အိမ်နဲ့ဝေးရာမှာ အိမ်ထောင်ကျပြီဖြစ်လို့ ဆုံးသွားတဲ့ မိခင်ရဲ့ အုတ်ဂူဆီကို မကြာခဏမလာနိုင်တော့တဲ့အကြောင်းကို ဝမ်းနည်းစွာသွားပြောခဲ့တဲ့ မိန်းကလေး

လူတစ်ဦးစီအတွက် အပျော်ရွှင်ဆုံးအရာမှာ မိခင်ရဲ့မေတ္တာနဲ့ နေထိုင်ရဖို့ပါဘဲ။ ဒါပေမဲ့ လူတိုင်းကအကြောင်းအမျိုးမျိုးကြောင့် မိခင်နဲ့ ထာဝရခွဲခွာနေရသူများ ရှိပါတယ်။ မကြာသေးမီက မိန်းကလေးတစ်ဦးဟာ အိမ်နဲ့ဝေးရာသို့ အိမ်ထောင်ကျခဲ့ပါတယ်။ ထို့ကြောင့် အမေ့ကို အရမ်းလွမ်းဆွတ်မိလို့ မိခင်ရဲ့အုတ်ဂူဆီသို့ သွားကြည့်ရန် ကီလိုမီတာ ၅၀ အကွာမှ ကားမောင်းလာခဲ့ပါတယ်။

မိန်းကလေးက သူမအရွယ်ရောက်တဲ့အချိန်မှာဘဲ မိခင်က ဆုံးသွားရှာပါတယ်။ သူမက သေဆုံးသူမိခင်အတွက် သန့်ရှင်းရန်၊ ပန်းများနဲ့ နံ့သာပေါင်းများဖြင့် လာရောက်ထားလေ့ရှိပါတယ်။ အခုက မိန်းကလေးဟာ အဝေးတစ်နေရာကို သွားရတော့မှာဖြစ်လို့ မိခင်အုတ်ဂူကို ဖက်ပြီး ငိုယိုကာ ပြောနေခဲ့ပါတယ်။ မိန်းကလေးရဲ့အဖြစ်ကို ကြည့်ပြီး တော်တော်များများကို မျက်ရည်ကျစေခဲ့ပါတယ်။ လူတွေက ကောင်မလေးဆီ နှစ်သိမ့်ပေးလိုက်ကြပြီး သူ့အမေမရှိရင်တောင် ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ သူမအမြဲကြိုးစားနေမယ်လို့ မျှော်လင့်ကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories