပးၿပီး အဲဒီေနာက္မွာေတာ့ အေမနဲ႔သမီးက ဝမ္းသာအားရ ေပြ႕ဖက္ခဲ့ပါတယ္။ သမီးျဖစ္သူကို ေတာင့္တျခင္းကို မဖုံးကြယ္ႏိုင္ဘဲ မိခင္ရဲ႕မ်က္ႏွာေပၚမွာ မ်က္ရည္မ်ား ႐ုတ္တရက္ စီးက်လာခဲ့ပါတယ္။ မိခင္နဲ႔သမီးတို႔က လြမ္းဆြတ္ေျပေပ်ာက္ေစရန္ လူစည္ကားတဲ့ ေလဆိပ္အလယ္မွာ ငိုေႂကြးေနၾကပါတယ္။

ထို႔ေနာက္ ေကာင္မေလးက သူ႔အေဖရဲ႕ ႀကီးမားတဲ့ ရင္ခြင္ထဲကို လ်င္ျမန္စြာ ေျပးဝင္လာခဲ့ပါတယ္။ မိသားစုထဲက အသန္မာဆုံးျဖစ္တဲ့ အေဖက သမီးနဲ႔ေတြ႕ခ်ိန္မွာေတာ့ သူ႔မ်က္လုံးေတြမွာ မ်က္ရည္ေတြနဲ႔ ျပည့္ေနခဲ့ပါတယ္။ ဒီေႏြးေထြးတဲ့ ျပန္လည္ဆုံစည္းမႈအခိုက္အတန႔္ကို ၾကည့္လိုက္ေတာ့ အိမ္းမျပန္ရတဲ့ကေလးေတြအတြက္ ဝမ္းနည္းရပါတယ္။ အိမ္နဲ႔ေဝးကြာေနတဲ့ ကေလးေတြကို မၾကာခင္မွာ မိသားစုေတြနဲ႔ ျပန္လည္ဆုံေတြ႕ႏိုင္ပါေစလို႔ ေမွ်ာ္လင့္ရင္း မိသားစုအားလုံး ေဘးကင္းၾကပါေစ။

JRose(Tgidailynews)

  • Leave a Comment

Categories