မိသားစုနှစ်ဖက်စလုံးက လက်ခံပြီး ချစ်လို့ ယူထားကြပေမဲ့ အပြင်လူတွေရဲ့ အတင်းအဖျင်းပြောတာကိုခံရတဲ့ LGBT မိန်းကလေးစုံတွဲနှစ်ဦး

ဘဝမှာ မွေးဖွားလာသူတိုင်းဟာ အချစ်ကို လိုချင်တောင့်တပြီး အချစ်နဲ့ဘဝကို တည်ဆောက်ချင်ကြတာဖြစ်ပါတယ်။ ထို့ကြောင့် စုံတွဲအများအပြားက ပွင့်ပွင့်လင်းလင်း ချိန်းတွေ့ပြီး လက်ထပ်ခဲ့ကြတာပါ။ ဥပမာအားဖြင့် Ngo Khanh An နဲ့ Cao Thi Trang တို့ဟာ ဗီယက်နမ်နိုင်ငံ၊ Tien Giang ပြည်နယ်မှာ နေထိုင်တဲ့ မိန်းကလေးစုံတွဲဘဲဖြစ်ပါတယ်။ Khanh An က သူမ အသက် 16 နှစ်အရွယ်ကတည်းက သူမရဲ့ စိတ်ဓာတ်တွေ ပြောင်းလဲလာခဲ့ပြီး ယောက်ျားလေးတစ်ယောက်လို နေထိုင်လာခဲ့ပါတယ်။

LGBT များ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုများထဲမှ တစ်ခုက မိသားစုရဲ့ ဆန့်ကျင့်မှုဘဲဖြစ်ပါတယ်။ မိဘများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပေမဲ့ An က သူ့ဘဝကိုသူ လွှတ်လွှတ်လပ်လပ်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 2020 ခုနှစ်မှာတော့ An ဟာ Thao အနီးမှာ အလုပ်တစ်ခုကို မတော်တဆ ပြောင်းရွှေ့ခဲ့ပါတယ်။ တနေ့ထက်တနေ့ နှစ်ယောက်သား စကားတွေ ပိုပြောဖြစ်ကြပြီး ထိုအချိန်မှစပြီး An က Thao ကို သဘောကျမိခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်က တော်တော်ဆင်တူတာမို့ တစ်ယောက်နဲ့တစ်ယောက် နားလည်စာနာတတ်ကြပါတယ်။ ဒါကြောင့် လင်မယားနှစ်ယောက် ချစ်ရတဲ့ ဖြစ်စဉ်မှာ ပြင်းထန်တဲ့ ပဋိပက္ခတွေ သိပ်မရှိပါဘူး။

၂ လကြာပြီးနောက် An က Thao နဲ့ သူ့မိဘများအတွက် တွေ့ဆုံရန် ချက်ချင်း စီစဉ်ခဲ့ပါတယ်။ Thao က An ရဲ့မိဘတွေ အလွယ်တကူလက်ခံနိုင်တဲ့အတွက် သူမအလွန်အံ့အားသင့်သွားပါတယ်။ “မိသားစုနှစ်ဘက်စလုံးရဲ့ လက်ခံမှုတွေကြောင့် အရမ်းဝမ်းသာပါတယ်” လို့ An က ဝမ်းသာအားရပြောပါတယ်။ အပြင်လူတွေရဲ့ အတင်းအဖျင်းစကားတွေရှိပေမဲ့ An နဲ့ Thao က လျစ်လျူရှုပြီး အရေးကြီးတာက သူတို့နှစ်ယောက် ပျော်ရွှင်စွာ အတူတူနေထိုင်နိုင်ဖို့ပါပဲ။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories