တူလေးကို ယုံကြည်ပြီး ဆေးဆိုးခိုင်းခဲ့ရာ ဆံပင်က ခရမ်းပြာရောင်ဖြစ်သွားလို့ တူလေးရဲ့လုပ်ရပ်ကြောင့် တင်းနေတဲ့အဖိုး

ယခုခေတ်မှာ ဆံပင်ညှပ်ဆိုင်ကို မသွားကြတော့ဘဲ အိမ်မှာ ဆံပင်ဆိုးဆေးဝယ်ပြီး ကိုယ်တိုင်ဆိုးရန် ရွေးချယ်ကြပါတယ်။ ဒါပေမဲ့ မကြာသေးမီးက Weibo မှာ တူဖြစ်သူရဲ့ ပို့စ်အရ သူ့အဖိုးက ဆံပင်ဖြူတွေ အများကြီးရှိတာကြောင့် အိမ်မှာ ဆံပင်ဆိုးရန် ဆိုးဆေးဝယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုအချိန်မှာ စတိုးဆိုင်က အနက်ရောင်ဆိုးဆေးများ ပြတ်သွားသဖြင့် တူဖြစ်သူမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။

အခုခေတ် လူငယ်အသုံးများနေတဲ့ နက်ပြာရောင်ဆိုးဆေးဟာ သုံးဖူးသူတွေက ၎င်းကို ဆိုးလိုက်ရင် အနက်ရောင်ပေါ်တယ်လို့ ဆိုသောကြောင့် တူဖြစ်သူက မဆိုင်းမတွဘဲ အပြာရောင် အနက်ရောင်ဆိုးဆေးကို အမြန်ဝယ်လိုက်ပါတယ်။ တူဖြစ်သူက အဖိုးက ဒါကအနက်ရောင်ဆေးဆိုးလို့ သောကြောင့်အဘိုးမှာ စိုးရိမ်စရာခြင်းမရှိဘဲမရှိ ယုံကြည်စွာ ဆိုးခဲ့ပါတယ်။

ဒါပေမယ့် ဆေးဆိုးပြီးတဲ့နောက် ထွက်လာတဲ့အရောင်က အပြာရောင် ခရမ်းရောင်ဖြစ်တာကြောင့် အဖိုးရဲ့ရပ်ဟာ ငယ်ရွယ်ပြီး ခေတ်ဆန်သွားပါတယ်။ အဖိုးက သူ့ဆံပင်အသစ်ကို မှန်ထဲမှာ မြင်ပြီးနောက်၊ သူ့ရဲ့ အံ့ဩတဲ့အမူအရာနဲ့ ဘာမှမပြောနိုင်တော့ဘဲ တူဖြစ်သူကို အလွန်တင်းနေပုံရပါတယ်။ လူတိုင်းက အဖိုးကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်ဖြစ်နေကြပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories