ကံကိုပြောင်းလဲချင်တာကြောင့် တက်တူးဆရာဆီသွားပြီး မျက်ခုံးမွေးပြုပြင်ခဲ့ပေမဲ့ ရလဒ်ကိုမြင်ပြီး ငိုမရ၊ရယ်မရဖြစ်ခဲ့တဲ့ အမျိုးသား

ဒီခေတ်ကြီးထဲမှာ လူတိုင်းရဲ့ အလှတရား လိုအပ်ချက်က ကြီးမားလှပါတယ်။ အမျိုးသမီးများက ၎င်းတို့ရဲ့ အသွင်အပြင်ကို အာရုံစိုက်ရုံသာမက အမျိုးသားများလည်း သပ်ရပ်၊ ပြီးပြည့်စုံချင်ကြပါတယ်။ လူတစ်ဦးချင်းစီရဲ့ မျက်နှာကို ပိုမိုဆွဲဆောင်မှုရှိစေတာက မျက်ခုံးမွေးဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့မျက်ခုံးမွှေးကို ပြန်လည်ပြုပြင်သူတိုင်းဟာ ကျွမ်းကျင်မှုရှိတဲ့ ဆိုင်ရှင်နဲ့ တွေ့ဆုံရလောက်အောင် ကံကောင်းကြတာမဟုတ်ပါ။

မကြာမီက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ကံကို ပြောင်းလဲချင်စိတ်ရှိတယ်လို့ သိရတဲ့အတွက် အလှပြင်ဆိုင်ကိုသွားပြီး တက်တူးဆရာကို မျက်ခုံးမွှေးတစ်ရံလုပ်ခိုင်းခဲ့ပါတယ်။ တက်တူးဆရာကို ထိုလူက “မျက်ခုံးမွေးက ကြီးရမယ်၊ အမြီးက ပျံရမယ်၊ အရမ်းမညွှတ်ဘူး ဒါပေမယ့် သဘာဝအတိုင်းလည်း ဖြစ်ရမယ်” လို့ ပြောခဲ့ပါတယ်။

ဖောက်သည်ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးတဲ့ တက်တူးဆရာက သူ့ရဲ့လက်စွမ်းကြောင့် ကြည့်ရှုသူတိုင်း ထိတ်လန့်စေခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ် မျှဝေပြီးနောက် ချက်ချင်းဆိုသလိုပင် အဲ့ဒါက “မိုးမခသစ်ရွက်” မျက်ခုံးမွေးဆိုပြီး ရယ်စရာကောင်းတဲ့ မှတ်ချက်များစွာ ရရှိခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ကံကိုေျပာင္းလဲခ်င္တာေၾကာင့္ တက္တူးဆရာဆီသြားၿပီး မ်က္ခုံးေမြးျပဳျပင္ခဲ့ေပမဲ့ ရလဒ္ကိုျမင္ၿပီး ငိုမရ၊ရယ္မရျဖစ္ခဲ့တဲ့ အမ်ိဳးသား

ဒီေခတ္ႀကီးထဲမွာ လူတိုင္းရဲ႕ အလွတရား လိုအပ္ခ်က္က ႀကီးမားလွပါတယ္။ အမ်ိဳးသမီးမ်ားက ၎တို႔ရဲ႕ အသြင္အျပင္ကို အာ႐ုံစိုက္႐ုံသာမက အမ်ိဳးသားမ်ားလည္း သပ္ရပ္၊ ၿပီးျပည့္စုံခ်င္ၾကပါတယ္။ လူတစ္ဦးခ်င္းစီရဲ႕ မ်က္ႏွာကို ပိုမိုဆြဲေဆာင္မႈရွိေစတာက မ်က္ခုံးေမြးျဖစ္ပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕မ်က္ခုံးေမႊးကို ျပန္လည္ျပဳျပင္သူတိုင္းဟာ ကြၽမ္းက်င္မႈရွိတဲ့ ဆိုင္ရွင္နဲ႔ ေတြ႕ဆုံရေလာက္ေအာင္ ကံေကာင္းၾကတာမဟုတ္ပါ။

မၾကာမီက အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ကံကို ေျပာင္းလဲခ်င္စိတ္ရွိတယ္လို႔ သိရတဲ့အတြက္ အလွျပင္ဆိုင္ကိုသြားၿပီး တက္တူးဆရာကို မ်က္ခုံးေမႊးတစ္ရံလုပ္ခိုင္းခဲ့ပါတယ္။ တက္တူးဆရာကို ထိုလူက “မ်က္ခုံးေမြးက ႀကီးရမယ္၊ အၿမီးက ပ်ံရမယ္၊ အရမ္းမၫႊတ္ဘူး ဒါေပမယ့္ သဘာဝအတိုင္းလည္း ျဖစ္ရမယ္” လို႔ ေျပာခဲ့ပါတယ္။

ေဖာက္သည္ရဲ႕ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးတဲ့ တက္တူးဆရာက သူ႔ရဲ႕လက္စြမ္းေၾကာင့္ ၾကည့္ရႈသူတိုင္း ထိတ္လန႔္ေစခဲ့ပါတယ္။ လူမႈကြန္ရက္ေပၚ မွ်ေဝၿပီးေနာက္ ခ်က္ခ်င္းဆိုသလိုပင္ အဲ့ဒါက “မိုးမခသစ္႐ြက္” မ်က္ခုံးေမြးဆိုၿပီး ရယ္စရာေကာင္းတဲ့ မွတ္ခ်က္မ်ားစြာ ရရွိခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories