ကုန်စုံဆိုင်ထဲသို့ ပြေးဝင်လာပြီး မုန့်စင်တစ်ခုလုံးကို မယူကာ ခိုးသွားတဲ့ သူခိုးကို နောက်ကနေသာလိုက်ကြည့်ရုံဖြစ် ဘာမှမလုပ်နိုင်ခဲ့တဲ့ ဆိုင်ရှင်

မကြာသေးမီက အင်တာနက်သုံးစွဲသူတွေဟာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးရဲ့ စက်စုပ်စရာလုပ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေပေးနေကြပါတယ်။ ကုန်စုံဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူငယ်နှစ်ဦးရဲ့ လုပ်ရပ်ကို ဆိုင်ရဲ့လုံခြုံရေးကင်မရာဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။ ကလစ် အရ မော်တော်ဆိုင်ကယ် တစ်စီး နဲ့ လူငယ် နှစ်ဦးဟာ ကုန်စုံဆိုင် တစ်ခု သို့ ရောက်ရှိလာ ပြီးနောက် ရပ်တန့် ခဲ့ပါတယ်။

အထဲမှာ ဘယ်သူမှမရှိတာကိုမြင်တော့ အနောက်မှာထိုင်နေတဲ့ လူငယ်က အထဲကို ပြေးဝင်ပြီး ဘီစကွတ်တွေပါတဲ့ မုန့်စင်ကြီးကို အမြန်ဆွဲယူပြီး ဆိုင်ကယ်ပေါ်တက်ကာ ပြေးထွက်သွားပါတယ်။ ထိုအချိန်မှာ ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အသံကြားကာ ဆိုင်ထဲထွက်ကြည့်တဲ့အခါ ပစ္စည်းပျောက်တာကို သတိပြုမိပေမဲ့ နောက်ကျသွားပြီဖြစ်လို့ နောက်ကနေလိုက်ကြည့်ရုံသာ တက်နိုင်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အွန်လိုင်းအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories