ဘဝကြီးက အဆင်ပြေလှတာမဟုတ်ပေမဲ့ ချစ်ခြင်းမေတ္တာဖြင့် လက်တွဲကြတဲ့ သက်ကြီးစုံတွဲနှစ်ဦး သဘောကျလို့ မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံဆရာ

တွေ့ဆုံခြင်းရဲ့ကံကြမ္မာကြောင့် လူများစွာတို့ဟာ အကြင်လင်မယားဖြစ်လာကြတာဖြစ်ပါတယ်။ ဘဝက ခက်ခဲပေမယ့် Mr. Thanh နဲ့ Mrs. Thuy တို့က လက်တွဲဖို့ ရွေးချယ်တုန်းပါပဲ။ သူတို့က ချစ်ခြင်းမေတ္တာဖြင့် ပေါင်းသင်းလာခဲ့ကြပြီး ပိုင်ဆိုင်မှုနဲ့ ဥစ္စာပစ္စည်းများ မရှိခဲ့ကြပါဘူး။ ဒီအကြင်လင်မယားဟာဆိုရင် ဆင်းရဲသားဖြစ်ပြီး ဆွေမျိုးမရှိ၊ မိသားစုမရှိ၊ စားဝတ်နေရေး ရုန်းကန်နေရကာ နေ့စဉ်အသက်ရှင်ဖို့ ကဏန်းနဲ့ခရုများကို ကောက်ယူကြရပါတယ်။

သူတို့နှစ်ဦးမာ လက်ထပ်ခွင့်တောင်းခြင်း၊ မင်္ဂလာဓာတ်ပုံရိုက်ခြင်းနဲ့ မင်္ဂလာပွဲမကျင်းပရပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ထားတဲ့ ခံစားချက်လေးက ခိုင်မြဲဆဲဖြစ်ပါတယ်။ 1969 ခုနှစ်ကတည်းက တရားဝင် လက်တွဲခဲ့တာဖြစ်ပြီး အခုဆို ၅၃ နှစ်ကြာ လက်တွဲလာခဲ့တာဖြစ်ပါတယ်။ အဘိုးအဘွားမှာ သားသမီးမရှိပေမဲ့ သူတို့က ခွဲမရတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများလိုပဲ အချင်းချင်းချစ်ကြပါတယ်။

ဒီအဘိုးအဘွားရဲ့ ချစ်ခြင်းမေတ္တာခိုင်မြဲမှုကို သဘောကျကာ ဓာတ်ပုံဆရာတစ်ဦးက Mr. Thanh နဲ့ Mrs. Thuy တို့အတွက် အမှတ်တရ ဓာတ်ပုံရိုက်ရန် လာတောင်းဆိုခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ဦး တွဲခဲ့ကြတဲ့ အချိန်ကြောင့်သာမက အဘိုးအဘွားနှစ်ဦး အပြန်အလှန်ပေးခဲ့သော ချစ်ခြင်းမေတ္တာကြောင့်လည်း ၎င်းကို “ရာစုနှစ်ရဲ့ မင်္ဂလာဓာတ်ပုံအစုံ” လို့ခေါ်ဆိုခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

ဘဝႀကီးက အဆင္ေျပလွတာမဟုတ္ေပမဲ့ ခ်စ္ျခင္းေမတၱာျဖင့္ လက္တြဲၾကတဲ့ သက္ႀကီးစုံတြဲႏွစ္ဦး သေဘာက်လို႔ မဂၤလာေဆာင္ဓာတ္ပုံ ႐ိုက္ေပးခဲ့တဲ့ ဓာတ္ပုံဆရာ

ေတြ႕ဆုံျခင္းရဲ႕ကံၾကမၼာေၾကာင့္ လူမ်ားစြာတို႔ဟာ အၾကင္လင္မယားျဖစ္လာၾကတာျဖစ္ပါတယ္။ ဘဝက ခက္ခဲေပမယ့္ Mr. Thanh နဲ႔ Mrs. Thuy တို႔က လက္တြဲဖို႔ ေ႐ြးခ်ယ္တုန္းပါပဲ။ သူတို႔က ခ်စ္ျခင္းေမတၱာျဖင့္ ေပါင္းသင္းလာခဲ့ၾကၿပီး ပိုင္ဆိုင္မႈနဲ႔ ဥစၥာပစၥည္းမ်ား မရွိခဲ့ၾကပါဘူး။ ဒီအၾကင္လင္မယားဟာဆိုရင္ ဆင္းရဲသားျဖစ္ၿပီး ေဆြမ်ိဳးမရွိ၊ မိသားစုမရွိ၊ စားဝတ္ေနေရး ႐ုန္းကန္ေနရကာ ေန႔စဥ္အသက္ရွင္ဖို႔ ကဏန္းနဲ႔ခ႐ုမ်ားကို ေကာက္ယူၾကရပါတယ္။

သူတို႔ႏွစ္ဦးမာ လက္ထပ္ခြင့္ေတာင္းျခင္း၊ မဂၤလာဓာတ္ပုံ႐ိုက္ျခင္းနဲ႔ မဂၤလာပြဲမက်င္းပရေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ထားတဲ့ ခံစားခ်က္ေလးက ခိုင္ၿမဲဆဲျဖစ္ပါတယ္။ 1969 ခုႏွစ္ကတည္းက တရားဝင္ လက္တြဲခဲ့တာျဖစ္ၿပီး အခုဆို ၅၃ ႏွစ္ၾကာ လက္တြဲလာခဲ့တာျဖစ္ပါတယ္။ အဘိုးအဘြားမွာ သားသမီးမရွိေပမဲ့ သူတို႔က ခြဲမရတဲ့ခႏၶာကိုယ္အစိတ္အပိုင္းမ်ားလိုပဲ အခ်င္းခ်င္းခ်စ္ၾကပါတယ္။

ဒီအဘိုးအဘြားရဲ႕ ခ်စ္ျခင္းေမတၱာခိုင္ၿမဲမႈကို သေဘာက်ကာ ဓာတ္ပုံဆရာတစ္ဦးက Mr. Thanh နဲ႔ Mrs. Thuy တို႔အတြက္ အမွတ္တရ ဓာတ္ပုံ႐ိုက္ရန္ လာေတာင္းဆိုခဲ့ပါတယ္။ ဇနီးေမာင္ႏွံႏွစ္ဦး တြဲခဲ့ၾကတဲ့ အခ်ိန္ေၾကာင့္သာမက အဘိုးအဘြားႏွစ္ဦး အျပန္အလွန္ေပးခဲ့ေသာ ခ်စ္ျခင္းေမတၱာေၾကာင့္လည္း ၎ကို “ရာစုႏွစ္ရဲ႕ မဂၤလာဓာတ္ပုံအစုံ” လို႔ေခၚဆိုခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories