သမီးလေးတွေရဲ့ လုပ်ရပ်ကြောင့် မိတ်ကပ်၊ဆံပင်အတုတွေနဲ့ ရယ်စရာကောင်းနေတဲ့ ဟောလီးဝုဒ်ကြယ်ပွင့်တစ်ဦး

အမေရိကန်နိုင်ငံက Dwayne Johnson အမည်ရှိ အမျိုးသားဟာ အချိန်တိုင်းမှာ အထူးချွန်ဆုံး ပရော်ဖက်ရှင်နယ် နပန်းသမားတစ်ဦးအဖြစ် အဆင့်သတ်မှတ်ခံရရုံသာမက (The Rock ) ဇာတ်ကားရိုက်ကူးပြီးနောက် Dwayne Johnson ဟာ ဟောလီးဝုဒ်ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီမင်းသားက သားသမီးတွေနဲ့ အချိန်ဖြုန်းနေပါသေးတယ်။ မကြာသေးမီပဲ ခရစ္စမတ်ပွဲတော်ကျင်းပဖို့ သူ့ရဲ့ကလေးတွေနဲ့ အခိုက်အတန့်တွေကို Rock က မျှဝေထားပါတယ်။

ထူးခြားတာက သူဟာ မင်းသမီး Elsa ကဲ့သို့ သူရဲ့ကလေးများက သူ့ကိုမိတ်ကပ်လိမ်းပေးပြီး ဆံပင်တုနဲ့ သရဖူများကို ၀တ်ဆင်ပေးခဲ့ပါတယ်။ သမီးလေးတို့ရဲ့ လုပ်ရပ်ကြောင့် Rock ရဲ့ ပရိသတ်ကို ရယ်မောစေခဲ့ပါတယ်။ သူ့သမီးနှစ်ယောက်က သူတို့အဖေရဲ့မျက်နှာကို လွတ်လွတ်လပ်လပ် မိတ်ကပ်လိမ်းပြီးနောင် အရမ်းကျေနပ်သွားပုံရပါတယ်။ နှစ်ယောက်စလုံးက ဖေဖေရဲ့ ကူကယ်ရာမဲ့တဲ့ မျက်နှာကိုကြည့်ပြီး တောက်ပစွာ ပြုံးနေကြပါတယ်။

ဒါ့အပြင် Rock က သူ့ရဲ့ကိုယ်ပိုင်စာမျက်နှာမှာ သူ့ကလေးတွေနဲ့ ကစားတဲ့အခါ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ဝေမျှလေ့ရှိပါတယ်။ ဒီတော့ ဖခင်ဆိုတာ ကျားတစ်ကောင်လို ဘယ်လောက်ဘဲရဲရင့် သန်မာနေပါစေ သမီးလေးနားရောက်ရင် သူတို့ဟာ ပျော့ညံ့တဲ့ကြောင်လိုဖြစ်သွားပါတယ်။ ဘယ်လို့လဲဆိုတော့ သမီးလေးတွေကို ချစ်တဲ့စိတ်ကြောင့် အလိုလိုက်တာဖြစ်ပါတယ်။

JRose(Tgidailynews)

Zawgyi

သမီးေလးေတြရဲ႕ လုပ္ရပ္ေၾကာင့္ မိတ္ကပ္၊ဆံပင္အတုေတြနဲ႔ ရယ္စရာေကာင္းေနတဲ့ ေဟာလီးဝုဒ္ၾကယ္ပြင့္တစ္ဦး

အေမရိကန္ႏိုင္ငံက Dwayne Johnson အမည္ရွိ အမ်ိဳးသားဟာ အခ်ိန္တိုင္းမွာ အထူးခြၽန္ဆုံး ပေရာ္ဖက္ရွင္နယ္ နပန္းသမားတစ္ဦးအျဖစ္ အဆင့္သတ္မွတ္ခံရ႐ုံသာမက (The Rock ) ဇာတ္ကား႐ိုက္ကူးၿပီးေနာက္ Dwayne Johnson ဟာ ေဟာလီးဝုဒ္ၾကယ္ပြင့္တစ္ဦးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီမင္းသားက သားသမီးေတြနဲ႔ အခ်ိန္ျဖဳန္းေနပါေသးတယ္။ မၾကာေသးမီပဲ ခရစၥမတ္ပြဲေတာ္က်င္းပဖို႔ သူ႔ရဲ႕ကေလးေတြနဲ႔ အခိုက္အတန႔္ေတြကို Rock က မွ်ေဝထားပါတယ္။

ထူးျခားတာက သူဟာ မင္းသမီး Elsa ကဲ့သို႔ သူရဲ႕ကေလးမ်ားက သူ႔ကိုမိတ္ကပ္လိမ္းေပးၿပီး ဆံပင္တုနဲ႔ သရဖူမ်ားကို ၀တ္ဆင္ေပးခဲ့ပါတယ္။ သမီးေလးတို႔ရဲ႕ လုပ္ရပ္ေၾကာင့္ Rock ရဲ႕ ပရိသတ္ကို ရယ္ေမာေစခဲ့ပါတယ္။ သူ႔သမီးႏွစ္ေယာက္က သူတို႔အေဖရဲ႕မ်က္ႏွာကို လြတ္လြတ္လပ္လပ္ မိတ္ကပ္လိမ္းၿပီးေနာင္ အရမ္းေက်နပ္သြားပုံရပါတယ္။ ႏွစ္ေယာက္စလုံးက ေဖေဖရဲ႕ ကူကယ္ရာမဲ့တဲ့ မ်က္ႏွာကိုၾကည့္ၿပီး ေတာက္ပစြာ ၿပဳံးေနၾကပါတယ္။

ဒါ့အျပင္ Rock က သူ႔ရဲ႕ကိုယ္ပိုင္စာမ်က္ႏွာမွာ သူ႔ကေလးေတြနဲ႔ ကစားတဲ့အခါ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခိုက္အတန႔္ေတြကို ေဝမွ်ေလ့ရွိပါတယ္။ ဒီေတာ့ ဖခင္ဆိုတာ က်ားတစ္ေကာင္လို ဘယ္ေလာက္ဘဲရဲရင့္ သန္မာေနပါေစ သမီးေလးနားေရာက္ရင္ သူတို႔ဟာ ေပ်ာ့ညံ့တဲ့ေၾကာင္လိုျဖစ္သြားပါတယ္။ ဘယ္လို႔လဲဆိုေတာ့ သမီးေလးေတြကို ခ်စ္တဲ့စိတ္ေၾကာင့္ အလိုလိုက္တာျဖစ္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories