၃လအကြာမှာ သူမရဲ့ရည်းစားဟောင်းနဲ့ အမှတ်တမဲ့တွေ့ဆုံခဲ့တဲ့နောက် ကိုယ်ဝန်ရှိဟန်ဆောင်ခဲ့တဲ့ မိန်းကလေး

လမ်းခွဲလိုက်တာဟာ ငါတို့ အချင်းချင်း ပြန်မတွေ့ရတော့ဘူးလို့ မဆိုလိုပါဘူး။ ဒီတော့ ရည်းစားဟောင်းနဲ့ မတော်တဆတွေ့မိရင် ဘာလုပ်သင့်လဲ။ မကြာသေးမီက ရည်းစားဟောင်းနဲ့ တွေ့ဆုံချိန်မှာ ချောမောစွာ ဆက်ဆံခဲ့တဲ့ မိန်းကလေးတစ်ဦးကို လူတိုင်းက ချီးကျူးခဲ့ကြပါတယ်။ အထူးသဖြင့် သူမရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ပျော်ရွှင်စွာ လမ်းလျှောက်ရင်း လွန်ခဲ့တဲ့ ၃ လလောက်က လမ်းခွဲခဲ့တဲ့ သူမရဲ့ ချစ်သူဟောင်းဟာ ချစ်သူအသစ်နဲ့ ရှိနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့နှစ်ယောက် ဘာကြောင့် လမ်းခွဲရမှန်း မသိပေမယ့် ကောင်မလေးက တော်တော် စိတ်ရှုပ်သွားပုံရပြီး သူ့သူငယ်ချင်းကို နောက်မှာ ပုန်းနေဖို့ ချက်ချင်း ဆွဲခေါ်သွားပါတယ်။

ထိုအချိန်မှာ သူငယ်ချင်းက သူဝတ်ထားတဲ့ ဂျာကင်အင်္ကျီကို အမြန်ချွတ်ပြီး ကိုယ်ဝန်ရှိဟန်ဆောင်ကာ မိန်းကလေးရဲ့ အင်္ကျီထဲသို့ ထည့်လိုက်ပါတယ်။ ပြင်ဆင်မှုတွေ ပြီးသွားတဲ့အခါ နှစ်ယောက်သားက ထုံးစံအတိုင်း လက်ချင်းချိတ်ပြီး လမ်းလျှောက်ကြပါတယ်။ ရည်းစားဟောင်းက ဖြတ်သွားတဲ့အခါ ကောင်မလေးရဲ့ ဗိုက်ကိုမြင်တော့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး ကောင်လေးက “အိုး မင်းမှာ ကလေးရှိလား” လို့ မေးလိုက်ပါတယ်။ ကောင်မလေးက တောက်ပတဲ့ အပြုံးနဲ့ “ဟုတ်တယ် ၅ လရှိပြီ” လို့ ဝမ်းသာအားရ ပြန်ဖြေလိုက်ပါတယ်။ ဒီရယ်စရာကောင်းတဲ့ အဖြစ်အပျက်ကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပြီးနောက်မှာတော့ လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ စာဖတ်သူတို့ဆိုရင်ဟော ရည်စားဟောင်းနဲ့ ပြန်တွေရင် ဘယ်လိုရင်ဆိုင်မှာလဲ။

JRose(Tgidailynews)

Zawgyi

၃လအၾကာမွာ သူမရဲ႕ရည္းစားေဟာင္းနဲ႔ အမွတ္တမဲ့ေတြ႕ဆုံခဲ့တဲ့ေနာက္ ကိုယ္ဝန္ရွိဟန္ေဆာင္ခဲ့တဲ့ မိန္းကေလး

လမ္းခြဲလိုက္တာဟာ ငါတို႔ အခ်င္းခ်င္း ျပန္မေတြ႕ရေတာ့ဘူးလို႔ မဆိုလိုပါဘူး။ ဒီေတာ့ ရည္းစားေဟာင္းနဲ႔ မေတာ္တဆေတြ႕မိရင္ ဘာလုပ္သင့္လဲ။ မၾကာေသးမီက ရည္းစားေဟာင္းနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေခ်ာေမာစြာ ဆက္ဆံခဲ့တဲ့ မိန္းကေလးတစ္ဦးကို လူတိုင္းက ခ်ီးက်ဴးခဲ့ၾကပါတယ္။ အထူးသျဖင့္ သူမရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းနဲ႔ ေပ်ာ္႐ႊင္စြာ လမ္းေလွ်ာက္ရင္း လြန္ခဲ့တဲ့ ၃ လေလာက္က လမ္းခြဲခဲ့တဲ့ သူမရဲ႕ ခ်စ္သူေဟာင္းဟာ ခ်စ္သူအသစ္နဲ႔ ရွိေနခဲ့တာကို ေတြ႕ရွိခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္ ဘာေၾကာင့္ လမ္းခြဲရမွန္း မသိေပမယ့္ ေကာင္မေလးက ေတာ္ေတာ္ စိတ္ရႈပ္သြားပုံရၿပီး သူ႔သူငယ္ခ်င္းကို ေနာက္မွာ ပုန္းေနဖို႔ ခ်က္ခ်င္း ဆြဲေခၚသြားပါတယ္။

ထိုအခ်ိန္မွာ သူငယ္ခ်င္းက သူဝတ္ထားတဲ့ ဂ်ာကင္အက်ႌကို အျမန္ခြၽတ္ၿပီး ကိုယ္ဝန္ရွိဟန္ေဆာင္ကာ မိန္းကေလးရဲ႕ အက်ႌထဲသို႔ ထည့္လိုက္ပါတယ္။ ျပင္ဆင္မႈေတြ ၿပီးသြားတဲ့အခါ ႏွစ္ေယာက္သားက ထုံးစံအတိုင္း လက္ခ်င္းခ်ိတ္ၿပီး လမ္းေလွ်ာက္ၾကပါတယ္။ ရည္းစားေဟာင္းက ျဖတ္သြားတဲ့အခါ ေကာင္မေလးရဲ႕ ဗိုက္ကိုျမင္ေတာ့ ယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္ၿပီး ေကာင္ေလးက “အိုး မင္းမွာ ကေလးရွိလား” လို႔ ေမးလိုက္ပါတယ္။ ေကာင္မေလးက ေတာက္ပတဲ့ အၿပဳံးနဲ႔ “ဟုတ္တယ္ ၅ လရွိၿပီ” လို႔ ဝမ္းသာအားရ ျပန္ေျဖလိုက္ပါတယ္။ ဒီရယ္စရာေကာင္းတဲ့ အျဖစ္အပ်က္ကို လူမႈကြန္ရက္မွာ မွ်ေဝခဲ့ၿပီးေနာက္မွာေတာ့ လူေတြရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့ပါတယ္။ စာဖတ္သူတို႔ဆိုရင္ေဟာ ရည္စားေဟာင္းနဲ႔ ျပန္ေတြရင္ ဘယ္လိုရင္ဆိုင္မွာလဲ။

JRose(Tgidailynews)

  • Leave a Comment

Categories