မိသားစုတွေကို ထောက်ပံ့ပေးဖို့ ၀က်သားရောင်းတာနဲ့ဘဲ အချိန်ကုန်နေရတော့ သားဖြစ်သူ ဂျပန်ကနေပြန်တာကိုတောင် သတိမထားမိတဲ့ဖခင်

မကြာသေးမီက ကောင်လေးတစ်ဦးဟာ ဂျပန်နိုင်ငံမှာ နှစ်အတော်ကြာ ပညာသင်ကြားပြီးနောက် သူ့ရဲ့မွေးရပ်မြေကို ပြန်လာတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ်။ ကောင်လေးရဲ့ အဖေက သူ့ကလေးတွေရဲ့ ပညာရေးကို ထောက်ပံ့ဖို့ သူ့ကိုယ်ပိုင်ပျော်ရွှင်မှုကို စတေးပြီး ကြက်သားရောင်းကာ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရတာပါ။ ကောင်လေးက “အမေဆုံးသွားတာ ၉ နှစ်ရှိပြီ။ အဖေတစ်ယောက်ကပဲ ကျွန်တော်တို့ မိသားစုကို ထောက်ပံ့ထားတယ်”လို့ ပြောခဲ့ပါတယ်။

သားဖြစ်သူဟာ ဂျပန်သို့ ၃ နှစ်ကျော်သွားပြီးနောက် သူ့ဇာတိမြို့သို့ မကြာသေးမီက ပြန်လာခဲ့ပါတယ်။ ဖခင်ဖြစ်သူကို အံ့အားသင့်စေရန်အတွက် ကောင်လေးက အဖေက်ု အသိမပေးဘဲ ဗီယက်နမ်ကို လျှို့ဝှက်စွာပြန်လာခဲ့ပါတယ်။ အဲဒီနောက် သူ့အဖေရဲ့ အသားရောင်းတဲ့ဆိုင်ကို တည့်တည့်သွားခဲ့ပါတယ်။ လမ်းသွားလမ်းလာတစ်ဦးအဖြစ် မျက်နှာကို ဖုံးအုပ်ကာ ဟန်ဆောင်ခဲ့ပါတယ်။

ဖခင်က အရောင်းအလုပ်များသောကြောင့် သားဖြစ်သူရဲ့ ရင်းနှီးတဲ့ အသံကို မမှတ်မိခဲ့ပါဘူး။ ထိုအချိန်မှာ လူငယ်က ရယ်မောပြီး “ဖေဖေ၊ သားကို မမှတ်မိဘူးလား” လို့ ပြောလိုက်တော့ သားအဖ နှစ်ယောက်လုံး ဝမ်းသာအားရ ပွေ့ဖက်ကြပါတယ်။ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဘေးအိမ်က ဧည့်သည်ရော အိမ်နီးနားချင်းတွေလည်း တုန်လှုပ်သွားကြပါတယ်။ အဖေဆိုတာ သားသမီးတွေနဲ့ စကားသိပ်မပြောပေမယ့် သားသမီးအပေါ်ထားတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာက တိုင်းတာလို့မရပါဘူး။

JRose(Tgidailynews)

Zawgyi

မိသားစုေတြကို ေထာက္ပံ့ေပးဖို႔ ၀က္သားေရာင္းတာနဲ႔ဘဲ အခ်ိန္ကုန္ေနရေတာ့ သားျဖစ္သူ ဂ်ပန္ကေနျပန္တာကိုေတာင္ သတိမထားမိတဲ့ဖခင္

မၾကာေသးမီက ေကာင္ေလးတစ္ဦးဟာ ဂ်ပန္ႏိုင္ငံမွာ ႏွစ္အေတာ္ၾကာ ပညာသင္ၾကားၿပီးေနာက္ သူ႔ရဲ႕ေမြးရပ္ေျမကို ျပန္လာတဲ့ ဗီဒီယိုဖိုင္ကို မွ်ေဝခဲ့ပါတယ္။ ေကာင္ေလးရဲ႕ အေဖက သူ႔ကေလးေတြရဲ႕ ပညာေရးကို ေထာက္ပံ့ဖို႔ သူ႔ကိုယ္ပိုင္ေပ်ာ္႐ႊင္မႈကို စေတးၿပီး ၾကက္သားေရာင္းကာ ႏွစ္ေပါင္းမ်ားစြာ ကုန္ဆုံးခဲ့ရတာပါ။ ေကာင္ေလးက “အေမဆုံးသြားတာ ၉ ႏွစ္ရွိၿပီ။ အေဖတစ္ေယာက္ကပဲ ကြၽန္ေတာ္တို႔ မိသားစုကို ေထာက္ပံ့ထားတယ္”လို႔ ေျပာခဲ့ပါတယ္။

သားျဖစ္သူဟာ ဂ်ပန္သို႔ ၃ ႏွစ္ေက်ာ္သြားၿပီးေနာက္ သူ႔ဇာတိၿမိဳ႕သို႔ မၾကာေသးမီက ျပန္လာခဲ့ပါတယ္။ ဖခင္ျဖစ္သူကို အံ့အားသင့္ေစရန္အတြက္ ေကာင္ေလးက အေဖက္ု အသိမေပးဘဲ ဗီယက္နမ္ကို လွ်ိဳ႕ဝွက္စြာျပန္လာခဲ့ပါတယ္။ အဲဒီေနာက္ သူ႔အေဖရဲ႕ အသားေရာင္းတဲ့ဆိုင္ကို တည့္တည့္သြားခဲ့ပါတယ္။ လမ္းသြားလမ္းလာတစ္ဦးအျဖစ္ မ်က္ႏွာကို ဖုံးအုပ္ကာ ဟန္ေဆာင္ခဲ့ပါတယ္။

ဖခင္က အေရာင္းအလုပ္မ်ားေသာေၾကာင့္ သားျဖစ္သူရဲ႕ ရင္းႏွီးတဲ့ အသံကို မမွတ္မိခဲ့ပါဘူး။ ထိုအခ်ိန္မွာ လူငယ္က ရယ္ေမာၿပီး “ေဖေဖ၊ သားကို မမွတ္မိဘူးလား” လို႔ ေျပာလိုက္ေတာ့ သားအဖ ႏွစ္ေယာက္လုံး ဝမ္းသာအားရ ေပြ႕ဖက္ၾကပါတယ္။ ထိုျမင္ကြင္းကို ျမင္လိုက္ရေတာ့ ေဘးအိမ္က ဧည့္သည္ေရာ အိမ္နီးနားခ်င္းေတြလည္း တုန္လႈပ္သြားၾကပါတယ္။ အေဖဆိုတာ သားသမီးေတြနဲ႔ စကားသိပ္မေျပာေပမယ့္ သားသမီးအေပၚထားတဲ့ သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာက တိုင္းတာလို႔မရပါဘူး။

JRose(Tgidailynews)

  • Leave a Comment

Categories