ကိုဗစ္ကုသေရးမွာ တစ္လတိတိ တာဝန္ထမ္းေဆာင္ဖို႔အတြက္ ခြင့္ျပဳေပးလို႔ မိသားစုနဲ႔ခ်စ္သူကို ေက်းဇူးတင္လိုက္တဲ့ စိန္ၿဖိဳးလႈိင္

ပရိသတ္ႀကီးေရ စိန္ၿဖိဳးလႈိင္ကေတာ့ တစ္ေခတ္တစ္ခါမွာ “ေမာင္”ဆိုတဲ့ အႏုပညာနာမည္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။အကယ္ဒမီနႏၵာလႈိင္ရဲ႕ ေမာင္ေလးျဖစ္တာေၾကာင့္ အႏုပညာပါရမီလည္းပါပါတယ္ေနာ္။နႏၵာလႈိင္တို႔မိသားစုက စည္းစည္းလုံးလုံးနဲ႔ ေနထိုင္ၾကၿပီး စီးပြားေရးဆိုလည္း တက္ညီလက္ညီလုပ္ေဆာင္ၾကလို႔ အရမ္းအားက်ဖို႔ေကာင္းတဲ့မိသားစုေလးျဖစ္ပါတယ္။

စိန္ၿဖိဳးလႈိင္ကေတာ့ မၾကာေသးခင္ကမွ ဧရာဝတီစင္တာမွာ Quarantine ဝင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ က်န္းက်န္းမာမာနဲ႔ မိသားစုနဲ႔အတူျပန္ေနထိုင္ေနတာျဖစ္ပါတယ္။စိန္ၿဖိဳးလႈိင္က ဆရာဝန္တစ္ေယာက္လည္းျဖစ္တာေၾကာင့္ ကိုဗစ္ကုသေရးအတြက္ တစ္တပ္တစ္အားပါဝင္လႈပ္ရွားေတာ့မွာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ စိတ္ၿဖိဳးလႈိင္က မိသားစုနဲ႔ခဏခြဲၿပီး ေဖာင္ႀကီးမွာ တစ္လတိတိသြားေနရမွာျဖစ္ပါတယ္ေနာ္။

စိန္ၿဖိဳးလႈိင္က”အမိန႔္စာမွာ ေဒါက္တာစိန္ၿဖိဳးလႈိင္ ပါလာပါၿပီ…ေဖာင္ႀကီး covid ကုသေရးမွာ တစ္လတိတိ တာဝန္ထမ္းေဆာင္ပါမယ္…ကြၽန္ေတာ္တတ္ထားတဲ့ပညာနဲ႔ ခုလိုအခ်ိန္မွာ ပါဝင္ခြင့္ရတာကိုပဲဝမ္းသာပါတယ္…ကြၽန္ေတာ္သာ ဆရာဝန္တစ္ေယာက္မဟုတ္ခဲ့ဘူး ငယ္႐ြယ္က်န္းမာတဲ့သူတစ္ေယာက္မဟုတ္ခဲ့ဘူးဆိုရင္ လုပ္ခ်င္ပါတယ္ဆိုတာေတာင္ လုပ္လို႔မရပါဘူး…ကြၽန္ေတာ္ လုပ္ႏိုင္တယ္ လုပ္သင့္တယ္ လုပ္ရမယ့္ အလုပ္လို႔ခံယူထားပါတယ္…ကြၽန္ေတာ္ခုလိုသြားမွာကို စိတ္ပူေပမယ့္ ကြၽန္ေတာ္ဆႏၵကိုလိုက္ေလ်ာၿပီး ခြင့္ျပဳေပးတဲ့ ပါးပါးနဲ႔ေမႀကီး၊ ၿပီးေတာ့ ကြၽန္ေတာ့္ အစ္မ ၅ ေယာက္နဲ႔ ရီရီ႕ ကိုလည္းေက်းဇူးတင္ပါတယ္..”ဆိုၿပီး ေရးသားမွ်ေဝထားတာျဖစ္ပါတယ္။

credit – Myanmarload

Unicode

ကိုဗစ်ကုသရေးမှာ တစ်လတိတိ တာဝန်ထမ်းဆောင်ဖို့အတွက် ခွင့်ပြုပေးလို့ မိသားစုနဲ့ချစ်သူကို ကျေးဇူးတင်လိုက်တဲ့ စိန်ဖြိုးလှိုင်

ပရိသတ်ကြီးရေ စိန်ဖြိုးလှိုင်ကတော့ တစ်ခေတ်တစ်ခါမှာ “မောင်”ဆိုတဲ့ အနုပညာနာမည်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အကယ်ဒမီနန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တာကြောင့် အနုပညာပါရမီလည်းပါပါတယ်နော်။နန္ဒာလှိုင်တို့မိသားစုက စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြပြီး စီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြလို့ အရမ်းအားကျဖို့ကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။

စိန်ဖြိုးလှိုင်ကတော့ မကြာသေးခင်ကမှ ဧရာဝတီစင်တာမှာ Quarantine ဝင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကျန်းကျန်းမာမာနဲ့ မိသားစုနဲ့အတူပြန်နေထိုင်နေတာဖြစ်ပါတယ်။စိန်ဖြိုးလှိုင်က ဆရာဝန်တစ်ယောက်လည်းဖြစ်တာကြောင့် ကိုဗစ်ကုသရေးအတွက် တစ်တပ်တစ်အားပါဝင်လှုပ်ရှားတော့မှာဖြစ်ပါတယ်။အခုဆိုရင်တော့ စိတ်ဖြိုးလှိုင်က မိသားစုနဲ့ခဏခွဲပြီး ဖောင်ကြီးမှာ တစ်လတိတိသွားနေရမှာဖြစ်ပါတယ်နော်။

စိန်ဖြိုးလှိုင်က”အမိန့်စာမှာ ဒေါက်တာစိန်ဖြိုးလှိုင် ပါလာပါပြီ…ဖောင်ကြီး covid ကုသရေးမှာ တစ်လတိတိ တာဝန်ထမ်းဆောင်ပါမယ်…ကျွန်တော်တတ်ထားတဲ့ပညာနဲ့ ခုလိုအချိန်မှာ ပါဝင်ခွင့်ရတာကိုပဲဝမ်းသာပါတယ်…ကျွန်တော်သာ ဆရာဝန်တစ်ယောက်မဟုတ်ခဲ့ဘူး ငယ်ရွယ်ကျန်းမာတဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် လုပ်ချင်ပါတယ်ဆိုတာတောင် လုပ်လို့မရပါဘူး…ကျွန်တော် လုပ်နိုင်တယ် လုပ်သင့်တယ် လုပ်ရမယ့် အလုပ်လို့ခံယူထားပါတယ်…ကျွန်တော်ခုလိုသွားမှာကို စိတ်ပူပေမယ့် ကျွန်တော်ဆန္ဒကိုလိုက်လျောပြီး ခွင့်ပြုပေးတဲ့ ပါးပါးနဲ့မေကြီး၊ ပြီးတော့ ကျွန်တော့် အစ်မ ၅ ယောက်နဲ့ ရီရီ့ ကိုလည်းကျေးဇူးတင်ပါတယ်..”ဆိုပြီး ရေးသားမျှဝေထားတာဖြစ်ပါတယ်။

credit – Myanmarload

  • Leave a Comment