လုပ်ငန်းကြီးတစ်ခုကို တိုးချဲ့မိပြီး အကြွေးများစွာနဲ့ ဖိနေချိန်မှာ စိတ်ဓာတ်မကျဘဲ စက်ရုံငယ်လေးငှါးပြီး လုပ်ငန်းသေးစခဲ့ရာ အခုဆို အကြွေးအားလုံး ဆပ်နိုင်ခဲ့ပြီးဖြစ်တဲ့ အသက် ၉၂ နှစ်အဘွားကြီး

တရုတ်နိုင်ငံက မစ္စ Tran Kim Anh ဟာ အသက် ၉၂ နှစ်ရှိပြီး လက်ရှိ Zhejiang ပြည်နယ်မှာ နေထိုင်လျက်ရှိပါတယ်။ သူမ အသက် ၅၂ နှစ်မှာ မစ္စ Kim Anh က အရှေ့တိုင်းဆေးပညာနယ်ပယ်မှာ နှစ် 20 အတွေ့အကြုံရှိခဲ့ပါတယ်။ သူမဟာ အသက်ကြီးဖြစ်လို့ အငြိမ်းစားယူသင့်ပေမယ့် ချမ်းသာဖို့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းတစ်ခု စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုအချိန်မှာ မစ္စစ် Kim Anh က သားမွေးင်္အကျီများရောင်းပြီး သူမ လုပ်ငန်းစတင်စဉ်က တရုတ်နိုင်ငံမှာ ပုဂ္ဂလိကလုပ်ငန်းများစွာ ရှိပါတယ်။

သူမတည်ထောင်ပြီး ၂၂ နှစ်ကြာပြီးနောက် မြို့တော်ငယ်လေးတစ်ခုမှ မစ္စ Kim Anh က နှစ်စဉ် ၀င်ငွေ ယွမ် 10 သန်း (ဒေါင် 33 ဘီလီယံကျော်) ဖြင့် ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ မူလက ဝန်ထမ်း ၁၀ဦးမှ ဝန်ထမ်း ၁၀၀ ဦးအထိ တိုးလာခဲ့ပါတယ်။ သူမက အထည်ချုပ်လုပ်ငန်းမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်လာကာ စက်ရုံကြီးတစ်ခုတည်ဆောက်ရန် ငွေကြေးများစွာရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ဒါပေမဲ့လည်း မကြာမြင့်မီမှာပဲ ပြဿနာများစွာ ဖြစ်ပွားခဲ့ပြီး မစ္စ Kim ရဲ့ ကုမ္ပဏီအရင်းအနှီး ပြတ်တောက်သွားကာ အကြွေးများစွာတင်ခဲ့ပါတယ်။

အသက် ၈၀ အရွယ်မှာ မစ္စ Kim Anh က အကြွေးယွမ် သန်း ၂၀ ကို အကြွေးယူခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူမက အကြွေးဆပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး သူမက အကြွေးများကို ထောက်ပံ့ရန် စက်ရုံကို စွန့်လွှတ်ကာ အိမ်နှစ်လုံးကို ရောင်းချခဲ့ရပါတယ်။ ထိုအချိန်က အဖွားအတွက် အခက်အခဲများ ကြီးမားသော်လည်း အရှုံးမပေးဘဲ အရာရာကို အစမှစရန် စက်ရုံငယ်လေးကို ငှါးရမ်းခဲ့ပါတယ်။ အခြေခံအကျဆုံးနည်းလမ်းဖြင့် စတင်ကာ နေ့တိုင်း သူမက လမ်းမများပေါ်မှာ ရောင်းချရန် အဝတ်အိတ်ကြီးများနဲ့ အိတ်ငယ်များကို ကိုယ်တိုင်ကိုယ်ကျ သယ်ဆောင်လာပြီးရောင်းရပါတယ်။

လူမှုကွန်ရက်များ ထွန်းကာလာတဲ့အခါ မစ္စ Kim Anh ရဲ့ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို လူအများသိလာခဲ့ပါတယ်။ သူမရဲ့ ဇွဲမလျော့တဲ့ စိတ်ဓာတ်ကို သဘောကျကာ လူများစွာက သူမကို ရောင်းချရာမှာ ကူညီရန် e-commerce ပလပ်ဖောင်းများနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။ မကြာခင်မှာဘဲ သူမရဲ့ ကနဦးကြွေးမြီကို ဆပ်ခဲ့ပြီး မနှစ်က နှစ်သစ်ကူးချိန်အထိ သူ့အကြွေးတွေကို အကုန်ဆပ်နိုင်ခဲ့ပါပြီ။ မစ္စ Kim Anh ရဲ့ ဘဝကို သိရခြင်းအားဖြင့် ဘဝဆိုတာ အတက်အကျရှိပြီး စိတ်ဓာတ်ခိုင်မှာဖို့ဘဲလိုအပ်တာပါ။ သီချင်းထဲကလိုဘဲ ဘဝဟာ အောင်မြင်လိုက်၊ ရှုံးလိုက် နဲ့ ချိုတလဲ့၊ခါးတလဲ့ ပါပဲ။

JRose(Tgidailynews)

Zawgyi

လုပ္ငန္းႀကီးတစ္ခုကို တိုးခ်ဲ႕မိၿပီး အေႂကြးမ်ားစြာနဲ႔ ဖိေနခ်ိန္မွာ စိတ္ဓာတ္မက်ဘဲ စက္႐ုံငယ္ေလးငွါးၿပီး လုပ္ငန္းေသးစခဲ့ရာ အခုဆို အေႂကြးအားလုံး ဆပ္ႏိုင္ခဲ့ၿပီးျဖစ္တဲ့ အသက္ ၉၂ ႏွစ္အဘြားႀကီး

တ႐ုတ္ႏိုင္ငံက မစၥ Tran Kim Anh ဟာ အသက္ ၉၂ ႏွစ္ရွိၿပီး လက္ရွိ Zhejiang ျပည္နယ္မွာ ေနထိုင္လ်က္ရွိပါတယ္။ သူမ အသက္ ၅၂ ႏွစ္မွာ မစၥ Kim Anh က အေရွ႕တိုင္းေဆးပညာနယ္ပယ္မွာ ႏွစ္ 20 အေတြ႕အႀကဳံရွိခဲ့ပါတယ္။ သူမဟာ အသက္ႀကီးျဖစ္လို႔ အၿငိမ္းစားယူသင့္ေပမယ့္ ခ်မ္းသာဖို႔ အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ လုပ္ငန္းတစ္ခု စတင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ထိုအခ်ိန္မွာ မစၥစ္ Kim Anh က သားေမြးအၤက်ီမ်ားေရာင္းၿပီး သူမ လုပ္ငန္းစတင္စဥ္က တ႐ုတ္ႏိုင္ငံမွာ ပုဂၢလိကလုပ္ငန္းမ်ားစြာ ရွိပါတယ္။

သူမတည္ေထာင္ၿပီး ၂၂ ႏွစ္ၾကာၿပီးေနာက္ ၿမိဳ႕ေတာ္ငယ္ေလးတစ္ခုမွ မစၥ Kim Anh က ႏွစ္စဥ္ ၀င္ေငြ ယြမ္ 10 သန္း (ေဒါင္ 33 ဘီလီယံေက်ာ္) ျဖင့္ ခိုင္မာတဲ့ အသက္ေမြးဝမ္းေက်ာင္းတစ္ခုကို တည္ေဆာက္ခဲ့ပါတယ္။ မူလက ဝန္ထမ္း ၁၀ဦးမွ ဝန္ထမ္း ၁၀၀ ဦးအထိ တိုးလာခဲ့ပါတယ္။ သူမက အထည္ခ်ဳပ္လုပ္ငန္းမွာ ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ဦးျဖစ္လာကာ စက္႐ုံႀကီးတစ္ခုတည္ေဆာက္ရန္ ေငြေၾကးမ်ားစြာရင္းႏွီးျမဳပ္ႏွံခဲ့ပါတယ္။ ဒါေပမဲ့လည္း မၾကာျမင့္မီမွာပဲ ျပႆနာမ်ားစြာ ျဖစ္ပြားခဲ့ၿပီး မစၥ Kim ရဲ႕ ကုမၸဏီအရင္းအႏွီး ျပတ္ေတာက္သြားကာ အေႂကြးမ်ားစြာတင္ခဲ့ပါတယ္။

အသက္ ၈၀ အ႐ြယ္မွာ မစၥ Kim Anh က အေႂကြးယြမ္ သန္း ၂၀ ကို အေႂကြးယူခဲ့ရပါတယ္။ ဒါေပမဲ့လည္း သူမက အေႂကြးဆပ္ရန္ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့ၿပီး သူမက အေႂကြးမ်ားကို ေထာက္ပံ့ရန္ စက္႐ုံကို စြန႔္လႊတ္ကာ အိမ္ႏွစ္လုံးကို ေရာင္းခ်ခဲ့ရပါတယ္။ ထိုအခ်ိန္က အဖြားအတြက္ အခက္အခဲမ်ား ႀကီးမားေသာ္လည္း အရႈံးမေပးဘဲ အရာရာကို အစမွစရန္ စက္႐ုံငယ္ေလးကို ငွါးရမ္းခဲ့ပါတယ္။ အေျခခံအက်ဆုံးနည္းလမ္းျဖင့္ စတင္ကာ ေန႔တိုင္း သူမက လမ္းမမ်ားေပၚမွာ ေရာင္းခ်ရန္ အဝတ္အိတ္ႀကီးမ်ားနဲ႔ အိတ္ငယ္မ်ားကို ကိုယ္တိုင္ကိုယ္က် သယ္ေဆာင္လာၿပီးေရာင္းရပါတယ္။

လူမႈကြန္ရက္မ်ား ထြန္းကာလာတဲ့အခါ မစၥ Kim Anh ရဲ႕ခက္ခဲၾကမ္းတမ္းတဲ့ ဘဝကို လူအမ်ားသိလာခဲ့ပါတယ္။ သူမရဲ႕ ဇြဲမေလ်ာ့တဲ့ စိတ္ဓာတ္ကို သေဘာက်ကာ လူမ်ားစြာက သူမကို ေရာင္းခ်ရာမွာ ကူညီရန္ e-commerce ပလပ္ေဖာင္းမ်ားနဲ႔ ခ်ိတ္ဆက္ေပးခဲ့ပါတယ္။ မၾကာခင္မွာဘဲ သူမရဲ႕ ကနဦးေႂကြးၿမီကို ဆပ္ခဲ့ၿပီး မႏွစ္က ႏွစ္သစ္ကူးခ်ိန္အထိ သူ႔အေႂကြးေတြကို အကုန္ဆပ္ႏိုင္ခဲ့ပါၿပီ။ မစၥ Kim Anh ရဲ႕ ဘဝကို သိရျခင္းအားျဖင့္ ဘဝဆိုတာ အတက္အက်ရွိၿပီး စိတ္ဓာတ္ခိုင္မွာဖို႔ဘဲလိုအပ္တာပါ။ သီခ်င္းထဲကလိုဘဲ ဘဝဟာ ေအာင္ျမင္လိုက္၊ ရႈံးလိုက္ နဲ႔ ခ်ိဳတလဲ့၊ခါးတလဲ့ ပါပဲ။

JRose(Tgidailynews)

  • Leave a Comment

Categories