နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရတဲ့ ပုံကို တင်ပြီးနောက် သူမရဲ့ လှလွန်းတဲ့ရုပ်ရည်ကြောင့် စာလုပ်ဖို့ အချိန်မပေးနိုင်ဘူးထင်လို့ ဘွဲ့အတုဆိုပြီး စွပ်စွဲခံရတဲ့ မိန်းကလေး

ယခုနှစ်အစောပိုင်းမှာ အသက် ၂၈ နှစ်အရွယ် လှပတဲ့ Kate Zhu Wenqi အမည်ရှိ မိန်းကလေးဟာ အောက်စဖို့ဒ်တက္ကသိုလ်မှ ဒုတိယမဟာဘွဲ့ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ ၎င်းတက္ကသိုလ်ဟာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုပါ။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ သူမကို ဘွဲ့လက်မှတ်အတုလို့ စွပ်စွဲခဲ့ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ Kate က ခရီးသွားခြင်းနဲ့ လှေလှော်ခြင်း၊ ကျောက်တောင်တက်ခြင်း၊ ဂေါက်ရိုက်ခြင်းနှင့် မြင်းစီးခြင်းကဲ့သို့သော ပြင်ပအားကစားများစွာကို ကစားတာကြောင့် လူတွေက သူမကို စာကျက်ဖို့ အချိန်မပေးနိုင်ဘူးလို့ထင်တာကြောင့်ပါ။ ဒါပေမဲ့ Kate က အင်တာဗျူးတစ်ခုမှာ သူမက င်္သချာဘာသာကို ကျွမ်းကျင်ဆုံးလို့ ပြောခဲ့ပါတယ်။

ထို့ကြောင့် တက္ကသိုလ်င်္သချာဆရာမတစ်ဦးက သင်္ချာပုစ္ဆာကို ဖြေရှင်းရန် Kate ကို စိန်ခေါ်ခဲ့ပါတယ်။ Kate က စိန်ခေါ်မှုကို လက်ခံခဲ့ပြီး တစ်နာရီအတွင်း ဖြေရှင်းနိုင်သောကြောင့် လူတွေ အံ့ဩခဲ့ရပါတယ်။
Kate ရဲ့ LinkedIn စာမျက်နှာမှာ ဖော်ပြချက်အရ သူမဟာ ပထမဆုံး မဟာဘွဲ့ကို ပြီးဆုံးပြီးနောက် ၂၀၁၀ ခုနှစ်မှာ Oxford တက္ကသိုလ်ရဲ့ သင်္ချာဌာနသို့ ဝင်ရောက်ခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories