သမီးလေးလက်တွေနာကုန်မှာဆိုးလို့ သူ့သမီးလေးအတွက် ပုဇွန်ခွံနွှာပေးပြီး ခွံကျွေးခဲ့တဲ့ ဖခင်ရဲ့ နွေးထွေးတဲ့အခိုက်အတန့်လေး

မိဘများက သားသမီးများကို အမြဲစိုးရိမ်ပြီး ပြုစုစောင့်ရှောက်ပေးသူများဖြစ်ပါတယ်။ မကြာသေးမီက လူမှုကွန်ယက်ပေါ်မှာ ပုစွန်ကို အခွံခွါပြီး သမီးလေးကို ဂရုတစိုက်ကျွေးတဲ့ သားအဖနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးကို မျှဝေထားပါတယ်။ ကလစ်တစ်ခုအရ သားအဖနှစ်ယောက်ဟာ မင်္ဂလာဆောင်ပွဲတက်တုန်း ဖခင်ဖြစ်သူက သူ့သမီးစားဖို့ ပုဇွန်ကို အခွံနွှာပြီး ခွံကျွေးခဲ့ပါတယ်။

ဒါတင်မကသေးဘဲ သူ့သမီးရဲ့လက်တွေ မသန့်ရှင်းတာကိုလည်း ဖခင်ဖြစ်သူက မြင်ပြီး သမီးလေးကို သုပ်ပေးလိုက်ပါသေးတယ်။ ချစ်စဖွယ်အမူအရာတိုင်းဟာ အဖေ့က သူ့သမီးကို ဘယ်လောက်ချစ်ကြောင်း သိနိုင်ပါတယ်။ သားသမီးတွေ ကြီးပြင်းလာလို့ ကိုယ့်ခြေထောက်ကို ရပ်တည်နိုင်ကြပေမဲ့ မိဘတွေရဲ့အမြင်မှာ ကလေးလို့ဘဲမြင်ပါတယ်။ ပုံက နည်းနည်းရိုးရှင်းပေမယ့် စာဖက်သူတို့ရဲ့ နှလုံးသားကို ထိမိဖြစ်စေပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories