ချော်လဲပြီး ကန့်လန့်ကာဖြစ်နေတဲ့မိခင်ကို ကယ်ရန် ရှိသမျှအားကို ထုတ်သုံးပြီး လှေကားကို မခဲ့တဲ့ ၅နှစ်အရွယ်ကောင်လေး

မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ ထိတ်လန့်စရာ အခိုက်အတန့်ကို မျှဝေပြီးနောက် အပြန်အလှန်တုံ့ပြန်မှုများ၊ လိုက်ခ်ပေါင်း 100,000 ကျော်နဲ့ မှတ်ချက်ပေါင်း 2,000 နီးပါးကို လျင်မြန်စွာရရှိခဲ့ပါတယ်။ အဆိုပါဗီဒီယိုကို တစ်မိနစ်ထက်နည်းရှိပေမဲ့ ဆွဲဆောင်မှုဖြစ်စေတဲ့အချက်မှာ ကလေးငယ်ဟာ အသက် ၅ နှစ်ခန့်သာရှိပေမယ့် မိခင်ဖြစ်သူ အန္တရာယ်ကျရောက်နေတာကို မြင်တွေ့ရချိန်မှာတော့ ကောင်လေးက ရှိသမျှအားစိုက်ထုတ်ပြီး မိခင်ကို အမြန်အကူအညီပေးခဲ့ပါတယ်။

ကလေးငယ်ဟာ အနီးနားမှာ ဆော့ကစားနေပြီး မိခင်ဖြစ်သူက မြင့်မားတဲ့ လှေကားတစ်ခုပေါ်မှာ ရပ်နေကာ ချော်လဲပြီး ကန့်လန့်ကာ တွယ်ကျနေချိန်မှာတော့ ကောင်လေးက သူ့အမေရဲ့ အော်ဟစ်အကူအညီတောင်းသံကြားတော့ ကောင်လေးဟာ ချက်ချင်းဆိုသလို ပြေးသွားပြီး သူ့အမေကို အန္တရာယ်ကနေ လွတ်မြောက်အောင် လှေကားထစ်ကို မပြီး အစွမ်းကုန် ပြေးသွားခဲ့ပါတယ်။

ကလေးအတွက် လှေကားက လေးလံလွန်းတာကြောင့် အစပိုင်းမှာတော့ ရုန်းကန်ခဲ့ရပေမယ့် သူ့အမေရဲ့ အားပေးမှုကြောင့် သားဖြစ်သူက လှေခါးကို အမြန်မနိုင်ခဲ့ပါတယ်။ သူ့အမေ ဆင်းလာချိန်မှာတော့ ချစ်စဖွယ်သားကလေးက သူ့အမေကို ကူညီဖို့ လှေခါးဘေးမှာ ကိုင်ထားတုန်းပါပဲ။ လူတိုင်းက ကောင်လေးရဲ့ အပြုအမူများကို အမြဲချီးမွမ်းခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories