ပရိသတ္ေတြစိတ္ညစ္မွာစိုးလို႔ ကင္ဆာေဝဒနာႀကီးကို ႀကိတ္မွိတ္ခံစားခဲ့တဲ့ မီးမီးခဲအေၾကာင္း ကြယ္လြန္သြားခ်ိန္မွ ဖြင့္ဟေျပာျပလာတဲ့ ဟန္ထူးဈာန္

အဆိုေတာ္ မီးမီးခဲကေတာ့ ဒီကေန႔ ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာပဲ သူမလက္ရွိ ေနထိုင္ရာ ၾသစေတးလ်ႏိုင္ငံ စံေတာ္ခ်ိန္ ည ၉ နာရီ ၃၁ မိနစ္အခ်ိန္မွာ ဘဝတစ္ပါးသို႔ ကူးေျပာင္း ကြယ္လြန္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ကင္ဆာ အဆင့္ (၄) ကို ေရာက္ရွိေနၿပီျဖစ္တဲ့ မီးမီးခဲက ဆရာဝန္ေတြကိုယ္တိုင္က လက္ေလွ်ာ့ထားရတဲ့အေျခအေနျဖစ္ေပမယ့္ အၿပဳံးမပ်က္ပဲ ပရိသတ္ေတြေရွ႕မွာ ေနႏိုင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ အဆိုေတာ္ ဟန္ထူးဈာန္က သူ႔ရဲ႕အစ္မတစ္ေယာက္လိုခ်စ္ရတဲ့ အဆိုေတာ္မီးမီးခဲက ပရိသတ္ေတြစိတ္ညစ္မွာစိုးလို႔ ကင္ဆာေဝဒနာႀကီးကို ႀကိတ္မွိတ္ခံစားၿပီးကုသခဲ့တဲ့အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“R.I.P ပါ အစ္မ ရယ္ 🙏🏼🙏🏼🙏🏼 မမီးမီးခဲ အစ္မသူ႔ပရိတ္သတ္ေတြကို သူေၾကာင့္နဲ႔ စိတ္မညစ္ေစခ်င္လို႔ ႀကိတ္ခံစားႀကိဳးစားခဲ့တာေလးေတြကို အခုေတာ့ သိသေလာက္ ေျပာျပပါ့မယ္။ အစ္မက ကင္ဆာေဝဒနာႀကီးကိုခံစားေနရတာပါ။ ေဆးေတြနဲ႔တိုက္ၿပီး တကိုယ္ေတာ္ Live Show ပြဲကို ပရိတ္သတ္ေတြအတြက္ ေနာက္ဆုံးအေနနဲ႔လို႔ေျပာေျပာၿပီးကိုလုပ္သြားခဲ့တယ္။ ဆရာဝန္ေတြက သီခ်င္းေတြကို အားစိုက္ဆိုရင္ အစ္မအတြက္က်န္းမာေရးကပိုဆိုးသြားႏိူင္လို႔ မဆိုခိုင္းခဲ့ေပမယ္ ရေအာင္ ျပန္လာၿပီး ေဖ်ာ္ေျဖခဲ့တာပါ”

“မေဖ်ာ္ေျဖခင္ အားေတြအရမ္းနည္းလို႔ အေၾကာေဆးပုလင္းခ်ိတ္သြင္းၿပီးအားယူရင္းကို သီခ်င္းကိုတုံးလုံးလွဲၿပီး ေလ့က်င့္ေနခဲ့တာ ကြၽန္ေတာ္တို႔ဆရာလိုခ်စ္ရတဲ့ အစ္ကိုတေယာက္ Video ေလးျပလို႔ ေတာ္ေတာ္စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ လြန္ခဲ့တဲ့ ၂ ရက္က သူငယ္ခ်င္းတေယာက္နဲ႔စကားေျပာေတာ့ မမီးခဲ ကေဆး႐ုံေပၚမွာ အေျခအေနေတာ္ေတာ္မေကာင္းဘူးၾကားေတာ့ အရမ္းအားေပးခဲ့တဲ့ ထူးျခားတဲ့အသံပိုင္ရွင္အစ္မ မလို႔ ေတာ္ေတာ္စိတ္မေကာင္းျဖစ္မိေနတာပါ။ အခုလိုခံစားေနရတာကို ပရိတ္သတ္ေတြ ဘယ္သူမွမသိေအာင္ တမင္ႀကိတ္ကုရင္းတိုက္ေနတာပါ။ ေန႔တိုင္းလည္း သူငယ္ခ်င္းကို သတင္းလွမ္းေမးေနတာ။ ျမန္ျမန္ျပန္ေနေကာင္းပါေစဆုေတာင္းရင္ေပါ့။ အခုေတာ့ သူေဝဒနာေတြခံစားေနရတာ နိဂုံးခ်ဳပ္ခဲ့ၿပီ” ဆိုၿပီး သူသိသမွ်ကို ေျပာလာခဲ့ပါတယ္။

အဆိုေတာ္ မီးမီးခဲလို အႏုပညာရွင္ၾကယ္ပြင့္တစ္ပြင့္ကို ဆုံးရႈံးလိုက္ရေပမယ့္ မီးမီးခဲရဲ႕ ခံစားေနရတဲ့ ေဝဒနာေတြ နိဂုံးခ်ဳပ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲတစ္ေယာက္ ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Han Htoo Zen

credit – Cele Connections

Unicode

ပရိသတ်တွေစိတ်ညစ်မှာစိုးလို့ ကင်ဆာဝေဒနာကြီးကို ကြိတ်မှိတ်ခံစားခဲ့တဲ့ မီးမီးခဲအကြောင်း ကွယ်လွန်သွားချိန်မှ ဖွင့်ဟပြောပြလာတဲ့ ဟန်ထူးဈာန်

အဆိုတော် မီးမီးခဲကတော့ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ သူမလက်ရှိ နေထိုင်ရာ သြစတေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁ မိနစ်အချိန်မှာ ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကင်ဆာ အဆင့် (၄) ကို ရောက်ရှိနေပြီဖြစ်တဲ့ မီးမီးခဲက ဆရာဝန်တွေကိုယ်တိုင်က လက်လျှော့ထားရတဲ့အခြေအနေဖြစ်ပေမယ့် အပြုံးမပျက်ပဲ ပရိသတ်တွေရှေ့မှာ နေနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဆိုတော် ဟန်ထူးဈာန်က သူ့ရဲ့အစ်မတစ်ယောက်လိုချစ်ရတဲ့ အဆိုတော်မီးမီးခဲက ပရိသတ်တွေစိတ်ညစ်မှာစိုးလို့ ကင်ဆာဝေဒနာကြီးကို ကြိတ်မှိတ်ခံစားပြီးကုသခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“R.I.P ပါ အစ်မ ရယ် 🙏🏼🙏🏼🙏🏼 မမီးမီးခဲ အစ်မသူ့ပရိတ်သတ်တွေကို သူကြောင့်နဲ့ စိတ်မညစ်စေချင်လို့ ကြိတ်ခံစားကြိုးစားခဲ့တာလေးတွေကို အခုတော့ သိသလောက် ပြောပြပါ့မယ်။ အစ်မက ကင်ဆာဝေဒနာကြီးကိုခံစားနေရတာပါ။ ဆေးတွေနဲ့တိုက်ပြီး တကိုယ်တော် Live Show ပွဲကို ပရိတ်သတ်တွေအတွက် နောက်ဆုံးအနေနဲ့လို့ပြောပြောပြီးကိုလုပ်သွားခဲ့တယ်။ ဆရာဝန်တွေက သီချင်းတွေကို အားစိုက်ဆိုရင် အစ်မအတွက်ကျန်းမာရေးကပိုဆိုးသွားနိူင်လို့ မဆိုခိုင်းခဲ့ပေမယ် ရအောင် ပြန်လာပြီး ဖျော်ဖြေခဲ့တာပါ”

“မဖျော်ဖြေခင် အားတွေအရမ်းနည်းလို့ အကြောဆေးပုလင်းချိတ်သွင်းပြီးအားယူရင်းကို သီချင်းကိုတုံးလုံးလှဲပြီး လေ့ကျင့်နေခဲ့တာ ကျွန်တော်တို့ဆရာလိုချစ်ရတဲ့ အစ်ကိုတယောက် Video လေးပြလို့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က သူငယ်ချင်းတယောက်နဲ့စကားပြောတော့ မမီးခဲ ကဆေးရုံပေါ်မှာ အခြေအနေတော်တော်မကောင်းဘူးကြားတော့ အရမ်းအားပေးခဲ့တဲ့ ထူးခြားတဲ့အသံပိုင်ရှင်အစ်မ မလို့ တော်တော်စိတ်မကောင်းဖြစ်မိနေတာပါ။ အခုလိုခံစားနေရတာကို ပရိတ်သတ်တွေ ဘယ်သူမှမသိအောင် တမင်ကြိတ်ကုရင်းတိုက်နေတာပါ။ နေ့တိုင်းလည်း သူငယ်ချင်းကို သတင်းလှမ်းမေးနေတာ။ မြန်မြန်ပြန်နေကောင်းပါစေဆုတောင်းရင်ပေါ့။ အခုတော့ သူဝေဒနာတွေခံစားနေရတာ နိဂုံးချုပ်ခဲ့ပြီ” ဆိုပြီး သူသိသမျှကို ပြောလာခဲ့ပါတယ်။

အဆိုတော် မီးမီးခဲလို အနုပညာရှင်ကြယ်ပွင့်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရပေမယ့် မီးမီးခဲရဲ့ ခံစားနေရတဲ့ ဝေဒနာတွေ နိဂုံးချုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

credit – Cele Connections

  • Leave a Comment