အဘွားကြီးကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ပြီး နွေးနွေးထွေးထွေး အနမ်းတွေ ပေးခဲ့တဲ့ အဘိုးအိုတို့ရဲ့ ကြည့်နူးစရာအလိုက်အတန့်

မကြာသေးမီက အဘိုးအဘွားနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ချစ်ကြောင်းပြတဲ့ အမူအရာတွေက လူအများကို သဘောကျစေခဲ့ပါတယ်။ လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ဟာ လျင်မြန်စွာ ပျံ့နှံ့နေပြီး လူငယ်တွေကလည်း အဘိုးအဘွားလို ထာဝရအချစ်ကို လိုချင်နေကြပါပြီ။ ဗီဒီယိုမှာ အဘိုးအဘွားနှစ်ယောက်က တစ်ယောက်အပေါ်တစ်ယောက် ထိုင်ပြီး ကြည်နူးနေတဲ့ အခိုက်အတန့်ကို ရိုက်ကူးထားပါတယ်။

သားသမီးတွေ မြေးတွေက ရယ်ရယ်မောမောကြည့်ပြီး အဘိုးအဘွားတွေက ကုလားထိုင်ပေါ်မှာပဲ ကြည့်နေကြပါတယ်။ ခဏကြာတော့ လူတွေရဲ့ နှလုံးသားကို တဖျပ်ဖျပ်ခတ်သွားစေပြီး ​အထူးသဖြင့် အဘိုးအိုက သူ့မိန်းမကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်လိုက်ပါတယ်။

ထို့နောက် အဘိုးအိုက ဇနီးဖြစ်သူရဲ့ မျက်နှာကို အကြိမ်ကြိမ် နမ်းပြီးနောက် နှစ်ဦးသား က သားသမီးများနဲ့ မြေးများကို ပြုံးပြကာ လှည့်ကြည့်လိုက်ပါတယ်။ အဘိုးအဘွားများက တွဲလာတာ ၆၂ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၃ ယောက်နဲ့ မြေး ၄ ယောက်ရှိပါပြီ။ အဘိုးက အဘွားကြီးကို ပွေ့ဖက်နမ်းရှုံ့တဲ့ အပြုအမူနဲ့အတူ ချစ်ခင်ကြင်နာတဲ့ မျက်လုံးများက ဇနီးဖြစ်သူအပေါ် ချစ်ခြင်းမေတ္တာကို ပြပါတယ်။

JRose(Tgidailynews)

Zawgyi

အဘြားႀကီးကို သူ႔ရင္ခြင္ထဲ ေပြ႕ဖက္ၿပီး ေႏြးေႏြးေထြးေထြး အနမ္းေတြ ေပးခဲ့တဲ့ အဘိုးအိုတို႔ရဲ႕ ၾကည့္ႏူးစရာအလိုက္အတန္႔

မၾကာေသးမီက အဘိုးအဘြားႏွစ္ဦးဟာ တစ္ဦးနဲ႔တစ္ဦး ခ်စ္ေၾကာင္းျပတဲ့ အမူအရာေတြက လူအမ်ားကို သေဘာက်ေစခဲ့ပါတယ္။ လူမႈကြန္ရက္မွာ တင္ထားတဲ့ ဗီဒီယိုဖိုင္ဟာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔ေနၿပီး လူငယ္ေတြကလည္း အဘိုးအဘြားလို ထာဝရအခ်စ္ကို လိုခ်င္ေနၾကပါၿပီ။ ဗီဒီယိုမွာ အဘိုးအဘြားႏွစ္ေယာက္က တစ္ေယာက္အေပၚတစ္ေယာက္ ထိုင္ၿပီး ၾကည္ႏူးေနတဲ့ အခိုက္အတန႔္ကို ႐ိုက္ကူးထားပါတယ္။

သားသမီးေတြ ေျမးေတြက ရယ္ရယ္ေမာေမာၾကည့္ၿပီး အဘိုးအဘြားေတြက ကုလားထိုင္ေပၚမွာပဲ ၾကည့္ေနၾကပါတယ္။ ခဏၾကာေတာ့ လူေတြရဲ႕ ႏွလုံးသားကို တဖ်ပ္ဖ်ပ္ခတ္သြားေစၿပီး ​အထူးသျဖင့္ အဘိုးအိုက သူ႔မိန္းမကို သူ႔ရင္ခြင္ထဲမွာ ေပြ႕ဖက္လိုက္ပါတယ္။

ထို႔ေနာက္ အဘိုးအိုက ဇနီးျဖစ္သူရဲ႕ မ်က္ႏွာကို အႀကိမ္ႀကိမ္ နမ္းၿပီးေနာက္ ႏွစ္ဦးသား က သားသမီးမ်ားနဲ႔ ေျမးမ်ားကို ၿပဳံးျပကာ လွည့္ၾကည့္လိုက္ပါတယ္။ အဘိုးအဘြားမ်ားက တြဲလာတာ ၆၂ ႏွစ္ရွိၿပီျဖစ္ၿပီး သားသမီး ၃ ေယာက္နဲ႔ ေျမး ၄ ေယာက္ရွိပါၿပီ။ အဘိုးက အဘြားႀကီးကို ေပြ႕ဖက္နမ္းရႈံ႕တဲ့ အျပဳအမူနဲ႔အတူ ခ်စ္ခင္ၾကင္နာတဲ့ မ်က္လုံးမ်ားက ဇနီးျဖစ္သူအေပၚ ခ်စ္ျခင္းေမတၱာကို ျပပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories