မက်ဆီကို အလွန်ရူးသွပ်တဲ့ ဖောက်သည်တစ်ဦးကို သူ့ရဲ့ဦးခေါင်းနောက်ဘက်မှာ မက်စီရဲ့ပုံနဲ့ တူအောင် လက်ရာမြောက်စွာ ရိတ်ပေးခဲ့တဲ့ ဆံပင်ညှပ်ဆရာ

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို သဘောကျလွန်းတဲ့ ဖောက်သည်တစ်ဦးကို ဆံပင်ညှပ်ဆရာက မယုံနိုင်လောက်အောင် လက်ရာမြောက်စွာ ပြသခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ “သူရဲကောင်း” လီယွန်နယ်မက်ဆီကို အားပေးသူများက မက်စီ ရဲ့ဂျာစီကိုဝယ်ပြီး သူတို့ရဲ့အိမ်မှာပင် စုဆောင်းခြင်းဖြင့် သူတို့ရဲ့လေးစားမှုကို ပြသကြပေမဲ့ ပရိသတ်တစ်ဦး ကတော့ မက်စီရဲ့ ရုပ်ပုံကို သူ့ရဲ့ခေါင်းမှာ ပုံဖော်ရန် ရူးသွပ်နေခဲ့ပါတယ်။

ဒိုမီနီကန်သမ္မတနိုင်ငံရှိ နာမည်ကြီးဆံပင်ညှပ်ဆရာ Anton Barber ဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်ရဲ့ မျက်နှာနှင့်အညီ သူ့ရဲ့ဖောက်သည် ဦးခေါင်းနောက်ဘက် ဆံပင်ကို ပုံဖော်ရာမှာ အထူးတီထွင်ဖန်တီးမှုတစ်ခုရှိခဲ့ပါတယ်။ အဆိုပါဗီဒီယိုမှာ ဖောက်သည်ရဲ့ နောက်ဘက်ဦးခေါင်းရှိ ဆံပင်များကို မက်ဆီရဲ့မျက်နှာနဲ့ ဆင်တူစေရန် Anton မှ ရိတ်ထားခြင်းဖြစ်ကြောင်း ပြသထားတဲ့ပုံ ဖြစ်ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories