အအေးမိလို့ ဆေးရုံတက်ရပြီး ကုတင်ပေါ်လဲနေတဲ့ဖခင်ကို အပြင်းဖျားနေတယ်ထင်လို့ အဖေ့ကို စိုးရိမ်စိတ်နဲ့ မျက်ရည်တွေကျကာ ငိုနေခဲ့တဲ့ သမီးလေး

သမီးလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရင့်ကျက်နေပါစေ ဖေဖေကို အမြဲတမ်း ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ပေးချင်တဲ့ မင်းသမီးလေးပါပဲ။ မိသားစုတွေမှာ သမီးလေးတွေက မိခင်ထက် ဖခင်နဲ့သာ ပိုရင်းနှီးကြတာကို တွေ့ရသည်မှာ အဆန်းမဟုတ်ပါဘူး။ လတ်တလောမှာတော့ မိန်းကလေးရဲ့ ဖခင်ဟာ အအေးမိခြင်းကြောင့် ရေသွင်းရန် ဆေးရုံတက်ခဲ့ရကြောင်း သိရှိရပါတယ်။

ထို့နောက် သမီးဖြစ်သူကို မိခင်က အဖေ့ကို သွားလည်ရန် ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ဆေးရုံကုတင်ပေါ် လဲနေတဲ့ ဖခင်ဖြစ်သူကို မြင်လိုက်ရတဲ့အခါမှာ မိန်းကလေးက မျက်ရည်များဝဲလာခဲ့ပါတယ်။ သူမက ဖခင်ဖြစ်သူဟာ အပြင်းဖျားနေပြီလို့ ထင်ပြီး မျက်နှာဖြူဖျော့သွားကာ ကြောက်ရွံ့ပြီး ငိုကြွေးခဲ့ပါတယ်။ ကလေးမလေးက ကျယ်လောင်စွာ အော်ဟစ်ရင်း မျက်ဝန်းထဲ မျက်ရည်များ စီးကျလာပါတယ်။

အထူးသဖြင့် သူ့အဖေရဲ့လက်ထဲက အပ်ကိုတွေ့တော့ မိန်းကလေးက ပိုလို့တောင် ငိုခဲ့ပါတယ်။ အနီးနားရှိလူတိုင်းက သူမကို နှစ်သိမ့်ပေးခဲ့ပေမဲ့ သူမက ပိုကျယ်လောင်စွာ ငိုကြွေးနေဆဲဖြစ်ပါတယ်။ သူ့သမီး နားလည်မှုလွဲနေတာကို သိလိုက်ရတော့ ဖခင်က “သမီးလေး၊ မင်းထင်ထားသလို မဟုတ်ပါဘူး၊ သာမန်အအေးမိနေတာပဲ” လို့ ပြောလိုက်မှဘဲ မိန်းကလေးက အငိုသိမ့်ခဲ့ပါတယ်။

၎င်းအဖြစ်ကို လူမှုကွန်ရက်မှာ မျှဝေပြီးတဲ့နောက် ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့အတွက် ဖခင်ကို လူတိုင်းက အားကျကြပါတယ်။ ဒီသမီးလေးဟာ ယဉ်ကျေးရုံသာမက ဖခင်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးတတ်သူပါ။

JRose(Tgidailynews)

Zawgyi

အေအးမိလို႔ ေဆး႐ုံတက္ရၿပီး ကုတင္ေပၚလဲေနတဲ့ဖခင္ကို အျပင္းဖ်ားေနတယ္ထင္လို႔ အေဖ့ကို စိုးရိမ္စိတ္နဲ႔ မ်က္ရည္ေတြက်ကာ ငိုေနခဲ့တဲ့ သမီးေလး

သမီးေလးတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ရင့္က်က္ေနပါေစ ေဖေဖကို အၿမဲတမ္း ခ်စ္ျမတ္ႏိုးၿပီး ကာကြယ္ေစာင့္ေရွာက္ေပးခ်င္တဲ့ မင္းသမီးေလးပါပဲ။ မိသားစုေတြမွာ သမီးေလးေတြက မိခင္ထက္ ဖခင္နဲ႔သာ ပိုရင္းႏွီးၾကတာကို ေတြ႕ရသည္မွာ အဆန္းမဟုတ္ပါဘူး။ လတ္တေလာမွာေတာ့ မိန္းကေလးရဲ႕ ဖခင္ဟာ အေအးမိျခင္းေၾကာင့္ ေရသြင္းရန္ ေဆး႐ုံတက္ခဲ့ရေၾကာင္း သိရွိရပါတယ္။

ထို႔ေနာက္ သမီးျဖစ္သူကို မိခင္က အေဖ့ကို သြားလည္ရန္ ေဆး႐ုံကို ေခၚသြားခဲ့ပါတယ္။ ေဆး႐ုံကုတင္ေပၚ လဲေနတဲ့ ဖခင္ျဖစ္သူကို ျမင္လိုက္ရတဲ့အခါမွာ မိန္းကေလးက မ်က္ရည္မ်ားဝဲလာခဲ့ပါတယ္။ သူမက ဖခင္ျဖစ္သူဟာ အျပင္းဖ်ားေနၿပီလို႔ ထင္ၿပီး မ်က္ႏွာျဖဴေဖ်ာ့သြားကာ ေၾကာက္႐ြံ႕ၿပီး ငိုေႂကြးခဲ့ပါတယ္။ ကေလးမေလးက က်ယ္ေလာင္စြာ ေအာ္ဟစ္ရင္း မ်က္ဝန္းထဲ မ်က္ရည္မ်ား စီးက်လာပါတယ္။

အထူးသျဖင့္ သူ႔အေဖရဲ႕လက္ထဲက အပ္ကိုေတြ႕ေတာ့ မိန္းကေလးက ပိုလို႔ေတာင္ ငိုခဲ့ပါတယ္။ အနီးနားရွိလူတိုင္းက သူမကို ႏွစ္သိမ့္ေပးခဲ့ေပမဲ့ သူမက ပိုက်ယ္ေလာင္စြာ ငိုေႂကြးေနဆဲျဖစ္ပါတယ္။ သူ႔သမီး နားလည္မႈလြဲေနတာကို သိလိုက္ရေတာ့ ဖခင္က “သမီးေလး၊ မင္းထင္ထားသလို မဟုတ္ပါဘူး၊ သာမန္အေအးမိေနတာပဲ” လို႔ ေျပာလိုက္မွဘဲ မိန္းကေလးက အငိုသိမ့္ခဲ့ပါတယ္။

၎အျဖစ္ကို လူမႈကြန္ရက္မွာ မွ်ေဝၿပီးတဲ့ေနာက္ ခ်စ္စရာေကာင္းတဲ့ သမီးေလးကို ပိုင္ဆိုင္ထားတဲ့အတြက္ ဖခင္ကို လူတိုင္းက အားက်ၾကပါတယ္။ ဒီသမီးေလးဟာ ယဥ္ေက်း႐ုံသာမက ဖခင္ရဲ႕ က်န္းမာေရးကိုလည္း ဂ႐ုစိုက္ေပးတတ္သူပါ။

JRose(Tgidailynews)

  • Leave a Comment

Categories