ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပခဲ့ရာ ကမောက်ကမာ ဖြစ်ကုန်တာကြောင့် မီးလောင်ခဲ့ပြီး ဧည့်သည်တွေနဲ့ မီးငြှိမ်းသတ်ခဲ့ရတဲ့ ကြင်စဦးဇနီးမောင်နှံတို့ရဲ့အဖြစ်(ရုပ်သံ)

မင်္ဂလာပွဲဆိုတာ ဘဝရဲ့ အရေးကြီးဆုံး အချိန်တွေထဲက တစ်ခုပါ။ ကြင်စဦးဇနီးမောင်နှံတွေအားလုံးက သူတို့ရဲ့မင်္ဂလာပွဲကို လှလှပပနဲ့ ချောမွေ့စေချင်ကြပါတယ်။ ဒါပေမယ့် ဒီဗီယက်နမ်နိုင်ငံက စုံတွဲတစ်တွဲရဲ့ မင်္ဂလာပွဲဟာဧည်သည်အား ထိတ်လန့်ခဲ့ရပါတယ်။အစမှာ ကြင်စဦးဇနီးမောင်နှံစုံတွဲက ကြည်နူးဖွယ် မျက်နှာများဖြင့် ပွဲသို့ ဝင်ရောက်ကြပါတယ်။

အတွင်းပိုင်းကို တန်ဆာဆင်ထားတဲ့ အပင်များစွာနဲ့ မြက်ပင်များဖြင့် လှပစွာ အလှဆင်ထားပုံဟာ နတ်သမီးပုံပြင်ထဲက နန်းတော်အတိုင်ပင် လှနေပါတယ်။ ဒါပေမဲ့ ခဏလေးမှာဘဲ စင်မြင့်က ရုတ်တရက် မီးလောင်သွားပါတယ်။ အဖြစ်အပျက်မှာ အားလုံးက တုန်လှုပ်သွားကြပြီး အရှိန်အဟုန်ပြင်းစွာတောက်နေတဲ့မီးကို ငြှိမ်းသတ်ခဲ့ကြပေမဲ့ အချိန်အတော်ကြာမှ မီးပျက်သွားပြီး မင်္ဂလာဆောင်ပွဲကို ဆက်လက်ကျင်းပခဲ့ရပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စင်မြင့်နှစ်ဖက်မှ မီးရှူးမီးပန်းများ အနီးနားရှိ ပန်းများကို ထိမှန်ကြောင်း သိရပါတယ်။ ထို့နောက် မီးဟာ ပန်းကနေ လျင်မြန်စွာ ပျံ့နှံ့သွားတာဖြစ်ပါတယ်။ ကံကောင်းထောက်မစွာ၊ လူနဲ့ပစ္စည်း ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပါဘူး။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories