ငယ်ရွယ်သေးတာကြောင့် ဖယောင်းတိုင်မီးမှုတ်ရာမှာ အတွေ့အကြုံမရှိသဖြင့် နှုတ်ခမ်းစူကာ မီးမှုတ်နေတဲ့ ချစ်စရာကလေးလေး

မကြာသေးမီက မိကျောင်းဝတ်စုံကို ၀တ်ဆင်ထားပြီး မွေးနေ့မှာ ဖယောင်းတိုင်မီးမှုတ်နေတဲ့ ကလေးသေးသေးလေးရဲ့ ဗီဒီယိုဖိုင်က လူအများကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဗီဒီယိုဖိုင်မှာ ကလေးအတွက် ဖယောင်းတိုင်များနဲ့ မွေးနေ့ကိတ်များဖြင့် မိသားစုမှ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ထိုအချိန်မှာ ဖခင်က ဖယောင်းတိုင်မီးထွန်းပေးပြီး ဖယောင်းတိုင်မီးမှုတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ ကောင်လေးကလည်း စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာပြီး ဖယောင်းတိုင်ကို မှုတ်လိုက်သလိုမျိုး သူ့နှုတ်ခမ်းတွေကို ထော်ပြီးမှုက်ခဲ့ပေမဲ့ မီးက မငြိမ်းခဲ့ပါဘူး။

ထိုအချိန်မှာ ကောင်လေးက မီးကိုမှုတ်ရန် နီးနီးကပ်ကပ်နေပြီး သူ့နှုတ်ခမ်းများကို မီးနဲ့ ထိခါနီးမှာ
ဖခင်ဖြစ်သူက ကလေးကို အမြန်ဆွဲထုတ်ခဲ့ပါတယ်။ထိုအချိန်မှာ ကောင်လေးက မီးကို နီးနီးကပ်ကပ် မမှုတ်ခြင်းတဲ့ အန္တရာယ်ကို သိရှိခဲ့ပါတယ်။ မီးကိုဆက်တိုက်မှုန်ပြီးနောက်၊ ကောင်လေးက ဖယောင်းတိုင်ကို မတော်တဆ မှုတ်ပစ်လိုက်ပါတယ်။ ၎င်းအဖြစ်အပျက်ကို မျှဝေပြီးပြီးချင်းမှာပဲ လူတွေက ကလေးလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူကြောင့် အလွန်စိတ်လှုပ်ရှားခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories