အချစ်ဆုံးသူငယ်ချင်းက အိမ်ထောင်ကျသွားလို့ လူတွေအားလုံးပျော်နေချိန်မှာ ထိုင်ပြီး ဝမ်းနည်းနေတဲ့ ကောင်လေး

အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး တစ်ယောက်က ရုတ်တရက် မိန်းမရသွားတဲ့အခါဆိုရင် စိတ်ခံစားချက်တွေကြောင့် မျက်ရည်ကျမိပါတယ်။ မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ အချစ်ဆုံးသူငယ်ချင်းက မိန်းမယူသွားလို့ ငိုကြွေးနေတဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ မြင်ကွင်းကို မျှဝေထားပါတယ်။

သူငယ်ချင်းရဲ့ မင်္ဂလာဆောင်နေ့မှာ သူငယ်ချင်းတစ်စုက ကာရာအိုကေဘားမှာ ပျော်ပွဲဆင်နွှဲခဲ့ကြပါတယ်။ လူတိုင်းက အဆက်မပြတ်ပြောပြီး ရယ်မောပျော်ရွှင်နေကြချိန်မှာ ကောင်လေးတစ်ယောက်က ငြိမ်ငြိမ်လေးထိုင်နေပြီး မျက်လုံးတွေနီရဲနေပါတယ်။ သူ့ဘေးမှာ ထိုင်နေတဲ့ သူငယ်ချင်းကတောင် သူ့ကို နှစ်သိမ့်ပေးဖို့ သူ့ပခုံးကို ပုတ်နေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories