အသက် ၆၇ နှစ်အရွယ် ယူဂန်ဒါ လယ်သမား Mzee Musa Hasahya ဟာ ဇနီး ၁၂ ဦး၊ သားသမီး ၁၀၂ ဦးနဲ့ မြေး ၅၆၈ ဦးတို့ဖြင့် နေထိုင်နေတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ Hasahya က အသက် ၁၆ နှစ်အရွယ်မှာ ပထမဇနီးနဲ့ လက်ထပ်ခဲ့ပြီး ၁၂ နှစ်တိုင်တိုင် ဇနီးမယားအသစ်များ ဆက်လက်ရယူခဲ့ပါတယ်။ Hasahya ရဲ့ ကလေးသုံးပုံတစ်ပုံခန့်က သူနဲ့ သူဇနီးများနဲ့အတူ မိသားစုအိမ်မှာ နေထိုင်ကြပြီး ကျန်သူများကတော့ အဝေးသို့ပြောင်းသွားကာ ၎င်းတို့ရဲ့ ကိုယ်ပိုင်မိသားစုများကို စတင်ခဲ့ကြပါတယ်။
Hasahya ရဲ့ကြီးမားလှတဲ့မိသားစုက ပြီးပြည့်စုံနေတာမဟုတ်လို့ အချို့ဇနီးက သူ့ကို စွန့်ခွါသွားခဲ့ပါတယ်။ “ငွေရေးကြေးရေး အခြေအနေ ဆိုးလာတာကို မြင်ပြီး အခု ကိုယ်ဝန်တားဆေး သောက်နေတယ်” လို့ အဆိုပါ အမျိုးသားရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။ နောက်ဆုံးမှာ Hasahya က ကလေး ၁၀၂ ယောက်နဲ့ မြေး ၅၆၈ ယောက်ရှိပါတယ်။
JRose(Tgidailynews)
Zawgyi
ဇနီး ၁၂ ဦးနဲ့ ကလေး ၁၀၂ ဦးရှိတဲ့ အမျိုးသားဟာ မိသားစုမှာ လူဦးရေထပ်မတိုးအောင် ဇနီးကို ကိုယ်ဝန်တားဆေးသောက်ခိုင်းနေရတဲ့အဖြစ်
JRose(Tgidailynews)