နိုင်ငံရပ်ခြားမှာ ၂ နှစ်ကြာ အလုပ်လုပ်နေပြီး ဇာတိမြေကိုပြန်လာကာ ကားတစ်စီးဝယ်နိုင်တဲ့အပြင် မိဘတွေအတွက် အိမ်ဆောက်ပေးနိုင်ခဲ့တဲ့ မိန်းကလေး

ဗီယက်နမ်နိုင်ငံ၊ Nghe အမည်ရှိမိန်းကလေးဟာ ခက်ခဲတဲ့ အခြေအနေများရှိတဲ့ မိသားစုမှာမွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ပြီးချိန်အထိ သူမရဲ့မိဘများ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲအားလုံးကို မြင်တွေ့ခဲ့ရသောကြောင့် သူမဟာ အထက်တန်းကျောင်းပြီးတာနဲ့ အတူ ထိုင်ဝမ်မှာ အလုပ်သွားလုပ်ရန် လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး သူမနဲ့ သူမရဲ့မိသားစုက သာယာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ရမယ်လို့ သူမမျှော်မှန်းထားပါတယ်။

နိုင်ငံရပ်ခြားမှာ ၂ နှစ်ကြာ အလုပ်လုပ်ကိုင်ပြီးနောက် မွေးရပ်မြေကို ပြန်ရောက်တာနဲ့ နိုင်ငံခြားသွားဖို့ ချေးထားတဲ့ငွေအားလုံးကို ဆပ်နိုင်ခဲ့ပါတယ်။ ထို့အပြင် Nghe က သန်း ၂၀၀ ခန့်ကို စုဆောင်းနိုင်ခဲ့ပြီး ယင်းကြောင့် Nghe ရဲ့မိဘများက ပျော်ရွှင်မှုနဲ့ မျက်ရည်ကျခဲ့ရပါတယ်။ အကြောင်းမှာ သူမရဲ့မိသားစုအတွက် အဲ့လောက်များတဲ့ငွေက သူတို့တခါမှ မတွေးဝံ့ကြတဲ့ ကံကောင်းခြင်းတစ်ခုဖြစ်တာကြောင့်ပါ။

ဗီယက်နမ်မှာ သူမရဲ့ဘဝကို တည်ငြိမ်စေပြီးနောက် Nghe က သူမရဲ့ အွန်လိုင်းစီးပွားရေးကို စတင်လေ့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း သူမက မမောမပန်း အလုပ်လုပ်ခဲ့ပြီး စီးပွားရေးလည်း ပိုပိုပြီး ပေါများလာပါတယ်။ မကြာသေးမီကပဲ သူရဲ့ ပထမဆုံးကားကိုဝယ်ပြီး သူ့မိဘများအတွက် အိမ်အသစ်ဆောက်နိုင်ခဲ့ပါပြီ။ ၎င်းကို အင်တာနက်ပေါ်မျှဝေပြီးနောက် စာဖက်သူတွေက သူမကို အားကျပြီး လေးစားမိကြောင်း မှတ်ချက်ပေးကြပါတယ်။

JRose(Tgidailynews)

Zawgyi

ႏိုင္ငံရပ္ျခားမွာ ၂ ႏွစ္ၾကာ အလုပ္လုပ္ေနၿပီး ဇာတိေျမကိုျပန္လာကာ ကားတစ္စီးဝယ္ႏိုင္တဲ့အျပင္ မိဘေတြအတြက္ အိမ္ေဆာက္ေပးႏိုင္ခဲ့တဲ့ မိန္းကေလး

ဗီယက္နမ္ႏိုင္ငံ၊ Nghe အမည္ရွိမိန္းကေလးဟာ ခက္ခဲတဲ့ အေျခအေနမ်ားရွိတဲ့ မိသားစုမွာေမြးဖြားခဲ့ပါတယ္။ ငယ္စဥ္ကေလးဘဝမွ အ႐ြယ္ေရာက္ၿပီးခ်ိန္အထိ သူမရဲ႕မိဘမ်ား ျဖတ္သန္းခဲ့ရတဲ့ အခက္အခဲအားလုံးကို ျမင္ေတြ႕ခဲ့ရေသာေၾကာင့္ သူမဟာ အထက္တန္းေက်ာင္းၿပီးတာနဲ႔ အတူ ထိုင္ဝမ္မွာ အလုပ္သြားလုပ္ရန္ လမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့ၿပီး သူမနဲ႔ သူမရဲ႕မိသားစုက သာယာတဲ့ဘဝတစ္ခုကို ပိုင္ဆိုင္ႏိုင္ရမယ္လို႔ သူမေမွ်ာ္မွန္းထားပါတယ္။

ႏိုင္ငံရပ္ျခားမွာ ၂ ႏွစ္ၾကာ အလုပ္လုပ္ကိုင္ၿပီးေနာက္ ေမြးရပ္ေျမကို ျပန္ေရာက္တာနဲ႔ ႏိုင္ငံျခားသြားဖို႔ ေခ်းထားတဲ့ေငြအားလုံးကို ဆပ္ႏိုင္ခဲ့ပါတယ္။ ထို႔အျပင္ Nghe က သန္း ၂၀၀ ခန႔္ကို စုေဆာင္းႏိုင္ခဲ့ၿပီး ယင္းေၾကာင့္ Nghe ရဲ႕မိဘမ်ားက ေပ်ာ္႐ႊင္မႈနဲ႔ မ်က္ရည္က်ခဲ့ရပါတယ္။ အေၾကာင္းမွာ သူမရဲ႕မိသားစုအတြက္ အဲ့ေလာက္မ်ားတဲ့ေငြက သူတို႔တခါမွ မေတြးဝံ့ၾကတဲ့ ကံေကာင္းျခင္းတစ္ခုျဖစ္တာေၾကာင့္ပါ။

ဗီယက္နမ္မွာ သူမရဲ႕ဘဝကို တည္ၿငိမ္ေစၿပီးေနာက္ Nghe က သူမရဲ႕ အြန္လိုင္းစီးပြားေရးကို စတင္ေလ့လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၃ ႏွစ္အတြင္း သူမက မေမာမပန္း အလုပ္လုပ္ခဲ့ၿပီး စီးပြားေရးလည္း ပိုပိုၿပီး ေပါမ်ားလာပါတယ္။ မၾကာေသးမီကပဲ သူရဲ႕ ပထမဆုံးကားကိုဝယ္ၿပီး သူ႔မိဘမ်ားအတြက္ အိမ္အသစ္ေဆာက္ႏိုင္ခဲ့ပါၿပီ။ ၎ကို အင္တာနက္ေပၚမွ်ေဝၿပီးေနာက္ စာဖက္သူေတြက သူမကို အားက်ၿပီး ေလးစားမိေၾကာင္း မွတ္ခ်က္ေပးၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories