ကမ္ဘာ့အမည်းဆုံး အသားအရောင်လို့ အသိအမှတ်ပြုခံရတဲ့ ထူးထူးခြားခြားအလှတရားနဲ့ အမျိုးသမီးမော်ဒယ်တစ်ဦး

Nyakim Gatwech အမည်ရှိ မိန်းကလေးဟာ အထူးနက်မှောင်တဲ့ အသားအရည်ပိုင်ဆိုင်တဲ့ ကမ္ဘာပေါ်ရှိ ရှားပါးမော်ဒယ်တစ်ဦးဖြစ်သောကြောင့် အခြားမော်ဒယ်အများစုနဲ့ ဆန့်ကျင်ဘက်ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ Nya Kim Gatwech က သူမရဲ့အသားအရည်နဲ့ပတ်သက်ပြီး လုံးဝယုံကြည်မှုရှိပြီး သူမဟာ ဘဝကို သက်တောင့်သက်သာနဲ့ ဖြတ်သန်းခဲ့ပါတယ်။

Nyakim Gatwech ဟာဆိုရင် အာဖရိကတိုက်တွင်တည်ရှိတဲ့ တောင်ဆူဒန်နိုင်ငံမှ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သူမဟာ တစ်ချိန်က ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှ အသိအမှတ်ပြုခံရတဲ့အခါ သူမက ကမ္ဘာပေါ်မှာ အမည်းဆုံးအသားအရည်ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ အစပိုင်းမှာတော့ Nyakim Gatwech ဟာ သူ့ရဲ့ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ကို လျှောက်လှမ်းရာမှာ အတားအဆီးတွေ၊ အခက်အခဲတွေ၊ အတားအဆီးများစွာကို ကြုံတွေ့ရပါတယ်။

Nyakim Gatwech မှာ သူမရဲ့အသားအရောင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုများ၊ နှောင့်ယှက်မှုများ၊ ခွဲခြားဆက်ဆံမှုများနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ချစ်မြတ်နိုးပြီး လူအများကို သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ လက်ရှိမှာဆိုရင် Nyakim Gatwech က အရမ်းကိုအောင်မြင်နေတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပြီး သူ့မရဲ့အသားအရည်ကို လုံးဝယုံကြည်မှုရှိနေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ကမာၻ႔အမည္းဆုံး အသားအေရာင္လို႔ အသိအမွတ္ျပဳခံရတဲ့ ထူးထူးျခားျခားအလွတရားနဲ႔ အမ်ိဳးသမီးေမာ္ဒယ္တစ္ဦး

Nyakim Gatwech အမည္ရွိ မိန္းကေလးဟာ အထူးနက္ေမွာင္တဲ့ အသားအရည္ပိုင္ဆိုင္တဲ့ ကမာၻေပၚရွိ ရွားပါးေမာ္ဒယ္တစ္ဦးျဖစ္ေသာေၾကာင့္ အျခားေမာ္ဒယ္အမ်ားစုနဲ႔ ဆန႔္က်င္ဘက္ျဖစ္ပုံရပါတယ္။ ဒါေပမဲ့ Nya Kim Gatwech က သူမရဲ႕အသားအရည္နဲ႔ပတ္သက္ၿပီး လုံးဝယုံၾကည္မႈရွိၿပီး သူမဟာ ဘဝကို သက္ေတာင့္သက္သာနဲ႔ ျဖတ္သန္းခဲ့ပါတယ္။

Nyakim Gatwech ဟာဆိုရင္ အာဖရိကတိုက္တြင္တည္ရွိတဲ့ ေတာင္ဆူဒန္ႏိုင္ငံမွ ေမာ္ဒယ္တစ္ဦးျဖစ္ပါတယ္။ သူမဟာ တစ္ခ်ိန္က ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းမွ အသိအမွတ္ျပဳခံရတဲ့အခါ သူမက ကမာၻေပၚမွာ အမည္းဆုံးအသားအရည္ပိုင္ရွင္အျဖစ္ အသိအမွတ္ျပဳခံခဲ့ရပါတယ္။ အစပိုင္းမွာေတာ့ Nyakim Gatwech ဟာ သူ႔ရဲ႕ ေမာ္ဒယ္တစ္ေယာက္ျဖစ္ဖို႔ အိပ္မက္ကို ေလွ်ာက္လွမ္းရာမွာ အတားအဆီးေတြ၊ အခက္အခဲေတြ၊ အတားအဆီးမ်ားစြာကို ႀကဳံေတြ႕ရပါတယ္။

Nyakim Gatwech မွာ သူမရဲ႕အသားအေရာင္နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈမ်ား၊ ေႏွာင့္ယွက္မႈမ်ား၊ ခြဲျခားဆက္ဆံမႈမ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရဖူးပါတယ္။ ဒါေပမယ့္ သူ႔ကိုယ္သူ ခ်စ္ျမတ္ႏိုးၿပီး လူအမ်ားကို သက္ေသျပဖို႔ ႀကိဳးစားခဲ့ပါတယ္။ လက္ရွိမွာဆိုရင္ Nyakim Gatwech က အရမ္းကိုေအာင္ျမင္ေနတဲ့ ေမာ္ဒယ္တစ္ေယာက္ျဖစ္ၿပီး သူ႔မရဲ႕အသားအရည္ကို လုံးဝယုံၾကည္မႈရွိေနခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories