စာမလုပ်နိုင်လို့ အော်ငေါက်ခံရတဲ့အခါ ဖခင်ဆီက သင်ထားတဲ့အတိုင်း မိခင်ရဲ့ ဒေါသကို ပြေပျောက်အောင် မိခင်ကို ပွေ့ဖက်အနမ်းပေးခဲ့တဲ့ ကောင်လေး

ငယ်ငယ်တုန်းကဆို မိဘတို့ရဲ့ ဆူဆဲခြင်းကို ခံရမှာ သေချာပါတယ်။ ဒီလိုအဆူခံရတဲ့ အခြေအနေမျိုးမှာဆိုရင် ကျွန်တော်တို့က ပါးစပ်ပိတ်ပြီး ခေါင်းတောင်မမော့ရဲဖြစ်ရပါတယ်။ ဒါပေမဲ့ မကြာသေးမီက တရုတ်လူမှုကွန်ရက်မှာ မိခင်က သားဖြစ်သူကို စာသင်ပေးနေချိန် သားကနားမလည်လို့ မိခင်ကဆူပူကြိမ်းမောင်းနေတဲ့ အဖြစ်အပျက်ကို မျှဝေထားတာပါ။ ထို့ကြောင့် မိခင်ဖြစ်သူက မျက်နှာ ရှုံ့တွပြီး စိတ်ဆိုးနေပုံရပါတယ်။ ထိုအချိန်မှာ ကောင်လေးက ခေါင်းငုံ့နေခဲ့ပါတယ်။

ဒါပေမယ့် ရုတ်တရက် ကောင်လေးက အမေဒေါသထွက်ရင် ပွေ့ဖက်နမ်းဖို့ ဖခင်က သင်ပေးခဲ့တာကို သတိရပြီး သူ့အမေ့ရဲ့မျက်နှာကို ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။ သူ့လုပ်ရပ်က သူ့အမေကို အံ့ဩစေပါတယ်။ ဒီကောင်လေးရဲ့အဖြစ်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်က ကိုယ့်ကို ဒေါသဖြစ်တဲ့အခါ ပွေ့ဖက်အနမ်းလေးပေးရုံနဲ့ ဒေါသကို တည်ငြိမ်အောင် ကူညီပေးနိုင်တယ်ဆိုတာ သဘောပေါက်မိပါတယ်။ လူတော်တော်များများကတော့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပြီး ကောင်လေးရဲ့ လိမ္မာပါးနပ်မှုကို ချီးကျူးခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

စာမလုပ္ႏိုင္လို႔ ေအာ္ေငါက္ခံရတဲ့အခါ ဖခင္ဆီက သင္ထားတဲ့အတိုင္း မိခင္ရဲ႕ ေဒါသကို ေျပေပ်ာက္ေအာင္ မိခင္ကို ေပြ႕ဖက္အနမ္းေပးခဲ့တဲ့ ေကာင္ေလး

ငယ္ငယ္တုန္းကဆို မိဘတို႔ရဲ႕ ဆူဆဲျခင္းကို ခံရမွာ ေသခ်ာပါတယ္။ ဒီလိုအဆူခံရတဲ့ အေျခအေနမ်ိဳးမွာဆိုရင္ ကြၽန္ေတာ္တို႔က ပါးစပ္ပိတ္ၿပီး ေခါင္းေတာင္မေမာ့ရဲျဖစ္ရပါတယ္။ ဒါေပမဲ့ မၾကာေသးမီက တ႐ုတ္လူမႈကြန္ရက္မွာ မိခင္က သားျဖစ္သူကို စာသင္ေပးေနခ်ိန္ သားကနားမလည္လို႔ မိခင္ကဆူပူႀကိမ္းေမာင္းေနတဲ့ အျဖစ္အပ်က္ကို မွ်ေဝထားတာပါ။ ထို႔ေၾကာင့္ မိခင္ျဖစ္သူက မ်က္ႏွာ ရႈံ႕တြၿပီး စိတ္ဆိုးေနပုံရပါတယ္။ ထိုအခ်ိန္မွာ ေကာင္ေလးက ေခါင္းငုံ႔ေနခဲ့ပါတယ္။

ဒါေပမယ့္ ႐ုတ္တရက္ ေကာင္ေလးက အေမေဒါသထြက္ရင္ ေပြ႕ဖက္နမ္းဖို႔ ဖခင္က သင္ေပးခဲ့တာကို သတိရၿပီး သူ႔အေမ့ရဲ႕မ်က္ႏွာကို ေပြ႕ဖက္နမ္းရႈံ႕ခဲ့ပါတယ္။ သူ႔လုပ္ရပ္က သူ႔အေမကို အံ့ဩေစပါတယ္။ ဒီေကာင္ေလးရဲ႕အျဖစ္ကို ၾကည့္ျခင္းအားျဖင့္ တစ္ဖက္က ကိုယ့္ကို ေဒါသျဖစ္တဲ့အခါ ေပြ႕ဖက္အနမ္းေလးေပး႐ုံနဲ႔ ေဒါသကို တည္ၿငိမ္ေအာင္ ကူညီေပးႏိုင္တယ္ဆိုတာ သေဘာေပါက္မိပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ေဖာ္ျပၿပီး ေကာင္ေလးရဲ႕ လိမၼာပါးနပ္မႈကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories