ပုံမှန်မဟုတ်တဲ့ ဘဝနဲ့ မွေးဖွားလာပေမဲ့ ထူးထူးခြားခြား အားထုတ်မှုများဖြင့် ဒူးနဲ့လမ်းလျောက်ပြီး နွားများကို ထိန်းကျောင်းနေတဲ့ အမျိုးသား

လူတိုင်းမှာ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတိုင်းဟာ ဒီချို့တဲ့မှုမှ ရုန်းထွက်ရန် ဘယ်လိုရင်ဆိုင်ရမှာကို မသိကြပါဘူး။ မကြာသေးမီက ခြေမဲ့အမျိုးသားတစ်ဦးရဲ့ ဘဝဟာ လူအများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
အဆိုပါအမျိုးသားဟာ အသက် ၄၇ နှစ်အရွယ် မစ္စတာ Tot လို့ခေါ်ပါတယ်။ မွေးကတည်းက ပုံစံမဟုတ်တဲ့ မစ္စတာ Tot ဟာ ဒူးတွေ ပျော့ပျောင်းပြီး ခြေထောက်နဲ့ ခြေဖဝါးက ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်ပါဘူး။

ဒါပေမဲ့ ထိုအခက်အခဲမှာ အမျိုးသားက ဒူးထောက်ကာ လမ်းလျှောက်နေသေးတာပါ။ လက်ရှိမှာ မစ္စတာ Tot က အိမ်တစ်လုံးမှာ သူတစ်ယောက်တည်း နေထိုင်နေကြောင်း ပြောပါတယ်။ မိသားစုမှာ ညီအစ်ကို ၈ ယောက်ရှိပြီး အားလုံးက အိမ်ထောင်ကျပါပြီ။ သူက မိသားစုမှာ (၇)ယောက်မြောက် ကလေးဖြစ်သော်လည်း ပုံမှန်မဟုတ်သောကြောင့် မိဘများနဲ့အတူ နေထိုင်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်ကဘဲ သူ့မိဘတွေက ဆုံးပါးသွားခဲ့ပါပြီ။ သူ့ရဲ့အခြေအနေကို လူအများသိကြပြီးတဲ့နောက် မစ္စတာ Tot ဟာ လစဉ်နိုင်ငံတော်မှ ထောက်ပံ့ငွေ ဒေါင် 720,000 ဖြင့် နေ့စဥ်နေထိုင်မှုစရိတ်များကို လက်ခံရရှိပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories