စားပွဲအပြည့်နဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့ပေမဲ့ ဧည့်သည်တွေ နည်းနည်းဘဲလာလို့ စိတ်မကောင်းဖြစ်ခဲ့ကြတဲ့ ကြင်စဦးဇနီးမောင်နှံ

အိမ်ထောင်ပြုတော့မယ်ဆိုရင် လူတိုင်းက ပွဲကြီးပွဲကောင်း ကျင်းပချင်ကြတာပါ။ ဒါပေမယ့် ဒီတရုတ်စုံတွဲအတွက် စိတ်မကောင်းမိပါတယ်။ စားပွဲအများကြီး ပြင်ဆင်ထားပေမဲ့ တက်ရောက်သူ အနည်းငယ်သာ ရှိခဲ့ပါတယ်။ သတင်းတွေအရတော့ မင်္ဂလာပွဲကို တရုတ်နိုင်ငံ Shanxi ပြည်နယ် Taiyuan မြို့မှာ ကျင်းပခဲ့ပါတယ်။ ပုံတွေအရ ပွဲရုံမှာ စားပွဲတွေနဲ့ ပြည့်ကျပ်နေတာကို တွေ့ရပါတယ်။ အစားအသောက်နဲ့ အဖျော်ယမကာများကို စားပွဲပေါ်မှာ ခင်းကျင်းထားပေမဲ့ စားပွဲဝိုင်းမှာ ဧည့်သည်တစ်ယောက်မှ မရှိခဲ့ပါဘူး။

တရုတ်နိုင်ငံမှာ COVID-19 ကပ်ရောဂါအခြေအနေကြောင့် လူအများအပြား ကူးစက်ခံရပြီး အဆိုပါပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ဧည့်သည်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ရောဂါပိုးမရှိသူများမှာ အကြောက်လွန်ကာ အိမ်မှ အပြင်ကို မထွက်ခွါဝံ့ကြပါဘူး။ ကြင်စဦး ဇနီးမောင်နှံများက ပွဲနေ့ကို မရွှေ့ဆိုင်းရန် အခိုင်အမာ တောင်းဆိုထားသောကြောင့် စားပွဲကို ယခုလို ဖွင့်ရခြင်း ဖြစ်ပါတယ်။ ဒီအတွက် Netizens က ကြင်စဦးကို ဝေဖန်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မင်္ဂလာပွဲကို ရွှေ့ဆိုင်းတာဟာ အကောင်းဆုံးဖြေရှင်းချက်လို့ ပြောကြပါတယ်။

JRose(Tgidailynews)

Zawgyi

စားပြဲအျပည့္နဲ႔ မဂၤလာပြဲကို ခမ္းခမ္းနားနားက်င္းပခဲ့ေပမဲ့ ဧည့္သည္ေတြ နည္းနည္းဘဲလာလို႔ စိတ္မေကာင္းျဖစ္ခဲ့ၾကတဲ့ ၾကင္စဦးဇနီးေမာင္ႏွံ

အိမ္ေထာင္ျပဳေတာ့မယ္ဆိုရင္ လူတိုင္းက ပြဲႀကီးပြဲေကာင္း က်င္းပခ်င္ၾကတာပါ။ ဒါေပမယ့္ ဒီတ႐ုတ္စုံတြဲအတြက္ စိတ္မေကာင္းမိပါတယ္။ စားပြဲအမ်ားႀကီး ျပင္ဆင္ထားေပမဲ့ တက္ေရာက္သူ အနည္းငယ္သာ ရွိခဲ့ပါတယ္။ သတင္းေတြအရေတာ့ မဂၤလာပြဲကို တ႐ုတ္ႏိုင္ငံ Shanxi ျပည္နယ္ Taiyuan ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။ ပုံေတြအရ ပြဲ႐ုံမွာ စားပြဲေတြနဲ႔ ျပည့္က်ပ္ေနတာကို ေတြ႕ရပါတယ္။ အစားအေသာက္နဲ႔ အေဖ်ာ္ယမကာမ်ားကို စားပြဲေပၚမွာ ခင္းက်င္းထားေပမဲ့ စားပြဲဝိုင္းမွာ ဧည့္သည္တစ္ေယာက္မွ မရွိခဲ့ပါဘူး။

တ႐ုတ္ႏိုင္ငံမွာ COVID-19 ကပ္ေရာဂါအေျခအေနေၾကာင့္ လူအမ်ားအျပား ကူးစက္ခံရၿပီး အဆိုပါပြဲကို တက္ေရာက္ႏိုင္ျခင္း မရွိခဲ့ေၾကာင္း ဧည့္သည္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ေရာဂါပိုးမရွိသူမ်ားမွာ အေၾကာက္လြန္ကာ အိမ္မွ အျပင္ကို မထြက္ခြါဝံ့ၾကပါဘူး။ ၾကင္စဦး ဇနီးေမာင္ႏွံမ်ားက ပြဲေန႔ကို မေ႐ႊ႕ဆိုင္းရန္ အခိုင္အမာ ေတာင္းဆိုထားေသာေၾကာင့္ စားပြဲကို ယခုလို ဖြင့္ရျခင္း ျဖစ္ပါတယ္။ ဒီအတြက္ Netizens က ၾကင္စဦးကို ေဝဖန္ခဲ့ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ မဂၤလာပြဲကို ေ႐ႊ႕ဆိုင္းတာဟာ အေကာင္းဆုံးေျဖရွင္းခ်က္လို႔ ေျပာၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories