အဖိုးတန် ကျောက်တုံးများဖြင့် ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ထားတဲ့ ရုံးခန်းထိုင်ခုံတစ်ခုကို ဒေါ်လာ ၃၄၀၀ ဖြင့်ရောင်းချနေခဲ့

ဂျပန်ကုမ္ပဏီတစ်ခုက တန်ဖိုးကြီး သဘာဝကျောက်များဖြင့် အထူးပြုလုပ်ထားတဲ့ ဧရာမ အမသီစ်တုံးကြီးဖြင့် ပြုလုပ်ထားသည့် ရုံးခန်းထိုင်ခုံကို ယန်းငွေ ၄၅၀,၀၀၀ (ဒေါ်လာ ၃,၄၀၀)ဖြင့် ရောင်းချနေပါတယ်။ ပိုင်ရှင်ဖြစ်သူ Koichi Hasegawa က သူဟာ အမေရိကန်သို့ ခရီးထွက်စဉ်မှာ ပုံမှန်မဟုတ်တဲ့ ပုံစံဖြင့် ရုံးခန်းထိုင်ခုံအတွက် ဂျပန်နိုင်ငံသို့ ပို့ဆောင်ရန် သဘာဝကျောက်တုံးများကို ရှာဖွေနေကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ထိုကြီးမားတဲ့ L ပုံသဏ္ဍာန်ရှိတဲ့ ကျောက်အပိုင်းအစကို မြင်တဲ့အခါ၊ သူက ၎င်းကို ထိုင်ခုံတစ်ခုအဖြစ် ချက်ချင်းပုံဖော်ကာ စိတ်ကူးကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီထူးခြားတဲ့ရုံးခန်းထိုင်ခုံဟာ လုပ်ဖူးသမျှထဲမှာ အလွယ်ဆုံးထိုင်ခုံမဟုတ်ပါဘူး။ တန်ဖိုးကြီးကျောက်တုံးတစ်ပိုင်းတည်းမှာပင် အလေးချိန် 88 ကီလိုဂရမ်ရှိပြီး သတ္တုဘောင်ပါဝင်သဖြင့် ကုလားထိုင်ရဲ့အလေးချိန်က 99 ကီလိုဂရမ်အထိ ရှိပြီး ၎င်းကိုရွှေ့ရန်လိုအပ်ပါက လှည့်ပတ်နိုင်ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories