စာပေမတက်ပေမဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောတတ်တာကြောင့် အနောက်တိုင်း ခရီးသွားတွေ အံ့ဩနေကြတဲ့ ထီရောင်းသမားအဖွားကြီး

ဘာသာစကားနှစ်မျိုးသုံးတတ်ခြင်းက အထူးသဖြင့် ပညာရေးမသင်ကြားရတဲ့လူငယ်၊ သက်ကြီးရွယ်အိုတွေအတွက် အလွန်ဂုဏ်ယူစရာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အသက် ၇၂ နှစ်အရွယ် မစ္စလန်းဟာ အင်္ဂလိပ်စကား ပြောတက်တဲ့အတွက် လူအများက အလွန်အံ့ဩသွားခဲ့ရပါတယ်။ သူမဟာ ခက်ခဲတဲ့ အခြေအနေများကြားမှ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သေးတာဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ကို အနောက်နိုင်ငံ ခရီးသွားများက ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာပါ။ အဲဒီတုန်းက မစ္စလန်းဟာ ထီထိုးရောင်းတဲ့ပြီး အဘွားကြီးက နိုင်ငံခြားသားတွေကို အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်သောကြောင့် တစ်ဖက်သားကို အံ့သဩစေပါတယ်။ သူမဟာ ယခုနှစ်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ မစ္စလန်း လို့ မိမိကိုယ်ကို မိတ်ဆက်ခဲ့ပါတယ်။

အရည်အချင်းရှိရုံသာမက အဘွားကြီးကလည်း အလွန်ဖော်ရွေကြောင်း သက်သေပြခဲ့ပြီး နိုင်ငံခြားကောင်လေးရဲ့ မေးခွန်းများကို ဖြေရန် မတွန့်ဆုတ်ခဲ့ပါဘူး။ သူမရဲ့ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေက ဧည့်သည်တွေကို စိတ်ချမ်းသာစေခဲ့ပါတယ်။ နိုင်ငံခြားသားတစ်ဦးက အဘွားရဲ့ အင်္ဂလိပ်စွမ်းရည်ကို အဆက်မပြတ် ချီးကျူးခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories