ပျောက်ဆုံးသွားတဲ့ ခွေးကိုရှာဖွေရန် ကီလိုမီတာ ၈၀၀ ကျော် ခရီးလမ်းကို ထွက်ရှာခဲ့တဲ့ လေးစားဖွယ်ရာ လင်မယားနှစ်ယောက်

လူများစွာအတွက် အိမ်မွေးတိရိစ္ဆာန်များကို ကလေးများလို ချစ်ခင်နှစ်သက်ကြတာပါ။ အဲဒါကြောင့် သူတို့ရဲ့ “ရတနာ” ကို မတော်တဆ ဆုံးရှုံးသွားတဲ့အခါ ဘာပဲဖြစ်ဖြစ် လိုက်ရှာဖို့ လုပ်ကြမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ ခွေးဟာ အိမ်မွေးတိရိစ္ဆာန်တော့မဟုတ်ဘဲ မိသားစုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလို့ပါပဲ။

မကြာမီက TikToker LB ဟာ ပျောက်ဆုံးသွားတဲ့ သု့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးကို ရှာဖွေရန် ကီလိုမီတာ ၈၀၀ ကျော် ခရီးထွက်လိုက်ရှာခဲ့ပါတယ်။ သူမမွေးတဲ့ ခွေးက ဘာအကြောင်းကြောင့်မှန်းမသိဘဲ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ကနေ Nghe An မြို့ကို ပျောက်ဆုံးသွားခဲ့ပါတယ်။ အဖွဲ့လိုက်ရှာပြီး နေရာတိုင်းကို ကြေငြာတွေတင်ပြီး ၅ ရက်ကြာအောင်ကြိုးစားပြီးနောက်မှာတော့ သူတို့ဇနီးမောင်နှံဟာ သူတို့ရဲ့နေရာနဲ့အဝေးကြီးမှာ “ခွေးကလေး” ကို တွေ့ရှိခဲ့ပါတယ်။

ရာသီဥတုကလဲ အေးပြီး လင်မယားနှစ်ယောက်သားက အလုပ်တွေရှုပ်နေပေမယ့် ခွေးကိုပြန်ခေါ်လာဖို့ Nghe An မြို့ကို ကားနဲ့ ကီလိုမီတာ ၈၀၀ ကျော် မောင်းနှင်သွားခဲ့ကြတာပါ။ လတ်တလောမှာတော့ သူတို့လေးရဲ့ အဖြစ်အပျက်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပြီး ဝေဖန်မှုတွေရော၊ သူတို့ကို လေးစားတာတွေရောရော၊ ရောထွေးတဲ့ မှတ်ချက်တွေ ပေးခံနေရပါတယ်။

JRose(Tgidailynews)

Zawgyi

ေပ်ာက္ဆုံးသြားတဲ့ ေခြးကိုရွာေဖြရန္ ကီလိုမီတာ ၈၀၀ ေက်ာ္ ခရီးလမ္းကို ထြက္ရွာခဲ့တဲ့ ေလးစားဖြယ္ရာ လင္မယားႏွစ္ေယာက္

လူမ်ားစြာအတြက္ အိမ္ေမြးတိရိစာၦန္မ်ားကို ကေလးမ်ားလို ခ်စ္ခင္ႏွစ္သက္ၾကတာပါ။ အဲဒါေၾကာင့္ သူတို႔ရဲ႕ “ရတနာ” ကို မေတာ္တဆ ဆုံးရႈံးသြားတဲ့အခါ ဘာပဲျဖစ္ျဖစ္ လိုက္ရွာဖို႔ လုပ္ၾကမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအခ်ိန္မွာ ေခြးဟာ အိမ္ေမြးတိရိစာၦန္ေတာ့မဟုတ္ဘဲ မိသားစုရဲ႕ အေရးပါတဲ့ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ေနလို႔ပါပဲ။

မၾကာမီက TikToker LB ဟာ ေပ်ာက္ဆုံးသြားတဲ့ သု႔ရဲ႕ အိမ္ေမြးတိရိစာၦန္ေလးကို ရွာေဖြရန္ ကီလိုမီတာ ၈၀၀ ေက်ာ္ ခရီးထြက္လိုက္ရွာခဲ့ပါတယ္။ သူမေမြးတဲ့ ေခြးက ဘာအေၾကာင္းေၾကာင့္မွန္းမသိဘဲ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ကေန Nghe An ၿမိဳ႕ကို ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ အဖြဲ႕လိုက္ရွာၿပီး ေနရာတိုင္းကို ေၾကျငာေတြတင္ၿပီး ၅ ရက္ၾကာေအာင္ႀကိဳးစားၿပီးေနာက္မွာေတာ့ သူတို႔ဇနီးေမာင္ႏွံဟာ သူတို႔ရဲ႕ေနရာနဲ႔အေဝးႀကီးမွာ “ေခြးကေလး” ကို ေတြ႕ရွိခဲ့ပါတယ္။

ရာသီဥတုကလဲ ေအးၿပီး လင္မယားႏွစ္ေယာက္သားက အလုပ္ေတြရႈပ္ေနေပမယ့္ ေခြးကိုျပန္ေခၚလာဖို႔ Nghe An ၿမိဳ႕ကို ကားနဲ႔ ကီလိုမီတာ ၈၀၀ ေက်ာ္ ေမာင္းႏွင္သြားခဲ့ၾကတာပါ။ လတ္တေလာမွာေတာ့ သူတို႔ေလးရဲ႕ အျဖစ္အပ်က္ဟာ ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ေနၿပီး ေဝဖန္မႈေတြေရာ၊ သူတို႔ကို ေလးစားတာေတြေရာေရာ၊ ေရာေထြးတဲ့ မွတ္ခ်က္ေတြ ေပးခံေနရပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories