ကိုယ်တိုင်ကလည်း အဆင်ပြေနေတာမဟုတ်ပေမဲ့ မရှိဆင်းရဲတဲ့ကျောင်းသားလေးတွေကို ကူညီလာခဲ့တာ နှစ်၃၀ ကြာပြီဖြစ်တဲ့ အသက် ၉၀ အဘွားအို

ဗီယက်နမ်နိုင်ငံ၊ Hue မြို့က Diep အမည်ရှိအဘွားအိုဟာ ယောကျာ်းမယူဘဲ အဆင်မပြေတဲ့ ကျောင်းသားတွေကို ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ သူမဟာ အသက် ၉၀ အရွယ်ရှိပါပြီ။ Diep ဟာ ဆိုရင် အလွန်ခက်ခဲတဲ့ အခြေအနေများဖြင့် ကြီးပြင်းခဲ့ရတာကြောင့် အဆင်မပြေတဲ့မိသားစုတွေကို စာနာပြီး ကူညီခဲ့တာပါ။ ဒါ့အပြင် Diep က သူ့မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ သူ့ကိုယ်ပိုင်အတွက်တောင်မရှာဘဲ နေခဲ့တာဖြစ်ပါတယ်။

သူမအသက် ၂၈ နှစ်မှာ Diep ရဲ့ ဘယ်ဘက်မျက်လုံးကို ဒဏ်ရာရစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သူမဟာ ခွဲစိတ်မှုများစွာကို ခံယူခဲ့ရပေမယ့် သူမရဲ့ မျက်လုံးတွေဟာ မှုန်ဝါးနေဆဲပါ။ အသက်ကြီးလာသောအခါမှာ Diep က အလင်းရောင်ကို မမြင်နိုင်တော့ပါဘူး။ အဘွားအို Diep ကို လူတိုင်းက အထင်ကြီးစေတဲ့အရာမှာ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားများအတွက် မွန်မြတ်တဲ့စိတ်နှလုံး၊ မေတ္တာတရားနဲ့ သူမက ကူညီပေးနေပါတယ်။

Diep မှာ သားသမီးမရှိပေမယ့် ဆွေးမျိုးမတော်တဲ့ကလေးတွေက သူမကိုအမြဲချစ်တာကြောင့် မြေးတွေအများကြီးရလို့ ပျော်နေပါတယ်။ Diep က “ကျွန်မမှာ မိသားစုမရှိဘူး၊ ဒါပေမယ့် ဝမ်းနည်းစရာတော့ မရှိပါဘူး၊ ကျောင်းသားတွေက ကျွန်မကို အမြဲချစ်ပြီး အတူနေပေးတဲ့အတွက် ကျွန်မဝမ်းသာပါတယ်” လို့ပြောကြားခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ကိုယ္တိုင္ကလည္း အဆင္ေျပေနတာမဟုတ္ေပမဲ့ မရွိဆင္းရဲတဲ့ေက်ာင္းသားေလးေတြကို ကူညီလာခဲ့တာ ႏွစ္၃၀ ၾကာၿပီျဖစ္တဲ့ အသက္ ၉၀ အဘြားအို

ဗီယက္နမ္ႏိုင္ငံ၊ Hue ၿမိဳ႕က Diep အမည္ရွိအဘြားအိုဟာ ေယာက်ာ္းမယူဘဲ အဆင္မေျပတဲ့ ေက်ာင္းသားေတြကို ျပဳစုေစာင့္ေရွာက္ေပးခဲ့ပါတယ္။ လက္ရွိမွာေတာ့ သူမဟာ အသက္ ၉၀ အ႐ြယ္ရွိပါၿပီ။ Diep ဟာ ဆိုရင္ အလြန္ခက္ခဲတဲ့ အေျခအေနမ်ားျဖင့္ ႀကီးျပင္းခဲ့ရတာေၾကာင့္ အဆင္မေျပတဲ့မိသားစုေတြကို စာနာၿပီး ကူညီခဲ့တာပါ။ ဒါ့အျပင္ Diep က သူ႔မိဘေတြကို ျပဳစုေစာင့္ေရွာက္ဖို႔ သူ႔ကိုယ္ပိုင္အတြက္ေတာင္မရွာဘဲ ေနခဲ့တာျဖစ္ပါတယ္။

သူမအသက္ ၂၈ ႏွစ္မွာ Diep ရဲ႕ ဘယ္ဘက္မ်က္လုံးကို ဒဏ္ရာရေစခဲ့တဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ သူမဟာ ခြဲစိတ္မႈမ်ားစြာကို ခံယူခဲ့ရေပမယ့္ သူမရဲ႕ မ်က္လုံးေတြဟာ မႈန္ဝါးေနဆဲပါ။ အသက္ႀကီးလာေသာအခါမွာ Diep က အလင္းေရာင္ကို မျမင္ႏိုင္ေတာ့ပါဘူး။ အဘြားအို Diep ကို လူတိုင္းက အထင္ႀကီးေစတဲ့အရာမွာ၊ အထူးသျဖင့္ ဆင္းရဲႏြမ္းပါးတဲ့ ေက်ာင္းသားမ်ားအတြက္ မြန္ျမတ္တဲ့စိတ္ႏွလုံး၊ ေမတၱာတရားနဲ႔ သူမက ကူညီေပးေနပါတယ္။

Diep မွာ သားသမီးမရွိေပမယ့္ ေဆြးမ်ိဳးမေတာ္တဲ့ကေလးေတြက သူမကိုအၿမဲခ်စ္တာေၾကာင့္ ေျမးေတြအမ်ားႀကီးရလို႔ ေပ်ာ္ေနပါတယ္။ Diep က “ကြၽန္မမွာ မိသားစုမရွိဘူး၊ ဒါေပမယ့္ ဝမ္းနည္းစရာေတာ့ မရွိပါဘူး၊ ေက်ာင္းသားေတြက ကြၽန္မကို အၿမဲခ်စ္ၿပီး အတူေနေပးတဲ့အတြက္ ကြၽန္မဝမ္းသာပါတယ္” လို႔ေျပာၾကားခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories