မင်္ဂလာမဆောင်မီ သတို့သမီးက သူမရဲ့ ချစ်သူဟောင်းနဲ့ ချိန်းတွေ့ခဲ့တာကို သိပြီးနောက် သတို့သမီးက တောင်းပန်ခဲ့ပေမဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့တဲ့ သတို့သား

အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ ဘယ်သူကမှ ကိုယ့်အပေါ် သစ္စာဖောက်၊ လှည့်စားခြင်းကို မခံချင်ကြပါဘူး။ ဒါပေမဲ့လည်း မကြာသေးမီက သတို့သမီးတစ်ဦးဟာ သူမရဲ့ ချစ်သူဟောင်းနဲ့ ချိန်းတွေ့ရန် လက်ထပ်ပွဲ မတိုင်မီမှာ သူမနဲ့ ပြန်လည်တွေ့ဆုံရန် တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သတို့သားက သူမရဲ့လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်က အနောက်အာဖရိကရှိ ဂါနာနိုင်ငံအလယ်ပိုင်း Kasoa မြို့မှာ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။ မင်္ဂလာပွဲပယ်ဖျက်လိုက်တဲ့ ဗီဒီယိုဖိုင်ကို မင်္ဂလာဧည့်သည်တစ်ဦးက ရိုက်ကူးပြီး လူမှုကွန်ရက်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာ သတို့သမီးက လှပတဲ့ အဖြူရောင်မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး မင်္ဂလာပန်းစည်းကို ကိုင်ဆောင်ကာ ခန်းမထဲကိုမဝင်ဘဲ သတို့သားကို ရှင်းပြရန် ကြိုးစားနေပါတယ်။

သတို့သမီးက မင်္ဂလာပွဲမဖျက်သိမ်းရန် သတို့သားကို တောင်းပန်ပေမယ့် သတို့သားကတော့ လုံးဝသဘောမတူပါဘူး။ သတို့သမီးက မျက်ရည်များဝဲကာ ငိုကြွေးပြီး ဆက်လက် တောင်းရမ်းနေပေမဲ့ သတို့သားက နောက်ထပ်ရှင်းပြချက်များကို မကြားလိုကြောင်း ပြောပြီး လူရှေ့မှာဘဲ မင်္ဂလာပွဲကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ပါတယ်။ ၎င်းကို မျှဝေပြီးနောက် အင်တာနက်အသုံးပြုသူအများစုက သတို့သမီးရဲ့လုပ်ရပ်ကြောင့် သတို့သားအခုလို့လုပ်တာမှန်တယ်လို့ သူတို့သဘောထားကို မျှဝေခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

မဂၤလာမေဆာင္မီ သတို႔သမီးက သူမရဲ႕ ခ်စ္သူေဟာင္းနဲ႔ ခ်ိန္းေတြ႕ခဲ့တာကို သိၿပီးေနာက္ သတို႔သမီးက ေတာင္းပန္ခဲ့ေပမဲ့ မဂၤလာပြဲကို ဖ်က္သိမ္းဖို႔ဆုံးျဖတ္ခဲ့တဲ့ သတို႔သား

အခ်စ္ေရးနဲ႔ အိမ္ေထာင္ေရးမွာ ဘယ္သူကမွ ကိုယ့္အေပၚ သစၥာေဖာက္၊ လွည့္စားျခင္းကို မခံခ်င္ၾကပါဘူး။ ဒါေပမဲ့လည္း မၾကာေသးမီက သတို႔သမီးတစ္ဦးဟာ သူမရဲ႕ ခ်စ္သူေဟာင္းနဲ႔ ခ်ိန္းေတြ႕ရန္ လက္ထပ္ပြဲ မတိုင္မီမွာ သူမနဲ႔ ျပန္လည္ေတြ႕ဆုံရန္ ေတာင္းဆိုခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ သတို႔သားက သူမရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး မဂၤလာပြဲကို ဖ်က္သိမ္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္က အေနာက္အာဖရိကရွိ ဂါနာႏိုင္ငံအလယ္ပိုင္း Kasoa ၿမိဳ႕မွာ ျဖစ္ပြားခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့ပါတယ္။ မဂၤလာပြဲပယ္ဖ်က္လိုက္တဲ့ ဗီဒီယိုဖိုင္ကို မဂၤလာဧည့္သည္တစ္ဦးက ႐ိုက္ကူးၿပီး လူမႈကြန္ရက္မွာ တင္ခဲ့တာျဖစ္ပါတယ္။ ဗီဒီယိုဖိုင္မွာ သတို႔သမီးက လွပတဲ့ အျဖဴေရာင္မဂၤလာဝတ္စုံကို ၀တ္ဆင္ထားၿပီး မဂၤလာပန္းစည္းကို ကိုင္ေဆာင္ကာ ခန္းမထဲကိုမဝင္ဘဲ သတို႔သားကို ရွင္းျပရန္ ႀကိဳးစားေနပါတယ္။

သတို႔သမီးက မဂၤလာပြဲမဖ်က္သိမ္းရန္ သတို႔သားကို ေတာင္းပန္ေပမယ့္ သတို႔သားကေတာ့ လုံးဝသေဘာမတူပါဘူး။ သတို႔သမီးက မ်က္ရည္မ်ားဝဲကာ ငိုေႂကြးၿပီး ဆက္လက္ ေတာင္းရမ္းေနေပမဲ့ သတို႔သားက ေနာက္ထပ္ရွင္းျပခ်က္မ်ားကို မၾကားလိုေၾကာင္း ေျပာၿပီး လူေရွ႕မွာဘဲ မဂၤလာပြဲကို ဖ်က္သိမ္းရန္ ေတာင္းဆိုခဲ့ပါတယ္။ ၎ကို မွ်ေဝၿပီးေနာက္ အင္တာနက္အသုံးျပဳသူအမ်ားစုက သတို႔သမီးရဲ႕လုပ္ရပ္ေၾကာင့္ သတို႔သားအခုလို႔လုပ္တာမွန္တယ္လို႔ သူတို႔သေဘာထားကို မွ်ေဝခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories