အဖေက စောစွာဆုံးပါးသွားတော့ အစ်ကိုကြီး ၂ ယောက်က အငယ်ဆုံးညီရဲ့ မင်္ဂလာပွဲမှာ မိဘကိုယ်စား ဆုံးမသင်ကြားပေးနေခဲ့

မိသားစုများစွာက ကံမကောင်းအကြောင်းမလှစွာဖြင့် မိဘများကို စောစီးစွာဆုံးရှုံးခဲ့ကြပြီး မိသားစုအတွင်း ညီအစ်ကိုများ အချင်းချင်း အားကိုးကြရပါတယ်။ မကြာသေးမီက အဖေဆုံးပါးသွားချိန်မှာ တစ်ယောက်ကိုတစ်ယောက် အားကိုးတကြီး မှီခိုနေကြတဲ့ ညီအစ်ကိုသုံးယောက်ဟာ ညီအငယ်ဆုံးမိန်းမရသွားတော့ အစ်ကြီးက ဖခင်အစားလုပ်ပေးရပါတယ်။ ဗီဒီယိုထဲမှာတော့ ညီအစ်ကို ၃ ယောက်နဲ့ သတို့သမီးက မျက်ရည်တွေကျပြီး ချစ်တဲ့စကားတွေ ပြောခဲ့ပါတယ်။

သတို့သမီးက သူ့ခင်ပွန်းဟာ မိသားစုမှာ ညီအကို ၃ ယောက်ထဲက အငယ်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ပွန်းသည်က မိသားစုမှာ အငယ်ဆုံးဖြစ်သောကြောင့် ညီအစ်ကိုများက အလွန်ချစ်ခင်ကြင်နာတတ်ကြတာပါ။ မိဘတွေမရှိတော့လို့ ညီအစ်ကို သုံးယောက်က တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး မျက်ရည်တွေ ကျလာပါတယ်။ ဒီအဖြစ်ကို မြင်လိုက်ရတော့ သူ့ဘေးက သတို့သမီးလေးလည်း မျက်ရည်ကျခဲ့ပါတယ်။

သတို့သားဟာ ငယ်စဉ်ကတည်းက ညီအစ်ကိုများ ဝိုင်းရံပြီး ပြုစု ပျိုးထောင်ခံရတဲ့အခါ အလွန်ထိမိခဲ့ပါတယ်။ ထိုအမှတ်တရအခိုက်အတန့်မှာ ညီအစ်ကိုများက သတို့သမီးနဲ့ သတို့သားကို အမျိုးမျိုးသော အရာများ သင်ကြားပေးခဲ့ပါတယ်။ အမှန်တကယ်တော့ ဒီတန်ဖိုးကြီးတဲ့ ခံစားချက်က ကြည့်မိတဲ့သူတိုင်းကို ထိမိစေခဲ့ပါတယ်။ မိသားစုက ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးအရာဖြစ်တာကြောင့် သူတို့က ကျွန်တော်တို့ကို အမြဲချစ်မြတ်နိုးပြီး ပြုစုပျိုးထောင်ပေးပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories