တူလေးကို ၃နှစ်လောက် ပြုစုစောင့်ရှောက်ပြီးနောက် မိခင်ဆီပို့ရမယ့်အချိန်ရောက်တော့ မခွဲချင်လို့ ကလေးကိုပွေ့ဖက်ငိုကြွေးနေတဲ့ ဒေါ်လေး

မိသားစုထဲမှာ မိဘဘိုးဘွားတွေအပြင် အဒေါ်တွေကလည်း သူ့ရဲ့တူလေး၊တူမလေးတွေကို ခြွင်းချက်မရှိ အမြဲချစ်နေတဲ့သူတွေပါ။ ထို့ကြောင့် တူလေးတွေကို ရက်ပေါင်းများစွာ ပြုစုစောင့်ရှောက်ပြီးနောက် ခွဲရတော့မဲ့အချိန်တစ်ခုရောက်လာတော့ အဒေါ်တို့က ဝမ်းနည်းကြပါတယ်။ အထူးသဖြင့် မကြာသေးမီက ကောင်လေးငယ်တစ်ဦး ပွေ့ဖက်ကာ ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေတဲ့ အဒေါ်တစ်ဦးရဲ့ပုံရိပ်ဟာ စာဖက်သူတွေကို မျက်ရည်ကျစေခဲ့ပါတယ်။

ကောင်လေးဟာ မွေးစကတည်းက သူ့အမေဟာ အဝေးကြီးမှာ အလုပ်ရှုပ်နေတာကြောင့် အဒေါ်နဲ့ ကြီးပြင်းလာခဲ့တာပါ။ ၃ နှစ်အကြာမှာ မိခင်ဖြစ်သူက သားကို ခေါ်သွားတော့မဲ့အချိန်မှာ သူ့ရဲ့တူလေးကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။ သူမက ကောင်လေးကို အချိန်အကြာကြီး ပြုစုစောင့်ရှောက်ရတဲ့အတွက် သူ့သားလေးလို့ မှတ်ယူနေတာ ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက် အခုလိုခွဲခွါရတော့ ဝမ်းနည်းနေတာဖြစ်ပါတယ်။

ဒါပေမဲ့ တူဖြစ်သူမှာ ငယ်ရွယ်လွန်းတော့ ခွဲခွါခြင်းရဲ့ အဓိပ္ပါယ်ကို နားမလည်သေးဘဲ အပြစ်ကင်းစင်စွာ ပြုံးနေပါတယ်။ သူ့အဒေါ်ငိုနေတာကိုမြင်တော့ ကောင်လေးက နှစ်သိမ့်ပေးဖို့ ပွေ့ဖက်နမ်းပေးခဲ့ပါတယ်။ တစ်ယောက်ယောက်နဲ့ ခွဲခွာရတဲ့ အခိုက်အတန့်ဟာ အနာကျင်ဆုံး အခိုက်အတန့်ပါပဲ။

JRose(Tgidailynews)

Zawgyi

တူေလးကို ၃ႏွစ္ေလာက္ ျပဳစုေစာင့္ေရွာက္ၿပီးေနာက္ မိခင္ဆီပို႔ရမယ့္အခ်ိန္ေရာက္ေတာ့ မခြဲခ်င္လို႔ ကေလးကိုေပြ႕ဖက္ငိုေႂကြးေနတဲ့ ေဒၚေလး

မိသားစုထဲမွာ မိဘဘိုးဘြားေတြအျပင္ အေဒၚေတြကလည္း သူ႔ရဲ႕တူေလး၊တူမေလးေတြကို ႁခြင္းခ်က္မရွိ အၿမဲခ်စ္ေနတဲ့သူေတြပါ။ ထို႔ေၾကာင့္ တူေလးေတြကို ရက္ေပါင္းမ်ားစြာ ျပဳစုေစာင့္ေရွာက္ၿပီးေနာက္ ခြဲရေတာ့မဲ့အခ်ိန္တစ္ခုေရာက္လာေတာ့ အေဒၚတို႔က ဝမ္းနည္းၾကပါတယ္။ အထူးသျဖင့္ မၾကာေသးမီက ေကာင္ေလးငယ္တစ္ဦး ေပြ႕ဖက္ကာ ထိန္းမႏိုင္သိမ္းမရ ငိုေႂကြးေနတဲ့ အေဒၚတစ္ဦးရဲ႕ပုံရိပ္ဟာ စာဖက္သူေတြကို မ်က္ရည္က်ေစခဲ့ပါတယ္။

ေကာင္ေလးဟာ ေမြးစကတည္းက သူ႔အေမဟာ အေဝးႀကီးမွာ အလုပ္ရႈပ္ေနတာေၾကာင့္ အေဒၚနဲ႔ ႀကီးျပင္းလာခဲ့တာပါ။ ၃ ႏွစ္အၾကာမွာ မိခင္ျဖစ္သူက သားကို ေခၚသြားေတာ့မဲ့အခ်ိန္မွာ သူ႔ရဲ႕တူေလးကို ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ပါတယ္။ သူမက ေကာင္ေလးကို အခ်ိန္အၾကာႀကီး ျပဳစုေစာင့္ေရွာက္ရတဲ့အတြက္ သူ႔သားေလးလို႔ မွတ္ယူေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္တဲ့အတြက္ အခုလိုခြဲခြါရေတာ့ ဝမ္းနည္းေနတာျဖစ္ပါတယ္။

ဒါေပမဲ့ တူျဖစ္သူမွာ ငယ္႐ြယ္လြန္းေတာ့ ခြဲခြါျခင္းရဲ႕ အဓိပၸါယ္ကို နားမလည္ေသးဘဲ အျပစ္ကင္းစင္စြာ ၿပဳံးေနပါတယ္။ သူ႔အေဒၚငိုေနတာကိုျမင္ေတာ့ ေကာင္ေလးက ႏွစ္သိမ့္ေပးဖို႔ ေပြ႕ဖက္နမ္းေပးခဲ့ပါတယ္။ တစ္ေယာက္ေယာက္နဲ႔ ခြဲခြာရတဲ့ အခိုက္အတန႔္ဟာ အနာက်င္ဆုံး အခိုက္အတန႔္ပါပဲ။

JRose(Tgidailynews)

  • Leave a Comment

Categories