ဘဝပေးအခြေအနေက ဆိုးရွားလွန်းတာကြောင့် ထင်းရှာရင်း အဖွားကိုပါ ကျွေးမွေးပြီး ကျောင်းတက်ခဲ့ရတဲ့ မိန်းကလေး

ငယ်ငယ်ကတည်းက မိဘတွေရဲ့ မေတ္တာမပါဘဲ ၉ တန်းကျောင်းသူလေးဟာ ဖျားနာနေတဲ့ အဖွားကို ပြုစုစောင့်ရှောက်ပြီး ကျောင်းမှာ စာသင်ရင်း တောထဲမှာ ထင်းခွေဖို့ ကြိုးစားခဲ့ရပါတယ်။ ဗီယက်နမ်နိုင်ငံ Kon Tum ပြည်နယ်မှာ နေထိုင်တဲ့ Y Xuyen အမည်ရှိ မိန်းကလေးငယ်တစ်ဦးဟာ သူမရဲ့ ကံကြမ္မာကြီးကို ကျော်ဖြတ်ရန် စိတ်အားထက်သန်မှု အပြည့် မွေးထားရပါသူပါ။ Y Xuyen ဟာ သူမရဲ့ မိဘများကို စောစောစီးစီး ဆုံးရှုံးခဲ့ရပြီး အစ်ကိုဖြစ်သူ အိမ်နဲ့ဝေးရာသို့ ထွက်သွားခဲ့ပြီး ယခု သူမက အဖွားနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

သူတို့နေထိုင်တဲ့အိမ်ဟာ ဟောင်းနွမ်းယိုယွင်းပျက်စီးနေပြီး တံခါးကျိုးနေပေမဲ့ အဆင်မပြေတာကြောင့် ပြန်လည်ပြုပြင်ဖို့ မလုပ်ရသေးပါဘူး။ Y Xuyen ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ထင်းများကို စတင်ရှာဖွေပြီး သူ့ကိုယ်ထက် ပိုလေးတဲ့ ထင်းထုပ်ကြီးကို အမြဲသယ်ဆောင်လေ့ရှိပါတယ်။ တောကနေ အိမ်ပြန်လမ်းလျှောက်ရင် ၁ နာရီ ၂ နာရီလောက်ကြာပါတယ်။

Y Xuyen က အဖွားဖြစ်သူကို ပြုစုစောင့်ရှောက်ရင်းထင်းရှာဖို့ တောကို အမြဲသွားပေမယ့် သူမရဲ့ ပညာရပ်ဆိုင်ရာ အောင်မြင်မှုက အရမ်းလေးစားစရာကောင်းနေပါတယ်။ ယမန်နှစ်က ပထဝီဝင်ဘာသာရပ်မှာ ထူးချွန်တဲ့ ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုရန် ရွေးချယ်ခံရခြင်းကိုလည်း ဂုဏ်ပြုခံခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ကြိုးစားနေဆဲဖြစ်တဲ့ Yi Xuyen ဟာ တစ်ခါတစ်ရံမှာ အားငယ်နေတက်ပါတယ်။

မိသားစုအခြေအနေကြောင့်ပင် သူမရဲ့အနာဂတ်အလုပ်အတွက် သူမရဲ့အိပ်မက်မမက်ရဲဘူးလို့ Y Xuyen ဆိုပါတယ်။ ဘဝဟာ အခက်အခဲတွေနဲ့ ပြည့်နှက်နေပေမယ့် Y Xuyen ဟာ သူမရဲ့ အနာဂတ်မှာ ပျော်ရွှင်စရာတွေနဲ့ဘဲ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

JRose(Tgidailynews)

Zawgyi

ဘဝေပးအေျခအေနက ဆိုး႐ြားလြန္းတာေၾကာင့္ ထင္းရွာရင္း အဖြားကိုပါ ေကြၽးေမြးၿပီး ေက်ာင္းတက္ခဲ့ရတဲ့ မိန္းကေလး

ငယ္ငယ္ကတည္းက မိဘေတြရဲ႕ ေမတၱာမပါဘဲ ၉ တန္းေက်ာင္းသူေလးဟာ ဖ်ားနာေနတဲ့ အဖြားကို ျပဳစုေစာင့္ေရွာက္ၿပီး ေက်ာင္းမွာ စာသင္ရင္း ေတာထဲမွာ ထင္းေခြဖို႔ ႀကိဳးစားခဲ့ရပါတယ္။ ဗီယက္နမ္ႏိုင္ငံ Kon Tum ျပည္နယ္မွာ ေနထိုင္တဲ့ Y Xuyen အမည္ရွိ မိန္းကေလးငယ္တစ္ဦးဟာ သူမရဲ႕ ကံၾကမၼာႀကီးကို ေက်ာ္ျဖတ္ရန္ စိတ္အားထက္သန္မႈ အျပည့္ ေမြးထားရပါသူပါ။ Y Xuyen ဟာ သူမရဲ႕ မိဘမ်ားကို ေစာေစာစီးစီး ဆုံးရႈံးခဲ့ရၿပီး အစ္ကိုျဖစ္သူ အိမ္နဲ႔ေဝးရာသို႔ ထြက္သြားခဲ့ၿပီး ယခု သူမက အဖြားနဲ႔အတူ ေနထိုင္လ်က္ရွိပါတယ္။

သူတို႔ေနထိုင္တဲ့အိမ္ဟာ ေဟာင္းႏြမ္းယိုယြင္းပ်က္စီးေနၿပီး တံခါးက်ိဳးေနေပမဲ့ အဆင္မေျပတာေၾကာင့္ ျပန္လည္ျပဳျပင္ဖို႔ မလုပ္ရေသးပါဘူး။ Y Xuyen ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ခန႔္က ထင္းမ်ားကို စတင္ရွာေဖြၿပီး သူ႔ကိုယ္ထက္ ပိုေလးတဲ့ ထင္းထုပ္ႀကီးကို အၿမဲသယ္ေဆာင္ေလ့ရွိပါတယ္။ ေတာကေန အိမ္ျပန္လမ္းေလွ်ာက္ရင္ ၁ နာရီ ၂ နာရီေလာက္ၾကာပါတယ္။

Y Xuyen က အဖြားျဖစ္သူကို ျပဳစုေစာင့္ေရွာက္ရင္းထင္းရွာဖို႔ ေတာကို အၿမဲသြားေပမယ့္ သူမရဲ႕ ပညာရပ္ဆိုင္ရာ ေအာင္ျမင္မႈက အရမ္းေလးစားစရာေကာင္းေနပါတယ္။ ယမန္ႏွစ္က ပထဝီဝင္ဘာသာရပ္မွာ ထူးခြၽန္တဲ့ ေက်ာင္းသားမ်ားအတြက္ စာေမးပြဲေျဖဆိုရန္ ေ႐ြးခ်ယ္ခံရျခင္းကိုလည္း ဂုဏ္ျပဳခံခဲ့ရပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ပဲ ျပင္းျပင္းထန္ထန္ ႀကိဳးစားေနဆဲျဖစ္တဲ့ Yi Xuyen ဟာ တစ္ခါတစ္ရံမွာ အားငယ္ေနတက္ပါတယ္။

မိသားစုအေျခအေနေၾကာင့္ပင္ သူမရဲ႕အနာဂတ္အလုပ္အတြက္ သူမရဲ႕အိပ္မက္မမက္ရဲဘူးလို႔ Y Xuyen ဆိုပါတယ္။ ဘဝဟာ အခက္အခဲေတြနဲ႔ ျပည့္ႏွက္ေနေပမယ့္ Y Xuyen ဟာ သူမရဲ႕ အနာဂတ္မွာ ေပ်ာ္႐ႊင္စရာေတြနဲ႔ဘဲ ျဖတ္သန္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories