နိုင်ငံပေါင်း ၂၁ နိုင်ငံကို စက်ဘီးစီးကာ ခရီးနှင်ခဲ့ပြီး ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ စုံတွဲနှစ်ဦး

ဘဝဆိုတာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ခရီးရှည်တစ်ခုပါ။ ကန့်သတ်ချက်တွေကို ချမှတ်ထားရင် မင်းရဲ့ စိတ်ဆန္ဒနဲ့ ခွန်အားတွေအားလုံးကို ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။ တခါတရံ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်တတ်ပေမဲ့ နောက်ဆုံးမှာ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ဖို့ ချမှတ်ထားတဲ့ပန်းတိုင်ကို ဧကန်မုချ ရောက်ရှိမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၁ နိုင်ငံကို ကိုယ်တိုင်စက်ဘီးစီးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ စုံတွဲတစ်တွဲလိုပါပဲ၊ အထူးသဖြင့် အလှူအတန်း (၃)ခုကိုလည်း လှူဒါန်းခဲ့ပါတယ်။

Laura Massey-Pugh နဲ့ Stevie Massey တို့လင်မယားဟာ သူတို့နှစ်ယောက်လုံးက စက်ဘီးစီးရတာကို ဝါသနာပါပြီး စက်ဘီးနဲ့ ခရီးရှည်ကို အမြဲသွားချင်ကြပါတယ်။ အကျိုးစီးပွားချင်း တူညီတာကြောင့် ၂၀၁၈ မှာ လက်ထပ်ခဲ့ပြီး သူတို့အမြဲတမ်း စိတ်ကူးယဉ်ခဲ့တဲ့ ခရီးစဉ်ကို ထွက်ခဲ့ပါတယ်။ စိန်ခေါ်မှုကို တတ်နိုင်သမျှ မြန်မြန်ပြီးမြောက်ရန် လင်မယားနှစ်ယောက်က တစ်နေ့လျှင် ပျမ်းမျှ ၁၀ နာရီ စီးနင်းကြပါတယ်။

အဆိုပါစုံတွဲက နောက်ဆုံးမှာ ဂျာမနီ၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ တူရကီ၊ မလေးရှားနဲ့စင်ကာပူကဲ့သို့သော အာရှနိုင်ငံပေါင်း ၂၁ နိုင်ငံသို့ ခရီးလှည့်လည်ကာ စိန်ခေါ်မှုကို အပြီးသတ်ခဲ့ပါတယ်။ သူတို့စုံတွဲရဲ့ ခရီးဟာ ရက်ပေါင်း ၁၈၀ ကီလိုမီတာ ၂၉၀၀ ကျော် အကွာအဝေးရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ခြေချခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့်၊ သူတို့နှစ်ဦးရဲ့ ခရီးစဉ်ဟာ အလှူအတန်း ၃ ခုအတွက် ဒေါ်လာ ၁၂၀၀၀ လှူဒါန်းနိုင်တဲ့အတွက် သူတို့ရဲ့ ခရီးဟာ ပို၍ပင် အဓိပ္ပါယ်ရှိခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ႏိုင္ငံေပါင္း ၂၁ ႏိုင္ငံကို စက္ဘီးစီးကာ ခရီးႏွင္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ စုံတြဲႏွစ္ဦး

ဘဝဆိုတာ အခက္အခဲေတြနဲ႔ စိန္ေခၚမႈေတြ ျပည့္ႏွက္ေနတဲ့ ခရီးရွည္တစ္ခုပါ။ ကန႔္သတ္ခ်က္ေတြကို ခ်မွတ္ထားရင္ မင္းရဲ႕ စိတ္ဆႏၵနဲ႔ ခြန္အားေတြအားလုံးကို ရွာေဖြေတြ႕ရွိႏိုင္မွာ မဟုတ္ပါဘူး။ တခါတရံ စိတ္ဓာတ္က်ျခင္းတို႔ ျဖစ္တတ္ေပမဲ့ ေနာက္ဆုံးမွာ မဆုတ္မနစ္ ႀကိဳးပမ္းအားထုတ္ဖို႔ ခ်မွတ္ထားတဲ့ပန္းတိုင္ကို ဧကန္မုခ် ေရာက္ရွိမွာျဖစ္ပါတယ္။ ႏိုင္ငံေပါင္း ၂၁ ႏိုင္ငံကို ကိုယ္တိုင္စက္ဘီးစီးၿပီး ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ခဲ့တဲ့ စုံတြဲတစ္တြဲလိုပါပဲ၊ အထူးသျဖင့္ အလႉအတန္း (၃)ခုကိုလည္း လႉဒါန္းခဲ့ပါတယ္။

Laura Massey-Pugh နဲ႔ Stevie Massey တို႔လင္မယားဟာ သူတို႔ႏွစ္ေယာက္လုံးက စက္ဘီးစီးရတာကို ဝါသနာပါၿပီး စက္ဘီးနဲ႔ ခရီးရွည္ကို အၿမဲသြားခ်င္ၾကပါတယ္။ အက်ိဳးစီးပြားခ်င္း တူညီတာေၾကာင့္ ၂၀၁၈ မွာ လက္ထပ္ခဲ့ၿပီး သူတို႔အၿမဲတမ္း စိတ္ကူးယဥ္ခဲ့တဲ့ ခရီးစဥ္ကို ထြက္ခဲ့ပါတယ္။ စိန္ေခၚမႈကို တတ္ႏိုင္သမွ် ျမန္ျမန္ၿပီးေျမာက္ရန္ လင္မယားႏွစ္ေယာက္က တစ္ေန႔လွ်င္ ပ်မ္းမွ် ၁၀ နာရီ စီးနင္းၾကပါတယ္။

အဆိုပါစုံတြဲက ေနာက္ဆုံးမွာ ဂ်ာမနီ၊ ခ်က္သမၼတႏိုင္ငံ၊ ဟန္ေဂရီ၊ တူရကီ၊ မေလးရွားနဲ႔စင္ကာပူကဲ့သို႔ေသာ အာရွႏိုင္ငံေပါင္း ၂၁ ႏိုင္ငံသို႔ ခရီးလွည့္လည္ကာ စိန္ေခၚမႈကို အၿပီးသတ္ခဲ့ပါတယ္။ သူတို႔စုံတြဲရဲ႕ ခရီးဟာ ရက္ေပါင္း ၁၈၀ ကီလိုမီတာ ၂၉၀၀ ေက်ာ္ အကြာအေဝးရွိတဲ့ ႏိုင္ငံေပါင္း ၂၁ ႏိုင္ငံမွာ ေျခခ်ခဲ့ၿပီး ဂင္းနစ္ကမာၻ႔စံခ်ိန္ကို ေအာင္ျမင္စြာ ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္၊ သူတို႔ႏွစ္ဦးရဲ႕ ခရီးစဥ္ဟာ အလႉအတန္း ၃ ခုအတြက္ ေဒၚလာ ၁၂၀၀၀ လႉဒါန္းႏိုင္တဲ့အတြက္ သူတို႔ရဲ႕ ခရီးဟာ ပို၍ပင္ အဓိပၸါယ္ရွိခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories