မင်္ဂလာပွဲမှာ အရသာရှိတဲ့ ပုဇွန်စွပ်ပြုတ်နဲ့ ဧည့်ခံတာကြောင့် သမီးလေးအတွက် သတိရမိပြီး ပုဇွန်ကောင်ကြီးကို အိတ်နဲ့ထုတ်ပြန်ပေးခဲ့တဲ့ ဖခင်

မိဘများအတွက် သားသမီးများက ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာဖြစ်ပြီး သားသမီးများအတွက် သူတို့ဟာ အကောင်းဆုံးကို အမြဲပေးချင်ကြတာပါ။ မကြာသေးမီက ဖခင်ဖြစ်သူဟာ မင်္ဂလာပွဲတစ်ခုကို သွားပါတယ်။ အဲ့ဒီမင်္ဂလာပွဲမှာ ပုဇွန်၊ ချယ်ရီအချိုပွဲစတဲ့ အရသာရှိဟင်းလျာများနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ ထိုအချိန်မှာ ဖခင်ဖြစ်သူက အိမ်မှာကျန်ရှိတဲ့ သူ့ရဲ့သမီးလေးကိုသတိရပြီး သမီးအတွက် ပုဇွန်ကောင်ကြီးကို အိတ်နဲ့ထုတ်ပြန်ပေးခဲ့ပါတယ်။

အဲဒီနောက် အိမ်ပြန်ရောက်တော့ သမီးဖြစ်သူက ဖခင်ထုတ်ပြန်ပေးတဲ့ ပုဇွန်ကို အားရပါးရစားနေတာကို မြင်တော့ အဖေက ပိုလို့တောင် စိတ်ကြည်နူးသွားပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကို မျှဝေပြီးနောက် ကြည့်ရှုသူများက ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လူတိုင်း ခံစားနိုင်ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories