သတို့သားရဲ့မိသားစုဝင်ဆီကနေ ခန်းဝင်ပစ္စည်းအဖြစ် ရွှေအပင် ၅၀ လက်ခံရရှိခဲ့တဲ့ သတို့သမီး လူတိုင်းကို အားကျစေခဲ့တဲ့အဖြစ်

ခန်းဝင်ပစ္စည်းပေးခြင်းကတော့ ဗီယက်နမ်မင်္ဂလာပွဲမှာ မရှိမဖြစ် အဓိကအပိုင်းတစ်ခု ဖြစ်ပါတယ်။ သတို့သမီးကို လက်ဆောင်အမြောက်အမြားပေးခြင်းဖြင့် သတို့သားက သူတို့ရဲ့ မိသားစုမှာ စည်းစိမ်ဥစ္စာများစွာရှိတယ်ဆို ပြချင်တဲ့သဘောပါပဲ။ မကြာသေးမီက မင်္ဂလာဆောင်ပွဲတစ်ခုမှာ သတို့သားစီကနေ လက်ခံရရှိတဲ့ ရွှေကွင်းများစွာကြောင့် လူတော်တော်များများကို သတို့သမီးကို အားကျခဲ့ရပါတယ်။

ဒါအပြင် ထိုနေ့ကြီးမှာ ဒီကြင်စဦးလင်မယားနှစ်ယောက်က သတို့သားရဲ့မိသားစုကနေ ရွှေပင် 20 ပင်ကို လက်ခံရရှိရုံသာမကဘဲ ညီအစ်မတွေ၊ အဒေါ်တွေ၊ ဦးလေးတွေ နဲ့ သူငယ်ချင်းတွေဆီကနေပါ လက်ဆောင်ရပါသေးတယ်။ သူတို့ရဲ့မင်္ဂလာဆောင်ပွဲမှာ သတို့သမီးရရှိတဲ့ ရွှေစုစုပေါင်းကတော့ ရွှေပင် ၅၀ ပင်ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့ကြောင့်လည်း သတို့သမီးရဲ့ အလွန်အဖိုးတန်ရှိတဲ့ လက်ဆောင်ပစ္စည်းများကို လက်ခံရရှိတဲ့ မြင်ကွင်းကို မြင်ပြီး သူမကို သဘောကျခဲ့ကြပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ရွှေအပြည့်တွေဝတ်ထားတဲ့ သတို့သမီးရဲ့ ပုံရိပ်တွေကတော့ လူမှုကွန်ယက်ပေါ်မှာ လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories