လူအများက သူတို့ရဲ့ မင်္ဂလာပွဲကို အများနဲ့မတူ တမူထူးခြားတဲ့ နည်းနဲ့ ကျင်းပချင်တာပါ။ မကြာသေးမီးက Khanh Thi အမည်ရှိ မိန်းကလေးရဲ့ pre wedding ဓာတ်ပုံဟာဆိုရင် ပရိသတ်များစွာရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ သူတို့စုံတွဲရဲ့ ထူးခြားတဲ့ မင်္ဂလာပွဲက လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ အထူးသဖြင့် သတို့သား Phan Hien က မော်တော်ဆိုင်ကယ်များနဲ့ သူမကို တင်ဆောင်ပြီး လှည့်ပတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ Khanh Thi ရဲ့ မင်္ဂလာပွဲလေးဟာ ပရိသတ်တွေရဲ့ အထူးအာရုံစိုက်မှုကို ရရှိနေပါတယ်။ ၁၃ နှစ်ကြာ ချစ်ကြတဲ့အပြင် ၎င်းတို့စုံတွဲရဲ့ မင်္ဂလာပွဲမှာလည်း ဧည့်သည်ပေါင်း ၁၀၀၀ ဖြင့် လူမှုကွန်ရက်ပေါ်မှာ လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပါတယ်။ တရားဝင်မင်္ဂလာပွဲမစခင် ပြင်သစ်မှာ ရိုက်ကူးထားတဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲနဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ခဏတာ အဖျားတက်စေခဲ့ပါတယ်။
JRose(Tgidailynews)
Zawgyi
၁၃ နှစ်ကြာတွဲပြီးနောက် ဧည့်သည်ပေါင်း ၁၀၀၀ ဖြင့် မင်္ဂလာဆောင်ပြီး လူမှုကွန်ရက်မှာ လှုပ်လှုပ်ရွရွဖြစ်စေတဲ့ စုံတွဲနှစ်ဦး
JRose(Tgidailynews)