အသက် 18 နှစ်အရွယ်လေးမှာ ကိုယ်ပိုင်အလုပ်ဖြင့် ကြီးပွါးချမ်းသာပြီး လှပကြော့မော့နေတဲ့ TikToker မိန်းကလေး

မကြာသေးမီက Yona Cu အမည်ရှိ မိန်းကလေးဟာ သူမရဲ့အလှတရား​ကြောင့် TikTok မှာ Follower 6 သန်းနီးပါးရရှိထားပါတယ်။ မကြာခင်ကဘဲ သူမရဲ့ 18 နှစ်ပြည့်မွေးနေ့ကို မိသားစုနဲ့အတူ ကျင်းပခဲ့ပါတယ်။ Follower 6 သန်းနီးပါးရှိတဲ့ TikTok ချန်နယ်ကို ပိုင်ဆိုင်ပြီး အသက် 18 နှစ်မှာ သူဌေးဖြစ်ရခြင်းက လူတော်တော်များများ သဘောကျတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ယနေ့လို ငယ်ရွယ်စဉ်မှာ ကိုယ်ပိုင်အိမ်ခြံမြေပိုင်ဆိုင်နိုင်ရန်အတွက် Yona က အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Yona ဟာ ငယ်စဉ်ကတည်းက မကြာခဏဖျားနာခဲ့ပြီး သူမရဲ့အိမ်ဟာ ကျေးလက်မှာရှိတာကြောင့် မြို့ကိုသွားပြီး ဆေးကုသရန် တစ်လလုံး ကျောင်းပျက်ခဲ့ရတဲ့ အချိန်တစ်ခုရှိခဲ့ပါတယ်။ 10 တန်းရောက်တော့ Yona က အနားယူဖို့ ဆုံးဖြတ်လိုက်ပလတယ်။ ထိုအချိန်မှစပြီး သူမရဲ့မိဘများကို လယ်ကွင်းများနဲ့ ဥယျာဉ်များမှာ ကူညီပေးတဲ့အပြင် Yona က လူမှုကွန်ရက်ပေါ်မှာ အကြောင်းအရာဖန်တီးခြင်းနဲ့ TikToker လမ်းကြောင်းပေါ်မှာ စတင်လုပ်ကိုင်ခြင်းတို့ကို သိရှိလာခဲ့ပါတယ်။

အစပိုင်းမှာ အပျော်သဘောမျှသာကစားပေမဲ့ သူမရဲ့အလှတရားကြောင့် လျင်မြန်စွာ နာမည်ကြီးလာခဲ့ပါတယ်။ သူမရဲ့ လှပတဲ့ အသွင်အပြင်၊ တောက်ပတဲ့ အပြုံး၊ သွယ်လျတဲ့ ခန္ဓာကိုယ်ကြောင့် “Bana Girl” အလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လူအများက တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမယ့် Yona က အလှမယ်ပြိုင်ပွဲကို သွားဖို့အတွက် အချက်များစွာ လိုအပ်ပြီး Yona အတွက် မဖြစ်နိုင်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဒီပျော်ရွှင်မှုကို မျှဝေပြီးပြီးချင်းမှာပဲ လူတော်တော်များများက Yona Cuong ကို ဒီထက်ပိုပြီး အောင်မြင်မယ်လို့ မျှော်လင့်ကြပါတယ်။

JRose(Tgidailynews)

Zawgyi

အသက္ 18 ႏွစ္အ႐ြယ္ေလးမွာ ကိုယ္ပိုင္အလုပ္ျဖင့္ ႀကီးပြါးခ်မ္းသာၿပီး လွပေၾကာ့ေမာ့ေနတဲ့ TikToker မိန္းကေလး

မၾကာေသးမီက Yona Cu အမည္ရွိ မိန္းကေလးဟာ သူမရဲ႕အလွတရား​ေၾကာင့္ TikTok မွာ Follower 6 သန္းနီးပါးရရွိထားပါတယ္။ မၾကာခင္ကဘဲ သူမရဲ႕ 18 ႏွစ္ျပည့္ေမြးေန႔ကို မိသားစုနဲ႔အတူ က်င္းပခဲ့ပါတယ္။ Follower 6 သန္းနီးပါးရွိတဲ့ TikTok ခ်န္နယ္ကို ပိုင္ဆိုင္ၿပီး အသက္ 18 ႏွစ္မွာ သူေဌးျဖစ္ရျခင္းက လူေတာ္ေတာ္မ်ားမ်ား သေဘာက်တဲ့ အရာတစ္ခုပါ။ ဒါေပမဲ့ ယေန႔လို ငယ္႐ြယ္စဥ္မွာ ကိုယ္ပိုင္အိမ္ၿခံေျမပိုင္ဆိုင္ႏိုင္ရန္အတြက္ Yona က အခက္အခဲမ်ားစြာကို ျဖတ္သန္းခဲ့ရတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

Yona ဟာ ငယ္စဥ္ကတည္းက မၾကာခဏဖ်ားနာခဲ့ၿပီး သူမရဲ႕အိမ္ဟာ ေက်းလက္မွာရွိတာေၾကာင့္ ၿမိဳ႕ကိုသြားၿပီး ေဆးကုသရန္ တစ္လလုံး ေက်ာင္းပ်က္ခဲ့ရတဲ့ အခ်ိန္တစ္ခုရွိခဲ့ပါတယ္။ 10 တန္းေရာက္ေတာ့ Yona က အနားယူဖို႔ ဆုံးျဖတ္လိုက္ပလတယ္။ ထိုအခ်ိန္မွစၿပီး သူမရဲ႕မိဘမ်ားကို လယ္ကြင္းမ်ားနဲ႔ ဥယ်ာဥ္မ်ားမွာ ကူညီေပးတဲ့အျပင္ Yona က လူမႈကြန္ရက္ေပၚမွာ အေၾကာင္းအရာဖန္တီးျခင္းနဲ႔ TikToker လမ္းေၾကာင္းေပၚမွာ စတင္လုပ္ကိုင္ျခင္းတို႔ကို သိရွိလာခဲ့ပါတယ္။

အစပိုင္းမွာ အေပ်ာ္သေဘာမွ်သာကစားေပမဲ့ သူမရဲ႕အလွတရားေၾကာင့္ လ်င္ျမန္စြာ နာမည္ႀကီးလာခဲ့ပါတယ္။ သူမရဲ႕ လွပတဲ့ အသြင္အျပင္၊ ေတာက္ပတဲ့ အၿပဳံး၊ သြယ္လ်တဲ့ ခႏၶာကိုယ္ေၾကာင့္ “Bana Girl” အလွမယ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ လူအမ်ားက တိုက္တြန္းခဲ့ၾကပါတယ္။ ဒါေပမယ့္ Yona က အလွမယ္ၿပိဳင္ပြဲကို သြားဖို႔အတြက္ အခ်က္မ်ားစြာ လိုအပ္ၿပီး Yona အတြက္ မျဖစ္ႏိုင္ဘူးလို႔ ရွင္းျပခဲ့ပါတယ္။ ဒီေပ်ာ္႐ႊင္မႈကို မွ်ေဝၿပီးၿပီးခ်င္းမွာပဲ လူေတာ္ေတာ္မ်ားမ်ားက Yona Cuong ကို ဒီထက္ပိုၿပီး ေအာင္ျမင္မယ္လို႔ ေမွ်ာ္လင့္ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories