ဘိလိယက်ခုံ ကစားခြင်းကို အလွန်ကျွမ်းကျင်ပြီး မြေးဖြစ်သူလာလည်တိုင်း ကစားဖို့ ဖိတ်ခေါ်လေ့ရှိတဲ့ အသက် ၈၈ နှစ်အရွယ် အဖွား

တော်တော်များများက အသင် ၉၀ နှစ်ရှိပြီဆိုရင် အိမ်မှာနေပြီး ကျန်းမာရေးကြောင့် အဝေးကြီးကို မထွက်ရဲကြတော့ပါဘူး။ ဒါပေမဲ့ ဒီအသက် 90 အရွယ် အဖွားဟာဆိုရင် ကျန်းမာရေးကောင်းရုံသာမက လူငယ်အားကစားကို ဝါသနာပါပြီး လူတော်တော်များများက သဘောကျကြပါတယ်။

အဘွားကြီးဟာ ဒီနှစ်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပေမယ့် ဘိလိယက်ခုံကို အရမ်းဝါသနာပါသေးတယ်လို့ ဆိုပါတယ်။ မြေးတစ်ယောက် အလည်လာတိုင်း ဆော့ကစားဖို့ အဖွားက ချက်ချင်းဖိတ်ခေါ်ပြီး ကစားလေ့ရှိပါတယ်။ တင်ထားတဲ့ ပုံတွေကို ကြည့်လိုက်ရင် အဖွားက ဒီအားကစားကို အရမ်းသဘောကျတာတွေ့ရပါတယ်။ ကိုင်တွယ်မှုမှာလည်း အလွန်ကျွမ်းကျင်ပုံရပြီး အဖွားရဲ့မျက်လုံးများက ဘောလုံးတစ်ခုစီကို အာရုံစိုက်နေပါတယ်။

အဘွားရဲ့ဆံပင်တစ်ခုလုံးက မီးခိုးရောင်ဖြစ်နေပေမဲ့ သူမညှပ်ထားတဲ့ ဆံပင်ပုံစံကြောင့် သဘောကျနေကြပါတယ်။ ဒီဆံပင်ပုံစံဆိုရင် ငယ်ရွယ်သူတွေတောင် စမ်းကြည့်ဖို့ တွန့်ဆုတ်နေပေမယ့် အဘွားကြီးကိုကြည့်ရင်တော့ အရမ်းလိုက်ဖက်နေပါတယ်။ လူမှုကွန်ရက်မှာ ပို့စ်တင်ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ စာဖတ်သူတွေက အဘွားကြီးပုံသဏ္ဍာန်ကို မြင်တဲ့အခါ လူအများစုက လေးစားနေကြပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories