အကြွေးရှင်ဆီကနေ အကြွေးများကို ရှောင်ရန် သူမဟာ သေဆုံးသွားပြီဖြစ်ကြောင်း Facebook ပေါ်မှာ အလောင်းဓာတ်ပုံများကို တင်ခဲ့တဲ့ အမျိုးသမီး

အင်ဒိုနီးရှားနိုင်ငံမှ Liza Dewi Pramita အမည်ရှိ အမျိုးသမီးတစ်ဦးဟာ အကြွေးကိုရှောင်ရန် အလောင်းတစ်လောင်းအဖြစ် ဟန်ဆောင်ပြီးနောက် ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။ သူမရဲ့ အကြွေးရှင်အဆိုအရ Liza Dewi Pramita က အကြွေးတွေပြန်ဆပ်ဖို့ အချိန်ရောက်တဲ့အခါမှာ ပြန်မဆပ်နိုင်လို့ အချိန်တိုးပေးရန်တောင်းဆိုခဲ့ပြီးဖြစ်ပေမဲ့ ဒုတိယနောက်ဆုံးသတ်မှတ်ရက်ကုန်ဆုံးခါနီးမှာ Liza ရဲ့သားက သူမရဲ့ဝမ်းနည်းဖွယ်သေဆုံးမှုကို Facebook မှာ ဓာတ်ပုံများနဲ့ အတူကြေငြာခဲ့ပါတယ်။

Liza ရဲ့ အလောင်းကို သူမရဲ့နှာခေါင်းအတွင်းမှ ဂွမ်းစများနဲ့ ပိတ်ထားပါတယ်။ Liza ရဲ့သားဖြစ်သူက သူ့အမေဟာ မီဒန်မြို့ရှိ တံတားတစ်ခုပေါ်မှ ယာဉ်တိုက်မှုတစ်ခုအတွင်း ဝမ်းနည်းစွာသေဆုံးသွားကြောင်း Facebook မှာ ကြေညာခဲ့ပါတယ်။ ပထမတော့ အကြွေးရှင်က Liza ကွယ်လွန်သွားတဲ့အတွက် မရသေးတဲ့အကြွေးတွေကို စိတ်ထဲမထားဘဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဓာတ်ပုံများနဲ့ ပတ်သက်ပြီး ကောင်လေးက အကြွေးရှင်နဲ့ ထိပ်တိုက်တွေ့ပြီး အရာအားလုံးက အကြွေးများမှလွတ်မြောက်ရန်အတွက် မိခင်ရဲ့ ကြိုးကိုင်မှုသာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

JRose(Tgidailynews

Zawgyi

အေႂကြးရွင္ဆီကေန အေႂကြးမ်ားကို ေရွာင္ရန္ သူမဟာ ေသဆုံးသြားၿပီျဖစ္ေၾကာင္း Facebook ေပၚမွာ အေလာင္းဓာတ္ပုံမ်ားကို တင္ခဲ့တဲ့ အမ်ိဳးသမီး

အင္ဒိုနီးရွားႏိုင္ငံမွ Liza Dewi Pramita အမည္ရွိ အမ်ိဳးသမီးတစ္ဦးဟာ အေႂကြးကိုေရွာင္ရန္ အေလာင္းတစ္ေလာင္းအျဖစ္ ဟန္ေဆာင္ၿပီးေနာက္ ဓာတ္ပုံမ်ားကို ေဖ့စ္ဘြတ္ခ္မွာ တင္ခဲ့ပါတယ္။ သူမရဲ႕ အေႂကြးရွင္အဆိုအရ Liza Dewi Pramita က အေႂကြးေတြျပန္ဆပ္ဖို႔ အခ်ိန္ေရာက္တဲ့အခါမွာ ျပန္မဆပ္ႏိုင္လို႔ အခ်ိန္တိုးေပးရန္ေတာင္းဆိုခဲ့ၿပီးျဖစ္ေပမဲ့ ဒုတိယေနာက္ဆုံးသတ္မွတ္ရက္ကုန္ဆုံးခါနီးမွာ Liza ရဲ႕သားက သူမရဲ႕ဝမ္းနည္းဖြယ္ေသဆုံးမႈကို Facebook မွာ ဓာတ္ပုံမ်ားနဲ႔ အတူေၾကျငာခဲ့ပါတယ္။

Liza ရဲ႕ အေလာင္းကို သူမရဲ႕ႏွာေခါင္းအတြင္းမွ ဂြမ္းစမ်ားနဲ႔ ပိတ္ထားပါတယ္။ Liza ရဲ႕သားျဖစ္သူက သူ႔အေမဟာ မီဒန္ၿမိဳ႕ရွိ တံတားတစ္ခုေပၚမွ ယာဥ္တိုက္မႈတစ္ခုအတြင္း ဝမ္းနည္းစြာေသဆုံးသြားေၾကာင္း Facebook မွာ ေၾကညာခဲ့ပါတယ္။ ပထမေတာ့ အေႂကြးရွင္က Liza ကြယ္လြန္သြားတဲ့အတြက္ မရေသးတဲ့အေႂကြးေတြကို စိတ္ထဲမထားဘဲ စိတ္မေကာင္းျဖစ္မိပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာ ဓာတ္ပုံမ်ားနဲ႔ ပတ္သက္ၿပီး ေကာင္ေလးက အေႂကြးရွင္နဲ႔ ထိပ္တိုက္ေတြ႕ၿပီး အရာအားလုံးက အေႂကြးမ်ားမွလြတ္ေျမာက္ရန္အတြက္ မိခင္ရဲ႕ ႀကိဳးကိုင္မႈသာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

JRose(Tgidailynews

  • Leave a Comment

Categories