စာသောက်ဆိုင်မှာထိုင်ပြီး မှာထားတဲ့အစာတွေကို မိနစ်၃၀လောက်အကြာစောင့်ခဲ့ရလို့ မီးဖိုချောင်ထဲဝင်ပြီး ကိုင်တိုင်ချက်စားလိုက်တဲ့ သူငယ်ချင်းတစ်စု

အထူးသဖြင့် ဗိုက်ဆာလွန်းတဲ့အခါမှာ ကျွန်ုပ်တို့ မှာယူထားတဲ့ မီနူးကို မြန်မြန်ဆန်ဆန်လေး ရစေချင်ပါတယ်။ မြန်မြန်ရလေ ပိုကောင်းလေဆိုပေမယ့် မှာထားတဲ့ အစားအသောက်တွေ ပြင်ဆင်ဖို့ အချိန်အတော်ကြာရင်တော့ ကျွန်တော်တို့ဆို ဒေါသထွက်ရင်ထွက်မိမှာပါ။ မကြာမီက တရုတ်နိုင်ငံ၊ Hubei ပြည်နယ်၊ Shiyan ရွာမှာ မစ္စတာ Chen နဲ့ သူ့သူငယ်ချင်းတွေက အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းလာကြပါတယ်။

ကားရပ်နားရာနေရာရှိ စားသောက်ဆိုင်ငယ်လေးကို တွေ့လိုက်တဲ့အခါ ထိုနေရာမှာ စားသောက်ရန် ဆုံးဖြတ်လိုက်ကြပါတယ်။ မီနူးတွေမှာပြီး စားစရာကို အေးအေးဆေးဆေး ထိုင်စောင့်နေကြပါတယ်။ ဒါပေမယ့် မိနစ် 30 အကြာမှာတော့ အစားအစာတွေ လာမချသေးတဲ့အတွက် မီးဖိုချောင်ထဲဝင်ပြီး ကိုယ်တိုင်ချက်ဖို့ ခွင့်တောင်းလိုက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ မစ္စ Chen ရဲ့ သူငယ်ချင်းတစ်ယောက်က စားဖိုမှူးပါ။

ပထမတော့ ဆိုင်ပိုင်ရှင်က မယုံဘဲ နောက်ပြောင်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ သူငယ်ချင်းစားဖိုမှူးက တစ်လကို ယွမ် 20,000 မှ 30,000 ထက်ပိုတဲ့ ဝင်ငွေရတယ်လို့ ဆိုင်ရှင်ကို ပြောပြကြပါတယ်။ ကုန်ကြမ်းဖြုန်းတီးခြင်းကြောင့် ဆိုင်ပိုင်ရှင်က မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဟင်းချက်ပြီးတာနဲ့ ဆိုင်ရှင်က သူ့လက်ရာကို မြှီးစမ်းကြည့်တဲ့အခါ အံ့အားသင့်သွားပြီး လစာကြီးမြင့်ရတာနဲ့ ထိုက်တန်ပါတယ်လို့ ချီးကျူးလိုက်ပါတယ်။

JRose(Tgidailynews)

Zawgyi

စာေသာက္ဆိုင္မွာထိုင္ၿပီး မွာထားတဲ့အစာေတြကို မိနစ္၃၀ေလာက္အၾကာေစာင့္ခဲ့ရလို႔ မီးဖိုေခ်ာင္ထဲဝင္ၿပီး ကိုင္တိုင္ခ်က္စားလိုက္တဲ့ သူငယ္ခ်င္းတစ္စု

အထူးသျဖင့္ ဗိုက္ဆာလြန္းတဲ့အခါမွာ ကြၽႏ္ုပ္တို႔ မွာယူထားတဲ့ မီႏူးကို ျမန္ျမန္ဆန္ဆန္ေလး ရေစခ်င္ပါတယ္။ ျမန္ျမန္ရေလ ပိုေကာင္းေလဆိုေပမယ့္ မွာထားတဲ့ အစားအေသာက္ေတြ ျပင္ဆင္ဖို႔ အခ်ိန္အေတာ္ၾကာရင္ေတာ့ ကြၽန္ေတာ္တို႔ဆို ေဒါသထြက္ရင္ထြက္မိမွာပါ။ မၾကာမီက တ႐ုတ္ႏိုင္ငံ၊ Hubei ျပည္နယ္၊ Shiyan ႐ြာမွာ မစၥတာ Chen နဲ႔ သူ႔သူငယ္ခ်င္းေတြက အေဝးေျပးလမ္းမေပၚမွာ ကားေမာင္းလာၾကပါတယ္။

ကားရပ္နားရာေနရာရွိ စားေသာက္ဆိုင္ငယ္ေလးကို ေတြ႕လိုက္တဲ့အခါ ထိုေနရာမွာ စားေသာက္ရန္ ဆုံးျဖတ္လိုက္ၾကပါတယ္။ မီႏူးေတြမွာၿပီး စားစရာကို ေအးေအးေဆးေဆး ထိုင္ေစာင့္ေနၾကပါတယ္။ ဒါေပမယ့္ မိနစ္ 30 အၾကာမွာေတာ့ အစားအစာေတြ လာမခ်ေသးတဲ့အတြက္ မီးဖိုေခ်ာင္ထဲဝင္ၿပီး ကိုယ္တိုင္ခ်က္ဖို႔ ခြင့္ေတာင္းလိုက္ပါတယ္။ ကံေကာင္းစြာနဲ႔ပဲ မစၥ Chen ရဲ႕ သူငယ္ခ်င္းတစ္ေယာက္က စားဖိုမႉးပါ။

ပထမေတာ့ ဆိုင္ပိုင္ရွင္က မယုံဘဲ ေနာက္ေျပာင္တယ္လို႔ ထင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ သူငယ္ခ်င္းစားဖိုမႉးက တစ္လကို ယြမ္ 20,000 မွ 30,000 ထက္ပိုတဲ့ ဝင္ေငြရတယ္လို႔ ဆိုင္ရွင္ကို ေျပာျပၾကပါတယ္။ ကုန္ၾကမ္းျဖဳန္းတီးျခင္းေၾကာင့္ ဆိုင္ပိုင္ရွင္က မေက်မနပ္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဟင္းခ်က္ၿပီးတာနဲ႔ ဆိုင္ရွင္က သူ႔လက္ရာကို ျမႇီးစမ္းၾကည့္တဲ့အခါ အံ့အားသင့္သြားၿပီး လစာႀကီးျမင့္ရတာနဲ႔ ထိုက္တန္ပါတယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories