နှင်းစက်များစွာနဲ့ အအေးဒဏ်ကြားမှ စကတ်တိုဝတ်ထားတဲ့ မိန်းကလေးရဲ့ အံ့ဩစရာရဲတင်းမှု

မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ ကလစ်တစ်ခုက ဗီယက်နမ်နိုင်ငံ လာအိုကိုင်မြို့သို့ ခရီးသွားနေတဲ့ မိန်းကလေးငယ်တစ်ဦဲ့ ပုံရိပ်ကို မှတ်တမ်းတင်ခဲ့ပါတယ်။ မိန်းကလေးဟာ နှင်းကျတာကို သွားကြည့်တဲ့အခါ အနွေးထည်တွေ ဝတ်မယ့်အစား ခပ်ပါးပါး ရှပ်အင်္ကျီကို ၀တ်ထားပြီး စကတ်တိုကို ၀တ်ထားပါတယ်။ ထို့ကြောင့် လေပြင်းများ တိုက်ခတ်တိုင်း မိန်းကလေးဟာ အရိုးအေးရုံသာမက သူမရဲ့ စကတ်တွေက အပေါ်ကို လှန်ထွက်သွားပါတယ်။

ပို့စ်တင်ပြီးနောက် ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၁.၆ သန်းကျော် လျင်မြန်စွာ ရရှိခဲ့ပါတယ်။ သူမရဲ့ ပါးလွှာတဲ့ အဝတ်အစားများက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တာကြောင့် အဲ့လိုမျိုး မဝတ်သင့်ဘူးလို့ မှတ်ချက်များစွာပေးကြပါတယ်။ ခန့်မှန်းချက်များအရ လာအိုကိုင်မြို့ဟာ နှစ်သစ်ကူးကာလမှာ ဆီးနှင်းများ ဆက်လက်ကျဆင်းနေဖွယ်ရှိကြောင်း သိရပါတယ်။ နှင်းတွေကို ကြည့်ဖို့စီစဉ်မယ်ဆိုရင် လူတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်ဝတ်စုံတွေကို နွေးနွေးလေးပြင်ဆင်သွားသင့်ပါတယ်။

1

2

3

4

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories